Tuesday, November 24, 2009

ချစ်သူသိလား ရှေးရေစက်တွေ ဘယ်သူဖျက်ဖျက် မပျက်နိုင်ပေ - ဇာတ်သိမ်း

ရဲထွဋ် နှင့် ပြာပြာ တို့ အခြေအနေ အီလည်လည်ကြီး ဖြစ်နေသည်ကို သူငယ်ချင်းများ စိတ်မရှည်တော့။ သူတို့ အချင်းချင်း အရွဲ့တိုက်ကုန်ကြရင် ပိုဆိုးကုန်တော့မည် ကို သိကြသည်။ သီဟသစ် ဦးဆောင်၍ စင်္ကာပူ သူငယ်ချင်းတစ်ခု Red Blue Operation ကြီးကို စတင်မည် ဟုစဉ်းစားကြလေသည်။ သီဟသစ်၏ သူငယ်ချင်း ဟင်းချက်ကောင်းသော မိုးကောင်းသူတို့ အိမ်မှာ စု၍ မုန့်လုပ်စားမည် စီစဉ်ကြသည်။ ရဲထွဋ်နှင့် ပြာပြာတို့ကတော့ တစ်ယောက်စီ သီးသန့်လာကြပြီး ပုံမှန်ပဲ နေနေကြသည်။ စားပြီးသောက်ပြီး အေးအေးဆေးဆေး မြန်မာပြည်က ၀ယ်လာသော Korea ကား ဇာတ်လမ်းတွဲ DVD ကြည့်မိသော အခါ ပြဿနာ စလေသည်။ ကိုရီးယားကား ထုံးစံ သရုပ်ဆောင်ကောင်းသော ဗီလိန် အမျိုးသမီးကို ကြည့်ရင်း ရဲထွဋ်က ဘာမဆိုင် ညာမဆိုင် ထပြော၏။
“ကောင်မလေးတွေက မာယာများတယ်နော်”

ပြာပြာတစ်ယောက် သူ့ကို စောင်းပြောသည် ထင်ပြီး တင်းသွားသည်။
“မာယာများတယ်၊ ရိုးသားတယ်၊ မကောင်းဘူး၊ ကောင်းတယ် ဆိုတာက ကျား၊မ၊ လူမျိုး၊ ဘာသာတရားတွေ အပေါ်မှာ မမူတည်ပါဘူး ရဲထွဋ်ရဲ့၊ လူတစ်ယောက်ချင်းစီနဲ့ ဆိုင်တာပါ”

ရဲထွဋ်တစ်ယောက် ပခုံးတွန့်ပြရင်း
“ဟုတ်လို့လား၊ ငါတော့ တစ်ခါခံခဲ့ရဖူး ကတည်းကတိုင် အဲလိုထင်တာပဲ”

ပြာပြာစိတ်အတော်ဆိုးသွားသည်။ မျက်ရည်ပိုးပိုး ပေါက်ပေါက်ကျလာပြီး
“ရဲထွဋ်၊ နင်တော်တော် အသည်းမာတယ်နော်၊ ငါရှင်းပြတာကို ဘယ်တုန်းကမှ နားမထောင်ခဲ့ဘူး။ ငါ့ကို အမြဲမှားတယ် ထင်နေတာပဲ”

သူငယ်ချင်းများ ၀ိုင်းဖြန်ဖြေကြသဖြင့် စကားစပြတ်သွားသည်။ ပြာပြာလည်း ချက်ချင်း ပြန်သွားသည်။ ညပိုင်း ယောက်ျားလေး သူငယ်ချင်းများ စု၍ ၀က်တုပ်ကွေး ကာကွယ်ဆေး သောက်ကြသောဝိုင်းတွင် ရဲထွဋ်ကို ၀ိုင်းကျပ်ကြတော့သည်။
“ဟေ့ကောင် ရဲထွဋ်၊ ပြာပြာ့ကို ချစ်သလား၊ မချစ်ဘူးလား”
“ချစ်တယ် ဆိုရင်ကော၊ မချစ်ဘူး ဆိုရင်ကော”

