Saturday, June 27, 2009

ဆိုခဲစေ မြဲစေ၊ ချစ်တယ် : ဒီအချိန် ကျောင်းတော်ကြီး ရဲ့ အလယ်မှာ (၅)

တွေ့သမျှ အရာအားလုံးဟာ လှပပြီး ချစ်စရာကောင်းနေတယ်လို့ ထူးထူးခြားခြား ခံစားဖူးပါသလား။ တစ်ကိုယ်လုံး လေထဲလွင့်ပြီး မြောက်တက်နေသလိုမျိုး ခံစားဖူးပါသလား။ အချစ်နဲ့ အလာ့ဂျစ် ဖြစ်ခဲ့ဖူးသော သူတစ်ချို့က ရူးသွပ်ခြင်းလို့ သတ်မှတ်ကြပေလိမ့်မည်။ တစ်ချို့ကတော့ ဘာမှ မထူးခြားပါလို့ ယူဆကြလိမ့်မည်။ သင်ကြိုက်သလို သတ်မှတ်နိုင်ပါသည်။ သီဟသစ်ကတော့ အချစ်လို့ သတ်မှတ်ပါသည်။

နှင်းဆီဖြူလေးကို ဖွင့်ပြောပြီးနောက် နောက်ရက်တွေမှာတော့ အတိအကျ သတ်မှတ်ထားခြင်းမရှိသော Probabation Period ကာလ ကိုရောက်သွားလေပြီ။ ကျောင်းသားကျောင်းပြန် အဆောင်မှ ဖယ်ရီဂိတ်ကို ကြို ပို့ခွင့်ရလာပြီ။ ညနေအဆောင်မှာလည်း စကားပြောလို့ရပြီ။ သီဟသစ်က ဖွင့်ပြောတဲ့နေ့ အမှတ်တရ ဆိုပြီး ၅၀ ကျပ်စေ့ လေး ပေးလိုက်သည်။ (ကဗျာမဆန်ဘူး လာမပြောနဲ့။ ပြောတဲ့သူ ကဗျာမဆန်တဲ့သူပဲ :D )။ သူက ယူထားပြီး ခဏနေတော့ အနားလွှင့်ပစ်လို့ ပြန်ရှာပြီး ပေးရသေးသည်။ အဲဒီညနေ အဆောင်က အပြန် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တော့ “ဟေ့ကောင် သီဟသစ်၊ မင်း အဖြေ တောင်းပြီးပြီလား” လို့မေးတော့ သီဟသစ်လည်း အဲလိုကြီး တောင်းရမယ်လို့မှ မထင်တာ၊ ကိုယ်ဖွင့်ပြောပြီးရင် ကိုယ့်အပိုင်း ပြီးပြီ အောက်မေ့နေတာလေ။ နောက်နေ့တော့ တောင်းအုံးမှ ပေါ့လေ။

ဒီလိုနဲ့ နောက်နေ့ ကျောင်းရောက်တော့ ကွန်ပြူတာ စက်ခန်း က စာသင်ခန်း အပြန် နှစ်ယောက်တည်း ပြန်လာရင်း ကိုယ့်ကို အဖြေပေးအုံးလေ၊ သြဂုတ်လမှာ ကိုယ့်မွေးနေ့ရှိတယ်၊ အဲဒီနေ့ အမှတ်တရ ဖြစ်အောင် အဖြေပေးလေ ဆိုတော့ နှင်းဆီဖြူလေးက ဟင် အဲလောက်အကြာကြီး မစောင့်နိုင်ပါဘူးတဲ့။ သီဟသစ်လည်း ဘာမှ ဆက်မမေးဖြစ်ဘူး။ စာသင်ခန်းနား ရောက်သွားတာလည်း ပါတယ်။

အဲလိုနဲ့ တစ်နေ့မှာတော့..သီဟသစ်တို့ အဖွဲ့ရဲ့ အမေလို အစ်မလို ချစ်ရတဲ့ ဆရာမက ကျောင်းကားအပြန်မှာ လိုက်ပြီး သူ့တူအတွက် အဆောင်ရှာမယ်။ ငါ့သားလိုက်ပို့စမ်း လို့ပြောပါတယ်။ ဆရာမက ကျောင်းကားထွက်ခါနီးမှ ပြောတော့ နှင်းဆီဖြူလေးကို ဖယ်ရီဂိတ်က အဆောင်အပြန် လိုက်မပို့တော့ဘူး သွားပြောဖို့ အချိန်မရတော့ဘူး။ ဖယ်ရီဂိတ်ရောက်တော့လည်း ဆရာမက ကျောင်းဘက်ပြန်ရမှာမို့ မြန်မြန်ပဲ အဆောင်လိုက်ရှာကြပါတယ်။ ဆရာမရယ် သူ့တူရယ် သီဟသစ်တို့ သူငယ်ချင်း ၂ ယောက်ရယ် နည်းနည်းပတ်ရှာပြီးမှ အဆောင်ကလည်းတွေ့ပါတော့တယ်။