“ဟေ့ကောင်၊ဝေ့လည်လည် လုပ်မနေနဲ့ကွာ စိတ်မရှည်ဘူး၊ ဒီနေ့ မင်းပြာပြာ့ကို ပြောလိုက်တာလဲ နည်းနည်းလွန်တယ်နော်”
“အမှန်အတိုင်း ပြောရရင် အတိတ်တုန်းက ငါခံခဲ့ရတာကို အကြောက်မပြေသေးဘူးကွ”

“မင်းဟာ မဟုတ်သေးပါဘူးကွာ၊ အဲဒါပြောရရင် ကျောင်းတက်တုန်းက အရွယ် ငယ်သေးတာပဲကွ၊ မှားတတ်တဲ့ အရွယ်တွေပဲကို၊ ခုက မင်းတို့ ၂ ယောက်လုံး တည်ငြိမ်ရင့်ကျက်တဲ့ အရွယ် ရောက်နေပြီပဲကွ”
“အေးလေ၊ စောင့်ကြည့်သေးတာပေါ့”

“စောင့်ကြည့်တာလဲ မြန်မြန်ကြည့်တော့၊ တော်ကြာ ဟိုက စိတ်မရှည်ဘဲ အရွဲ့တိုက်ပြီး စည်သူ့နောက်ပါသွားအုံးမယ်၊ ဒါနဲ့စကားမစပ် ဟိုကောင်မလေး မြနဲ့ မင်းနဲ့က ဘယ်လိုတွေလဲ”

“ရိုးရိုးသားသားပါကွာ၊ သူက သူ့အိမ်မှာ အငယ်ဆုံးမို့ တွေ့တဲ့သူကို နွဲ့ဆိုးဆိုးတတ်တာပါ”
“အေးပေါ့လေ၊ မင်းစကားမှန်ပါစေ”

ရဲထွဋ်တစ်ယောက်လည်း မျက်ရည်များနှင့် ပြာပြာ့မျက်နှာကို ပြန်မြင်ယောင်ရင်း စိတ်မကောင်း ဖြစ်နေသည်။ ထိုည ပြာပြာ့ကို Gtalk မှာလည်း မတွေ့၊ Phone ဆက်တော့လည်း မကိုင်ပေ။ နောက်တစ်ပတ်ကျော်လောက်မှ Facebook ၏ Chat List ထဲမှာ ပြာပြာ ခဏပေါ်လာတာကို ဇွတ်စကား သွားပြောရ၏။ ပြာပြာတစ်ယောက် ဘာမှ ပြန်မပြောသော်လည်း Chatting ကို offline တော့ လုပ်မသွားပေ။ (သူ့ဘာသာသူ ကောက်စိုက်နေလို့ အလုပ်များနေသလားတော့ မပြောတတ်။)နောက်နှစ်ပတ်ကျော်၊ သုံးပတ်လောက်မှ နည်းနည်းချင်း ပြန်ပြောသည်။ ခုတစ်ခါတော့ ရဲထွဋ်တို့ အသည်းအသန် ချော့ရတဲ့ အလှည့်ဖြစ်သည်။

Red Blue Operation ၏ ပထမ အဆင့်က ဘယ်လိုမှ မထိရောက်သဖြင့် သီဟသစ်တို့ အဖွဲ့ နောက်တစ်ဆင့်ကို ထပ်စီစဉ်ကြသည်။ အားလပ်ရက်တစ်ရက် East Coast ကမ်းခြေတွင် Bungalow တစ်ခုငှား၍ B.B.Q လုပ်စားရန် စီစဉ်ကြသည်။ အစီအစဉ်က ဘာဘီကျူးစားပြီး ဂစ်တာတီး သီချင်းဆိုကြပြီး မိန်းခလေး တစ်ခန်း သတ်သတ်၊ ယောက်ျားလေး တစ်ခန်းသတ်သတ်စီ အိပ်ကြရန် ဖြစ်သည်။

သီချင်းများ ဆိုကြပြီးနောက် ကမ်းခြေတစ်လျှောက် လမ်းလျှောက်ကြချိန် သူငယ်ချင်းများက မသိမသာ ပြာပြာနဲ့ ရဲထွဋ် တို့ ၂ ယောက်တည်း ကျန်ခဲ့အောင် ထားခဲ့ကြသည်။ ရဲထွဋ်က ပြာပြာ့ကို