အားလုံးပြီးတော့ သူငယ်ချင်း အဆောင်သွား ရေမိုးချိုးပြီး နှင်းဆီဖြူတို့ အဆောင်သွားပြီး တွေ့တော့ သူက ထွက်မတွေ့ပါဘူး။ အဆောင်သာပိတ်သွားရော ဒီအတိုင်းပြန်ခဲ့ရတယ်။ မတွေ့ရတော့ဘူး။ နောက်နေ့မနက်ရောက်တော့ ကျောင်းသွားတဲ့ အချိန်သွားခေါ်တော့လည်း ခဏနေမှ ထွက်လာတယ်။ ရှင်းပြတော့လည်း မရဘူးဗျ။ ရည်းစားတောင် မဖြစ်သေးဘူး၊ သူ့ကို ဂရုမစိုက်တော့ဘူးတဲ့။ ဖဲဗေဒင် မေးတော့လည်း ကိုသီဟသစ်က အပျော်ကြိုက်တာ အတည်မဟုတ်ဘူးတဲ့။ (အဲ ဖဲဗေဒင်ကလည်း တစ်ခါတစ်လေ တော်တော်ရှုပ်သားဗျ။ :) ) နှင်းဆီဖြူတို့ အဆောင်မှာ သီဟသစ်တို့ အငယ်တန်းက ကောင်မလေးတွေ ရှိတော့ သူတို့ကလည်း ကွက်ကြည့် ကွက်ကြည့်ပေါ့လေ။

အဲလို မပြေမလည်ကြီးနဲ့ပဲ အငယ်တန်းတွေအတွက် ဆွဲပေးတဲ့ ကျောင်းကားနဲ့ ကျောင်းကိုသွားကြပါတယ်။ ကျောင်းရောက်တဲ့အခါ ကံကောင်းချင်တော့ တစ်တန်းလုံးနီးပါး ကျောင်းဘောလုံးပွဲကို သွားကြည့်နေလို့ လူနည်းနည်းပဲရှိတဲ့ အတွက် ထပ်ချော့လို့ ရပါတယ်။ ကံဆိုးချင်တော့ ဘယ်လိုချော့ချော့ အဆင်မပြေပါဘူး။ သီဟသစ်ကတော့ ဒီတစ်ခါလည်း Cupid က Stupid ဖြစ်ပြန်ပြီ ထင်တာပဲပေါ့။

ဘယ်လိုမှ ချော့လို့မရတဲ့ အဆုံး သီဟသစ်လည်း တစ်ယောက်တည်း ကျောင်းရဲ့ တစ်နေရာမှာရှိတဲ့ အခန်းလွတ်ကို သွားထိုင်နေဖြစ်တယ်။ ဘာဆက်လုပ်ရမှန်းလဲ မသိတော့ဘူးလေ။ မီးချောင်းအဟောင်းလေး ချထားတာတွေ့တယ်။ ထိုးတယ်ကွာဆိုပြီး ထိုးလိုက်တော့ ကွဲသွားပါတယ်။ ဖန်ချောင်းက။ လက်မရှပါဘူး။ ဘယ်ရမလဲ ထပ်ထိုးလိုက်တော့ လက်ရှသွားပါတယ်။ သူငယ်ချင်းတွေဆီသွားတော့ သူတို့က ပလာစတာပေးပါတယ်။ သီဟသစ် မကပ်သေးပါဘူး။ တစ်ရှူးလေးနဲ့ အုပ်ပြီး နှင်းဆီဖြူလေးတို့ ထမင်းစားဆင်းချိန် စောင့်တာပေါ့လေ။ သူငယ်ချင်းကိုလည်း ငါစီးကရက် သောက်ချင်တယ်ကွာ ဆိုတော့ သူက Vegas Lights တစ်ဘူးဝယ်ပေးပါတယ်။ သီဟသစ်က သောက်နေကျမဟုတ်တော့ လက်မှာ သွေးတွေပေနေတဲ့ တစ်ရှူးကြီးနဲ့ ၊ စီးကရက်သောက်နေတဲ့ ပုံကို အတန်းသားတွေ တအံ့တသြ ကြည့်သွားကြတယ်။ သီဟသစ်ကလည်း ရုပ်တည်ပဲ ဘယ်သူ့မှ နှုတ်မဆက်ဘူး။

နှင်းဆီဖြူတို့ အတန်းဆင်းလာတော့ ဒဏ်ရာလေးပြပြီး ကိုယ့်ကိုယ်ကို အပြစ်ပေးပြီးပြီ ကျေနပ်ပြီလား လို့မေးတယ်။ နှင်းဆီဖြူလေးက မျက်နှာမကောင်းဘူး။ တစ်ခုခုပြန်ပြောမယ် အလုပ် နှင်းဆီဖြူတို့ အဖွဲ့ရဲ့ ခေါင်းဆောင် အပျိုကြီးက လာလာထမင်းစားသွားမယ် ဆိုပြီး ဇွတ်ခေါ်သွားရော။ နှင်းဆီဖြူလေးက ညနေအဆောင်လာခဲ့ လို့ပြောပြီးလိုက်သွားပါလေရော။
ညနေရောက်တော့ အဆောင်ရှေ့မှာ ၂ ယောက်သား ငူငူကြီးထိုင်နေဖြစ်တယ်။ ဘာမှလည်းမပြောဖြစ်ဘူးဗျ။ ခဏနေတော့ နှင်းဆီဖြူလေးက ဘာပြောလည်းဆိုတော့ လက်က ဒဏ်ရာလေး မဖြစ်စလောက်ကို လဲသေလိုက်လို့ ပြောသင့်တာ၊ ဘာလို့မပြောတာလဲ မသိဘူးလား တဲ့။ သီဟသစ်လည်း မသိဘူးလေ ဘာဖြစ်လို့လဲ လို့ ပြန်မေးတော့ “သူ့ကို ချစ်လို့” တဲ့။ (အား… ခုပြောရင် ခုအသစ်ပြန်ဖြစ်တယ်။ ဘယ်လိုခံစားရတယ် ပြောမပြတတ်ဘူး။ တအားပျော်တယ်။ ပထမအပိုဒ်ထဲက ခံစားမှုမျိုးပဲ။) အဲဒီနေ့လေးကတော့ ဇူလိုင် ၆ ရက် ၂၀၀၀ ပေါ့ဗျာ။

ပြီးတော့ ၂ ယောက်သား အဆောင်နားက ထမင်းဆိုင်မှာ နှစ်ယောက်သား နေ့လည်စာ သွားစားကြတယ်။ ထမင်းစားပြီးတော့ နှင်းဆီဖြူလေးကို သရက်သီးခွံ့ကျွေးလို့ သီဟသစ်ကပြောလို့ သူကခွံ့ကျွေးနေတဲ့ အချိန် မနက်က ကွက်ကြည့်ကွက်ကြည့်လုပ်ခဲ့တဲ့ အငယ်တန်းက ကောင်မလေးတွေ့တော့ အံ့သြပြီး အဆောင်ရှေ့မှာ ထမင်းချိုင့်ကြီး လွတ်ကျသွားခဲ့တာတော့ အမှတ်တရပေါ့ဗျာ။ အဲဒီညနေက သီဟသစ်တို့ နှစ်ယောက်သား အမှတ်တရ ဖြစ်အောင် ဘုရားကြီးကို သွားပြီး ဖူးဖြစ်ပါတယ်။

P.S
၁) ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာက အပိုင်းဘယ်လောက်ထိရှိမယ် ဆိုတာ ကျွန်တော်လည်း မပြောတတ်ပါဘူး။ ကွန်ပျူတာ တက္ကသိုလ် ပထမနှစ်ကနေ မာစတာတန်းအထိ ရေးမှာဆိုတော့ အများကြီးပါ။ သူငယ်ချင်း ဇောက်ထိုးပို့ထားပေးတာလည်း မတင်ရသေးဘူး။ လာဖတ်တဲ့ ညီအစ်ကို မောင်နှမ တွေ ရိုးအီ သွားမှာစိုးလို့ ကြားထဲမှာ ခြားခြားတင်ပါ့မယ်။