“ပြာပြာ၊ ဟိုနေ့က အပြောမှားခဲ့ မိတဲ့ အတွက်ရော၊ ဟိုးအရင်က ပြာ့ကို အထင်မှားမိတဲ့ အတွက်ရော ခွင့်လွှတ်ပါနော်၊ ကိုယ် ပြာ့ကို အရမ်းချစ်တယ်”
“ရဲထွဋ် ပြောတာ နောက်ကျသွားပြီကွယ်”

ရဲထွဋ်တစ်ယောက် မျက်နှာငိုင်ကျသွားသည်။ ထိန်းထားသော အသံတုန်တုန်ဖြင့်
“ရှိပါစေတော့ ပြာရယ်၊ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲပေါ့”

ပြာပြာက ပြုံးစစဖြင့်
“အင်း၊ ရဲထွဋ်တစ်ယောက် ဒီ.စကားကို ဘယ်တော့မှ ဆုံးအောင် နားမထောင်တဲ့ အကျင့်က ဘယ်တော့မှ ပျောက်မလဲ မသိ၊ နောက်ကျသွားပြီ ဆိုတာက ရဲထွဋ် မပြောခင် ကတည်းက ပြာက ခွင့်လွှတ်ပြီးသား လို့ ပြောတာ..”

ရဲထွဋ်တစ်ယောက် ထခုန်မတတ် ၀မ်းသာသွားပြီး
“ဟင်ပြာ.. ပြာ၊ ကို့ကို ချစ်သေးတယ် ပေါ့နော်၊ အဲဒါနဲ့များ နောက်လိုက်တာ၊ လူဆိုးမကြီး”

သူငယ်ချင်းများလည်း သူတို့ကို ကြည့်၍ ပျော်နေကြသည်။ ချစ်ရဲ့သားနှင့် ပဲများနေကြသော နှစ်ယောက် အဲလိုမှ ပြန်အဆင်မပြေကြရင်လည်း Red Blue Operation ၏ နောက်ဆုံးအဆင့်အရ ကြိုးတုပ်ပေးစားဖို့ပဲ ကျန်တော့သည်။ ကိုယ်စီအိမ်သို့ ပြန်ကြပြီးနောက် ရဲထွဋ်နှင့် ပြာပြာတို့က သူတို့အချစ်များ ခိုင်မြဲစေရန် တိုးပါးရိုး ဘုန်းကြီးကျောင်းတွင် ဆုတောင်းကြဖို့ ညနေပိုင်းတွင် တွေ့ရန် ချိန်းထားကြသည်။ ညနေပိုင်းရောက်သောအခါ ရဲထွဋ်တစ်ယောက် Toa Payoh MRT တွင် စောင့်နေသော်လည်း ပြာပြာကား ပေါ်မလာတော့။ ရဲထွဋ်ဖုန်းလှမ်းဆက်သော်လည်း ဖုန်းကမ၀င်ပေ။ ရဲထွဋ်တစ်ယောက်တော့ ပြာ့ကို ချစ်တဲ့စိတ်တွေနဲ့ ပြာယာခတ်နေလေသည်။

တကယ်တော့ ဦးစိုင်းစိုင်းက အရေးတကြီး ဖုန်းဆက်လှမ်းခေါ်သဖြင့် ပြာပြာ တစ်ယောက် ကောက်ကာငင်ကာ ပြန်သွားရခြင်းဖြစ်သည်။ နေ့လည် Silk Air Flight မှာ ဂိုးရှိုးဖြင့် ချက်ချင်းလိုက်သွားရသဖြင့် ရဲထွဋ်ကို ဆက်သွယ်ဖို့ အချိန်မရခြင်း ဖြစ်သည်။

ရန်ကုန်ပြန်ရောက်၍ ဦးစိုင်းစိုင်းနှင့် သမီးပြာပြာတို့ တွေ့ကြသောအခါ ဦးစိုင်းစိုင်းက
“ငါ့သမီး ပိန်သွားပါလား၊ အချိန်မှန်မှန်ရော စားရဲ့လား”
“စားပါတယ် ဖေဖေ၊ မိုးရွာရွာ နေပူပူ အချိန်မှန်မှန် စားပါတယ်” (ကွမ်းတွေ)

“အေးအေး၊ အချိန်မှန်ရော အိပ်ရဲ့လားဟ”
“ဟုတ်ကဲ့ ဖေဖေ ပုံမှန်အိပ်ပါတယ်” (မနက် ၄နာရီ၊ ၅ နာရီ)

“ဖေဖေလဲ ဝလာလိုက်တာ၊ ဝက်တုပ်ကွေးပျောက်ဆေးတွေ သောက်တာများတယ် ထင်ပါ့”
“ကောင်မလေးနှယ်၊ ပေါက်ပေါက်ရှာရှာ၊ ငါ ရေနွေးကြမ်းအအေးကို ရေခဲထည့်သောက်တာ များလို့ပါဟ”

ရဲထွဋ်တစ်ယောက်မှာတော့ ပြာပြာတစ်ယောက် ဖုန်းမဆက်ပဲ ပျောက်သွားသဖြင့် ခေါင်းမီးတောက်နေလေသည်။ ပြာပြာ့ဆီ ဖုန်းခေါ်ကြည့်တော့လည်း မရပေ။ တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ပဲ မနက်ပိုင်းမှ မှေးခနဲ အိပ်ပျော်သွားသော ရဲထွဋ် ဖုန်းမြည်သံကြောင့် အိပ်ရာမှ နိုးလာလေသည်။

“ကိုလားဟင်”
“ဟင်ပြာ..ပြာ၊ ဘယ်ကိုရောက်သွားတာလဲ၊ ကို့မှာ စိတ်ပူလိုက်ရတာ”

“ပြာဘာမှ မဖြစ်ပါဘူး ကိုရယ်၊ ဖေဖေက ပြာ နဲ့ တွေ့ချင်တယ် ဆိုလို့ အရေးတကြီး ဖုန်းဆက်ခေါ်လို့ ရန်ကုန်ပြန်ခဲ့တာပါ၊ ကို့ဆီ ဖုန်းဆက်ဖို့ကို အဆင်မပြေဘူး၊ လောလော..လောလောနဲ့ သွားရတာဆိုတော့”
“ပြာဘယ်တော့ ပြန်လာမလဲ ဟင်”

“မပြောတတ်သေးဘူးကို၊ ဖေဖေ ပြန်လွှတ်မှ ပြန်လာခဲ့မှာ”
“အား...၊ ကိုတော့လွမ်းနေရတော့မှာပဲ”

နောက်ဆုံးမတော့ ရဲထွဋ်တစ်ယောက် သူ့ဘဝမှာ ပြာမရှိရင် မဖြစ်တော့ဘူး ဆိုတာ သိသွားပြီ။ ရန်ကုန်လိုက်မည် လုပ်တော့သည်။ လေယျာဉ်ပေါ်မှာ “ကိုယ်လာပြီ ပြာ့ဆီကို” ဆိုပြီး သီချင်းလေးများတောင် ဆိုလိုက်သေး၏။ ရန်ကုန်မြို့ စိန်တောင်ကြားရှိ လှပခမ်းနားသော ပြာပြာတို့ အိမ်ကြီးသို့ရောက်သောအခါ .. အိမ်ဖော်အမျိုးသမီးက ခေါ်ပေးသဖြင့် ပြာပြာနှင့် ဦးစိုင်းစိုင်းတို့ ဧည့်ခန်းထဲသို့ ရောက်လာကြလေသည်။

ပြာတစ်ယောက် ရဲထွဋ်ကို မမျှော်လင့်ပဲ တွေ့လိုက်ရသဖြင့် ၀မ်းသာသွားပြီး “ကို” ဟု လှမ်းခေါ်လိုက်သေးသည်။ နောက်မှ ဦးစိုင်းစိုင်းကို သတိရပြီး အရှိန်သတ်လိုက်သည်။ ဦးစိုင်းစိုင်းက ရဲထွဋ်ကို

“မောင်ရင်က ဘယ်သူလဲကွဲ့”
“ကျွန်တော် ရဲထွဋ်ပါ”