၂) မငြီးမငွေ့ ဖတ်ပေးတဲ့ ညီအစ်ကို မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နှင်းဆီဖြူနဲ့က ကလေးလေးတစ်ယောက်ရပြီဆိုတော့ ဇာတ်သိမ်းသိနေပြီးသား ဖြစ်နေမှာပါ။ Play Back ပြန်ပြတယ်လို့ပဲ သဘောထားပေးပါ။ အချစ်အလွမ်းစွန့်စားခန်းတွေလည်း ရေးအုံးမှာပါ။

Bonus:
၁) ကြားများကြားသွားသလား

ခြောက်နှစ်သမီးကို လက်ဆွဲကာ အမျိုးသမီး တစ်ဦး လမ်းလျှောက်လာသည်။ ရှေ့မှာ အင်းခွေးကြီး တစ်ကောင် လာနေသည်ကို မြင်ကြရသည်။
"မေမေ ရှေ့က ခွေးကြီးဟာ အိမ်ဘေးက ဦးဂျော်နီနဲ့ တူလိုက်တာနော်"
"ဟဲ့သမီး၊ အဲလို မပြောကောင်းဘူး"
"ဘာလဲ သမီးပြောတာကို ခွေးကြီးက ကြားသွားတယ် ထင်လို့တယ်ဟင်"

၂) မှန်ကြည့်မယ်ဆိုရင်

အမဲသားသည်အား ၄င်း၏ မိတ်ဆွေက မေးသည်။
"ချိန်ခွင်ဘေးမှာ ဘာလို့ ကြည့်မှန်ကြီးကို ထောင်ထားရသလဲ"
"ဪ…ဒါလား၊ အိမ်ရှင်မတွေက မှန်တွေ့ရင် မနေနိုင်ကြဘူး မို့လား၊ အဲ မှန်ကိုကြည့်နေတဲ့ အချိန်မှာ ချိန်ခွင်ပေါ်က အလေးကို ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူးလေ"

၃)ရည်းစားစာ

ဂျက်သည် မိမိချစ်နေသော မေရီ့ထံသို့ ရည်းစားစာ ရေးလိုက်သည်။
အချစ်ရယ်၊ မင်းကို ကိုယ်သိပ်ချစ်တာပဲ၊ ကိုယ့်ကို လက်ထပ်ပါလားကွယ်။ အချစ်က သဘောတူမယ်ဆိုရင် စာပြန်စေလိုပါတယ်။ အကယ်၍ မကြိုက်နိုင်ဘူးဆိုရင်တော့ စာအိတ်ကိုတောင် မဖောက်ပါနဲ့။

38 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

တစ်ခုခုတော့ တစ်ခုခုပဲ
အဲ့အကြောင်းနားမလည်ပါးမလည်မို့ ဘာမှမပြောပဲပြန်သွားတယ်
တစ်ခုခုတော့ တစ်ခုခုပဲ

မငုံ said...

ကောင်းတယ်။ ဆက်ဖတ်မယ်။ မြန်မြန်ရေးပါ။

ZT said...

၅၀ ကျပ်စေ့က ဘာအဓိပ္ပာယ်လဲဟင်။ စဉ်းစားလို့ မရဘူး။ :)

Anonymous said...

အားးးးးးးးးးးးးးး
လူကို သတိရအောင် ငယ်မူပြန်ချင်အောင် လာလုပ်နေတယ် ...
ဖန်ချောင်းထိုးပြီး အဖြေရခဲ့တာပေါ့ လေ ... hahaha

ဖူးစာမှန်သွားတယ် မှတ်ပါ ...
မဟုတ်လို့ကတော့ သူ့ကိုချစ်တယ် နေရာမှာ ... သူ့ကို ညှစ်မယ်ဆိုပြီး ညှစ်ခံရမှာ မြင်ယောင်တယ် ... ( လည်ပင်း ) :D

ကြည်နူးတာ တကယ်ပဲ ...
လွန်ခဲ့တဲ့ ၆ နှစ်ကို ပြန်ရောက်သွားသလိုပဲ ...
နောက်တစ်ပိုင်း လုပ်ပါဗျို့
နေဒေးသစ်။

ကိုလူထွေး said...

သီ ကြွေး ရင့်ကျူးရင်း
လာတဲ့ သူမရဲ့ နှုတ်ခမ်းတစုံက
သစ် လွင်လှပလွန်းတယ်...

းဝ)

တလနွန် said...

ကိုးရီးယားကားလို အပိုင်းများစွာကို မျှော်ပြီးမျှော်ရင်း ..ကျောင်းတော်ထဲက ချစ်စံအိမ် ဆက်လက်အားပေးနေပါ
တယ် :)

ခင်မင်ခြင်းနှင့်
တလနွန်

နဒီမိုးညို said...

လာေ၇ာက်အားပေးပါတယ်..ရှင်

မင်းအိမ်ဖြူ said...

တကယ်ကြည်နူးရပါတယ်
ကျွန်တော့်မှာ ရုပ်ရှင်ကားတွေ ထုတ်လုပ်ဖို့ အစီအစဉ် ရှိတယ် ကိုသစ်တို့နှစ်ယောက်နဲ့ ရိုက်မယ်
ကျောင်းဇာတ်လမ်းလို့
အဟ
ဈေးကတော့ အလကား ကိုယ့်ထမင်းကိုယ်စားနော်....

နောက်တာပါ ဆက်ရေးပါ

ရေတမာ said...

အဲဂလိုမှန်း ဖန်ချောင်းတွေလိမ့်ထိုးပါတယ်းP

မေဇင် said...

ကျောင်းတော်ကြီး ရဲ့ အလယ်ကို အစ ကနေ 5 ထိ ဖတ်ပြီးတော့..ချီကျူးပါတယ်...အမှတ်လဲ ရတယ် ရေးလဲ ပြန်ရေးတတ်တယ် သူများစိတ်ဝင်စားအောင်.. 6၊ 7၊ 8၊ 9၊10၊ --------- အများကြီး မျှော်နေတယ်နော်..။

PTG said...

သူများတွေများ ကံကောင်းလိုက်တာ

နွေးနေခြည် said...

၅၀ ကျပ်စေ့ .... ဘာပါလိမ့်??
၅၀ ပြားစေ့ကို ပြောတာလား???
၅၀ပြားဆိုရင် ငါးမူး.. ငါးမူးဆိုရင်... ငူးမား လား???ဘာပါလိမ့်

အဲလို အကြောင်းမကြားပဲ ဂတိပျက်လို့ကတော့ အဲလိုစိတ်ကောက်မှာပေါ့... မနှင်းဆီဖြူ တညလောက် ထွကမတွေ့ပဲ ပြစ်ထားလိုက်တာ မှန်ပါတယ်... ဟဲဟဲ

မေလေး said...

နာ့အစ်ကို ကဗျာဆန်မှန်းခုမှသိတော့တယ်။ ဒါထက် ၅၀ ပြားစေ့ ဆိုတာဘာလဲ။ အဲတုန်းက ၅၀ ပြားသုံးလို့ရသေးလို့လား။ အင်း ကိုရွာသားပြောသလို တစ်ခုခုတော့ တစ်ခုခုဘဲ ။စိတ်ကောက်တာ ၁ ရက်ထဲလား။နောက်မှမမနှင်းဆီဖြူကိုပြောရမယ်။ ၃ ရက်လောက်ကောက်ပါလို့။အဟဲ

tg.nwai said...

ဖတ်လို့ကောင်းတယ် ကိုသီဟရေ...ငါးဆယ်ကျပ်စေ့ အမှတ်တရပေးတာကိုလည်း သဘောကျသွားတယ်..တို့ဆီမှာ တစ်ရာကျပ်စေ့ရော..ငါးဆယ်ကျပ်စေ့ရော သိမ်းထားတာ ရှိတယ်..ရှားပါးကိုး။

နှင်းဆီဖြူလေး စိတ်ကောက်ကတည်းက အဖြေရတော့မှာပဲလို့.. နေပါဦး..ကိုသီဟ မွေးနေ့အထိ အဲလောက်အကြာကြီးမစောင့်နိုင်ပါဘူး နှင်းဆီဖြူလေး ပြောတာကို ..ဘာဖြစ်လို့ အဖြေဆက်မတောင်းလိုက်တာပါလိမ့်လို့..ကြားထဲက အသည်းယားသွားတယ်..ဟဲဟဲ

ကိုသီဟ၊ နှင်းဆီဖြူလေးတို့ မိသာားစုလေး ချစ်ခြင်းမေတ္တာပြည့်ဝစွာနဲ့ ပျော်ရွှင် ချမ်းမြေ့ကြပါစေနော်..

Rita said...

အဲဒီတုန်းက ၅၀ ကျပ်စေ့၊ ၁၀၀ ကျပ်စေ့တွေ ရွှေဉာဏ်တော် စူးရောက်ပြီး (ဘယ်သူမှန်းတော့မသိဘူး) ထုတ်ခဲ့ဖူးကြောင်း ခုခေတ်ကလေးတွေ မသိကြတော့ဘူး။ ကိုသီဟ စတည်းက ရှင်းသင့်တယ်။

ပထမစာပိုဒ်လေးကတော့ touch ဖြစ်သွားပါတယ်။

မီးငယ် said...