“မောင်ရင်က ဘာအလုပ်များ လုပ်သလဲကွဲ့”
“ကျွန်တော် စင်္ကာပူမှာ Software Engineer လုပ်ပါတယ်”

“အော၊ ဦးက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကို မယုံဘူး၊ အထင်လည်း မကြီးဘူးကွဲ့”
“ဟုတ်ကဲ့၊ ကျွန်တော်လည်း မြန်မာနိုင်ငံမှာ ကြီးပွားချမ်းသာနေတဲ့ လူကြီးတွေကို ယုံလည်းမယုံဘူး၊ အထင်လည်း မကြီးဘူး ခင်ဗျ”

“ဟုတ်ပြီ၊ စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောရဲတာကို သဘောကျတယ်၊ မောင်ရင် လာတာ ဘာကိစ္စများလဲကွဲ့”
“ဟုတ်၊ အရေးအကြီးဆုံး ကိစ္စကတော့ ဦးရဲ့ သမီး ပြာပြာ့ကို လက်ထပ်ခွင့်ပြုပါ”

“ကဲမောင်ရင် ဦးရဲ့သမီးကို ဘာကြောင့် မင်းနဲ့ လက်ထပ်ခွင့်ပေးသင့်တယ် ဆိုတာ ပြောစမ်းကွာ”
“ဘာကြောင့်လဲ ဆိုတော့ ဦးရဲ့သမီးကို ကျွန်တော် တစ်သက်လုံး တန်ဖိုးထားပြီး ချစ်ခင်သွားမှာမို့ပါ၊ ကျွန်တော့်ရဲ့ ဘတစ်ခုလုံးကို သူ့ရဲ့လက်မှာ နှင်းအပ်ချင်လို့ပါခင်ဗျာ၊ ကျွန်တော်သူ့ကို သိပ်ချစ်လို့ပါ”

ပြာပြာတစ်ယောက် ပျော်ရွှင်မျှော်လင့်စွာဖြင့် သူ့အဖေ ဦးစိုင်းစိုင်းကို ကြည့်လိုက်သည်။ ဦးစိုင်းစိုင်းက
“အေးကွာ၊ အဲဒီအကြောင်းပြချက်ကို ငါသဘောကျတယ်၊ ငါသဘောတူသကွာ၊ မင်းလူကြီးစုံရာနဲ့သာ လာတောင်းရမ်းလှည့်ပေတော့၊ အေးတစ်ခုတော့ ရှိတယ်၊ မင်းကို ငါစကားတည်မတည် တစ်သက်လုံး စောင့်ကြည့်နေမယ်”
“ဟုတ်၊ရပါတယ် ခင်ဗျာ”

နောက်တစ်လတွင်တော့ ညီအစ်ကို မောင်နှမ များထံသို့ အောက်ပါဖိတ်စာလေး ရောက်ရှိလာတော့သည်။ စာလာဖတ်ဖြစ်သော ညီအစ်ကို မောင်နှမ အားလုံးကိုလည်း ဖိတ်ကြားအပ်ပါသည်။ (ဆောင်းချမ်းမိုးက “အချစ်ရှုံးသမား ဒဿဆောင်းဆောင်း”သီချင်းဖြင့် လည်းကောင်း၊ စည်သူက “သားလေးမွေးရင် ကိုယ့်နာမည် ပေးပါ” သီချင်းဖြင့် လည်းကောင်း၊ ကိုအင်ဒရူးက “ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား” သီချင်းဖြင့် လည်းကောင်း၊ မြက “အသည်းနှလုံးလေး လက်ဖွဲ့လိုက်တယ်” သီချင်းဖြင့် ကိုယ်စီ ဖျော်ဖြေကြမည် လို့ ကြားသိရပါသည်။)








စာများကို လာဖတ်ပေးကြသော ညီအစ်ကို မောင်နှမအားလုံး နှင့် ဇာတ်လမ်းတွင် နာမည် အသုံးပြုခွင့်ပေးသော ညီအစ်ကို မောင်နှမ အားလုံးကို အထူးကျေးဇူးတင်ပါသည်။