ဆရာ....
ဇာတ်လမ်းတွေ မလျှိုနဲ့နော်... လျှိုထားတာတွေကျန်ရင် စီပုံးမှာ အော်မှာနော်... :D

နှင်းနဲ့မာယာ said...

ကိုသီဟသစ်ရေ
ဇာတ်လမ်းလေးက တစတစနဲ့
အရှိန်တက်လာပီနော်...
စောင့်နေမယ်နော် နောက်ရေးမယ့်ပို့စ်တွေကို...

ဘာတွေတုန်း said...

ကိုသဟသ ဆက်ရေးပါဦး.. ပျော်ဖို့ကောင်းတယ်နော် ဇာတ်လမ်းလေးက

mgnge said...

သူတို့ တွေရီးစားဖြစ်တော့.. ကျွန်တော်တို့ တွေ အထက်တန်း တောင် မပြီးသေးဘူး... ငယ်ငယ်ရွယ်ရွယ် နဲ့ ရီးစားထားစရာလား ဟွမ်း..မပြောလိုက်ချင်ဘူး...။

:PPPPPPPPPPPPPP

Anonymous said...

myo: 50 ကျပ်စေ့ကိုဘာလို့ပေးတာလဲ.. ကဗျာမဆန်လိုက်တာ.. :P

သစ်နက်ဆူး: ကိုသီဟရေ...ရောက်တယ်ဗျာ...အချစ်ကို ခံစားသွားတယ်...။ဖန်မီးချောင်းကြီးကိုတောင်
ထိုးခွဲလိုက်တာကိုး....မိုက်တယ်ကွာ...

သောကြာ: ကျနော် ထင်တာက ကိုသစ် နှင်းဆီဖြုလေးကို Bonus ၃ ကလို ရည်းစားစာ ပေးတယ် ထင်ပါတယ်ဗျာ :D

မယ့်ကိုး said...

ဖတ်လို့ ကောင်းလိုက်တာ။ သဘောတကျနဲ့  ရယ်လည်း ရယ်မိပါတယ်။
နောက်လည်း မြန်မြန်ဆက်ပါဦး ။ စောင့်ဖတ်နေပါမယ်။

မီးမီးချစ် said...

အချစ်ကို ဆိုတာ.. အနားမှာ သူရှိရင် သစ်ရွက်ခြောက်လေး ကြွေကျတာတောင် ရိုမန်းတစ် ဖြစ်တယ်..း)
အမ က မစောင့်နိုင်ပါဘူး ပြောတဲ့ဟာ ကိုသီဟသစ်က သိသင့်တာပေါ့... ခုတော့ မီးချောင်းကွဲသွားရပြီ..
း))

MrDBA said...

ဇတ်လမ်းတွေကို သေသေချာချာဖတ်နေတယ်ဗျာ။ ပျော်စရာလေး။

ကြည်ဖြူပိုင် said...

ဟားဟား....တော်လိုက်တဲ့ယောက္ခမကြီး.....အဖြေတောင်းချက်ကတော့ပိုင်ပါ့။ ဆက်ပါဦး။ချွေးမလေးကမျှော်နေမှာ။ ဒီနေ့အများကြီးဖတ်သွားတယ်။ အရင်ကအကြွေးတွေပါစုပုံရှင်းသွားတယ် :D

ရွှန်းမီ said...

လာငေးသွားပါတယ်.. :P

မြစ်ကျိုးအင်း said...

မငြီးငွေ့ပါဘူးဗျာ စောင့်ဖတ်နေပါ့မယ်...မအားလို့မရောက်ဖြစ်တဲ့ပို့စ်တွေလည်း စုပြီးဖတ်သွား
ပါတယ်...။ဒါနဲ့စကားမစပ် မင်္ဂလာဦးညက ဘယ်အပိုင်း လောက်ဖြစ်မလဲ..ဟဲဟဲ..သိတယ်နော် ကျော်ရေးလို့ မရဘူး သဘောပေါက်..။
၅၀ စေ့ကို တွေးကြည့်တော့ နေလဲအတူသေလဲ အတူ ဆိုတဲ့ အဓိပ္ပါယ်များလား တယောက်တမတ်ဆို နှစ်ယောက် ၅၀ ပေါ့...ကျွန်တော်လည်း ကောင်မလေးကို ပေးထားအုံးမှပဲ..။
အဖြေမှန်မမှန် တိုးတိုးလေးလာပြောအုံးနော်...။
မှားရင်တော့ ရမ်းပြောမိတာခွင့်လွှတ်နော်

မိုးခါး said...

ပျော်စရာကြီးပါး)))
ပဲကလည်းများပ
မဖြစ်စလောက်လေးကိုများ မှင်နဲ့
ပြောချင်ဘူး
မာယာ မာယာ ယောက်ျားမာယာ :D (ရန်စပါ၏)

Phyo Maw said...

၅၀ ကျပ်စေ့ အကြောင်းရှင်းပါ။

အော် အဖြစ်က
သူ့ကို မှ ချစ်မိနေပါပြီကွယ် =D

သက်ဝေ said...

၅၀ ကျပ်စေ့ အကြောင်းရှင်းပြပါ။
မရှင်းပြရင် မြစ်ကျိုးအင်းပြောတဲ့ တယောက်တမတ် ဇာတ်လမ်း လို့မှတ်လိုက်မယ်... ဟီးဟီး

Moe Cho Thinn said...

မီးချောင်းကွဲသလိုလိုနဲ့ လူကွယ်ရာ အခန်းချောင်မှာ အချဉ်ရည်သွားသုတ်သေးသကိုး။
ပိုင်ချက်ကတော့ကွာ..

Unknown said...

mydiary ထင်တာက 50 = 3း 1 ထင်တယ်
မှန်လား။
ဇာတ်လမ်းတွဲရိုက်တဲ့အခါ ဇာတ်ညွှန်ရေးပေးဖို့ တောင်းဆိုပါတယ်။
မင်းသားနေရာမထားပေးနိုင်တာတော့ ၀မ်းနည်းပါတယ်ရှင်။
:)

ရွှေပြည်သူ (ShwePyiThu) said...

ကိုသီဟသစ်ရေ ဖတ်လို့အရမ်းကို ကောင်းပါတယ်။ ပျော်စရာ အဆုံးသတ်နဲ့ ပြီးမယ်မှန်း သိတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ကြည့်နေရသလိုပါပဲ။ ကိုသီဟသစ်တို့ရဲ့ တကယ့်ဇာတ်လမ်းဆိုတာ သိနေတော့ ဖတ်ရတာ ပိုစိတ်ဝင်စားစရာ ကောင်းသွားတယ်။ ဒီလို အကြောင်းလေးတွေက မြေးတွေရရင်တောင် ပြန်ပြောလို့ ကြည်နူးစရာကောင်းမှာပါ။ သားလေးကြီးလာလို့ ဖတ်ရရင်လည်း သဘောကျမှား)

Lu Pyo Gyi said...

ဇာတ်လမ်းကတော့ ရုပ်ရှင်ရိုက်ရမလိုပဲနော် ယောက်ျား ပီပီပဲ အကြံအဖန်က များသားနော် အဟိ။ ဖတ်လိုက်မှ ကျောင်းကို သတိရလိုက်တာဗျာ။ အထူးအဖြင့် ကျောင်းတုန်းက တရုတ်မလေး အဲလေ ဟုတ်သေးပါဘူး ကိုယ်သတိရတာ ကိုယ်ပြောမိပြန်ပြီ။ :P

မိုးထက်အိမ် said...

ဒဟတ်တောကျောင်းလား... ???

kay said...

အကျယ်လာဖတ်ပြီး..နှင်းဆီဖြူကိုတင်မက..ဘလော့ခေတ်ကိုပါ လွမ်းသွားး)

said...