ဖိတ်စာဒီဇိုင်းကို စိတ်ရှည်လက်ရှည်လုပ်ပေးသော ညီလေး ဆောင်းချမ်းမိုး အား အထူးကျေးဇူးတင်ပါသည်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

P.S
ခက်ဆစ်။ ။
၁) ၀က်တုပ်ကွေး ကာကွယ်ဆေး = ၀က်ကို နိုင်သော ကျား (သို့) Tiger
၂) ရေနွေးကြမ်းအအေး = ရေနွေးကြမ်း အရောင် ရှိသော အရည်တစ်မျိုး၊ ယမကာ ဟုလည်း ခေါ်ကြသည်။

54 comments:

Sein Lyan Tun said...

ရဲပြာစိန် ဖြစ်သွားပြီးပေါ့ အမေပြာရဲ့


ခုမှ အသက်ရှုချောင်တယ်...


ဟင်းးးး


လူဖြစ်ခွင့်ရနိုင်ချေရှိသေးလို့


ဒါရိုက်တာသစ်ကို ကျေးဇူးတင်ပါတယ်


ပီတိစား အားရှိတဲ့


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ဖိုးသင်္ကြန် said...

သြော် ပြီးသွားပြီလား
ဖိတ်စာလေးမိုက်သဗျာ...
ကိုရင်ဆောင်းကို ကျွန်တော့်အလှည့်ကျ အော်ဒါမှာဦးမှ

စိုင်းစိုင်းလားရှိုး said...

ညီလေး သီဟသစ်။
ခုလို စခဲ့သော ဇါတ်လမ်းအား၊ ခုလို အောင်မြင်အောင် ရသမြောက်စွာ ရေးနိုင်စွမ်းသည်ကို ချီးကျူးပါသည်။

အားလုံး ပါဝင်သော ဇါတ်ကောင်များလဲ ကျေနပ်ပျော်ရွှင်လိမ့်မည်ဟုလဲ ထင်မြင်မိပါသည်။

ဤပို့စ်အား ကျွန်ုပ် ရှင်ရဲထွတ်မှ လေးစားစွာ ဂုဏ်ပြုပါသည်။

နှင်းနဲ့မာယာ said...

အကိုရေ
ဖိတ်စာလေးနဲ့ အစီအစဉ်လေးကို
အရမ်းသဘောကျတယ်...
လက်မှတ် ၂စောင် ဘွတ်ကင်လုပ်ပြီးကြောင်း....
ဇာတ်လမ်းရှည်ကြီးကို မမောမပန်း ရေးဖွဲ့ခဲ့သော
ကိုသီဟသစ် အမောပြေသောက်ဖို့
ဒူဘိုင်းက ဝက်တုတ်ကွေး ကာကွယ်ဆေးတွေ ပို့လိုက်မယ်နော်...

ဒဏ္ဍာရီ said...

အဲ ......... ဒီလိုဇတ်ပေါင်းပေးလိုက်တာတော့ ဟုတ်ပါပြီ့.. ဒါပေမယ့် မင်္ဂဆောင်မယ့်ရက်ကြီးက ပြေးလွှားနေရမယ့် ရက်ကြီးလေး ကိုသီဟသစ်ရဲ့း)
လာမယ့်ဘေးပြေးတွေ့ပေါ့နော်။ အခုတော့ Dancer သင်တန်းသွားအပ်ထားလိုက်တော့မယ်။ မင်္ဂလာဆောင် အတွက် ...း) ဖိတ်စာဒီဇိုင်လေးကလည်း ကောင်းတယ်။ ကိုဆောင်းချမ်းမိုးက နောက်ဆုံး လက်ဖွဲ့တာ ဖြစ်မယ်။
ပျော်ရွှင်ဖွယ်လေး ရေးတတ်တဲ့ ကိုသီဟသစ်ကို ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားလျှက်

ကောင်းကင်ပြာ said...

လှပစွာ ဇာတ်သိမ်း ပေးထားတဲ့ အတွက် ကျေးဇူးပါ..

ပြာ

ကြိုးမဲ့စွန် said...