မင်းရဲ့စစ်မှန်တဲ့စာလုံးပေါင်းမှုအတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နာမည် Zara Matteo ပါ ဒါကတကယ့်ကိုမယုံနိုင်စရာပါပဲ။ ငါ့ဘဝမှာဒီလိုမျိုးတစ်ခါမှမကြုံဖူးဘူး။ ခင်ဗျားနဲ့မတွေ့ခင်ဆရာ၊ ကျွန်တော်ခင်ပွန်းကိုပြန်ပို့နိုင်ဖို့ဖြစ်နိုင်ခြေရှိရှိသမျှကြိုးစားခဲ့ပေမဲ့ကျွန်တော့်အတွက်ဘာမှအကျိုးမရှိဘူး၊ ကျွန်တော့်ခင်ပွန်းကကျွန်တော့်ကိုမုန်းတီးစိတ်ဖြစ်စေခဲ့တယ်။ ကျွန်တော့်ခင်ပွန်းဟောင်းနှင့်ပြန်လည်ဆုံစည်းရန်မျှော်လင့်ချက်မရှိဟုထင်ခဲ့သည်။ DR WHITE ကတခြားသူတွေကိုဘယ်လိုကူညီပေးတယ်ဆိုတာနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်ခြင်းကောင်းကောင်းဖတ်တဲ့အခါငါ +17168691327 ကနေသူ့ဆီမက်ဆေ့ခ်ျပို့ဖို့ဆုံးဖြတ်လိုက်တယ်။ ကြိုးစားရန်နှင့်ငါသူသည်ငါ့ကိုညွှန်ကြားသမျှကိုပြု။ ငါသူ့ကိုယုံကြည်စိတ်ချခြင်းနှင့်ငါ 48 နာရီအတွင်းသူသည်ငါ့ကိုအာမခံထားသကဲ့သို့ငါသည်သူ၏ညွှန်ကြားချက်ကိုလိုက်နာ, ပြီးတော့ငါ့အဟောင်းငါ့ကိုခေါ်ခဲ့သည်။ ဆာ, ငါတို့ယခုယခင်ကထက်ပျော်ရွှင်ကြသည်။ အရာအားလုံးပြီးပြည့်စုံသောကြောင့်ဒါသဘာဝက! သင့်ရဲ့စစ်မှန်ခြင်းနှင့်အငြင်းပွားစရာမရှိတဲ့စာလုံးပေါင်းများအတွက်ဆရာကျေးဇူးတင်ပါတယ်။ သူ့အီးမေးလ်ပြန်ပို့

wightmagicmaster@gmail.com

.com မင်းသူ့ကို Whatsapp လည်းလုပ်နိုင်တယ်။
+17168691327

said...

မင်းရဲ့စစ်မှန်တဲ့စာလုံးပေါင်းမှုအတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နာမည် Zara Matteo ပါ ဒါကတကယ့်ကိုမယုံနိုင်စရာပါပဲ။ ငါ့ဘဝမှာဒီလိုမျိုးတစ်ခါမှမကြုံဖူးဘူး။ ခင်ဗျားနဲ့မတွေ့ခင်ဆရာ၊ ကျွန်တော်ခင်ပွန်းကိုပြန်ပို့နိုင်ဖို့ဖြစ်နိုင်ခြေရှိရှိသမျှကြိုးစားခဲ့ပေမဲ့ကျွန်တော့်အတွက်ဘာမှအကျိုးမရှိဘူး၊ ကျွန်တော့်ခင်ပွန်းကကျွန်တော့်ကိုမုန်းတီးစိတ်ဖြစ်စေခဲ့တယ်။ ကျွန်တော့်ခင်ပွန်းဟောင်းနှင့်ပြန်လည်ဆုံစည်းရန်မျှော်လင့်ချက်မရှိဟုထင်ခဲ့သည်။ DR WHITE ကတခြားသူတွေကိုဘယ်လိုကူညီပေးတယ်ဆိုတာနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်ခြင်းကောင်းကောင်းဖတ်တဲ့အခါငါ +17168691327 ကနေသူ့ဆီမက်ဆေ့ခ်ျပို့ဖို့ဆုံးဖြတ်လိုက်တယ်။ ကြိုးစားရန်နှင့်ငါသူသည်ငါ့ကိုညွှန်ကြားသမျှကိုပြု။ ငါသူ့ကိုယုံကြည်စိတ်ချခြင်းနှင့်ငါ 48 နာရီအတွင်းသူသည်ငါ့ကိုအာမခံထားသကဲ့သို့ငါသည်သူ၏ညွှန်ကြားချက်ကိုလိုက်နာ, ပြီးတော့ငါ့အဟောင်းငါ့ကိုခေါ်ခဲ့သည်။ ဆာ, ငါတို့ယခုယခင်ကထက်ပျော်ရွှင်ကြသည်။ အရာအားလုံးပြီးပြည့်စုံသောကြောင့်ဒါသဘာဝက! သင့်ရဲ့စစ်မှန်ခြင်းနှင့်အငြင်းပွားစရာမရှိတဲ့စာလုံးပေါင်းများအတွက်ဆရာကျေးဇူးတင်ပါတယ်။ သူ့အီးမေးလ်ပြန်ပို့

wightmagicmaster@gmail.com

.com မင်းသူ့ကို Whatsapp လည်းလုပ်နိုင်တယ်။
+17168691327