ကိုသီဟ
အရမ်းကောင်းတာပဲဗျာ
ကျွန်တော်ဇာတ်လမ်းလေးထဲမှာမျောသွားတယ်
ဖိတ်စာရဲ့စွဲဆောင်အားကပဲကောင်းသလား
ဇာတ်လမ်းကြောကပဲကြွနေသလားမသိဘူး
ဖြစ်နိုင်ချေကတော့ ၂ခုလုံးကြောင့်ဖြစ်နိုင်တယ်ဗျာ
တကယ်ကြီးကိုကောင်းတယ်
ကျွန်တော်ရေလည်ခိုက်သွားပြီ
လေးစားတယ်ဗျာ
စကားမစပ်...ကျွန်တော်ကနီကိုရဲ fun ဆိုတော့ ဒီိလိုဇာတ်မျိုးလေးတွေဆိုအရမ်းသဘောကျတယ်

ကျောပိုးအိတ် said...

မိုက်တယ်ဟေ့။

“အော၊ ဦးက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကို မယုံဘူး၊ အထင်လည်း မကြီးဘူးကွဲ့”
“ဟုတ်ကဲ့၊ ကျွန်တော်လည်း မြန်မာနိုင်ငံမှာ ကြီးပွားချမ်းသာနေတဲ့ လူကြီးတွေကို ယုံလည်းမယုံဘူး၊ အထင်လည်း မကြီးဘူး ခင်ဗျ”

ဒီလိုအပေးအယူတည့်တာ ခုကတည်းက။ နောက်တစ်ခုသတိထားမိတယ်။ မင်္ဂလာဆောင်ဖိတ်စာမှာလေ။ အမေတွေနာမည်လဲမပါဘူး။ ရှင်းပါဦး။
း)

ဗွီဒီယိုလာရိုက်ပေးရမယ်ပေါ့လေ။ ဧ၀ရက်တောင်ရောက်ကာနီးမှာ လေယာဉ်ဘီးပေါက်သွားလို့ ခုန်ချခဲ့တယ်နော်။ ဒီလိုသက်စွန့် ဆံဖျား။

လူပျိုကြီး said...

ဖိတ်စာက တယ်ဟုတ်ပါလား မောင်ဆောင်းတောင် အော်ဒါမှာထားရမလိုဖြစ်နေပြီ :P

ဆောင်းနှင်းရွက် said...

ကိုသီဟသစ် ရိုက်ချက်ကတော့
မိုက်တယ်ဗျို့ ...
2012 တောင်ကြားထဲက အဆစ် ပါလိုက်သေးတယ်.

ကဲ ကဲ ..
2012 ရောက်ရင်
ဒို့ မောင်နှမ တွေ အားလုံး
ရွှေကြိုးသွားတားဖို့ Mongolian ကို
သွားကြတာပေါ့ ..

ရောင်းလို့ ရတဲ့ လက်မှတ်ကို
မမပြာ က
မောင်နှမ တွေကို ခွဲပေးမယ်တဲ့ ...

ဒါနဲ့
ကိုသီဟသစ်ရေ ..
2012 ရောက်ရင် ဆက်ရေးနော် ..
ဆက်ရေးလို့ ရသေးတယ် ..
2012 ရောက်သော်ဝ် .... ဆိုပြီးး

*.*.*.*.*.*.*

ရေတမာ said...

လေးသစ်လုပ်မှပဲ ကိုရဲထွဋ် ဘတ်ချလာ မနိုက်နိုင်တော့ဘူး ဟူး ဟူးး

ခရေညို said...

ကိုသီိဟရေ အရမ်းကောင်းပါတယ်။
ကိုယ့် ညီမမင်္ဂလာဆောင် ဆိုတော့အပြန်စားပြင်ဆင်ရမှာပေါ့။ ဇာတ်သိမ်း လေးလည်း အရမ်းကောင်းတယ်လို့ ထပ်ပြောပါရစေ။

ဏီ(န်)ကင်း said...

ကိုကျောပိုးအိတ်ကြိုက်တဲ့အခန်းသားလဲကြိုက်တယ်..
ဟဟ အကို့ဇာတ်လမ်းဇာတ်သိမ်းလေးကို တော်တော်သဘောကျသွားတယ်... အခုအလုပ်မှာ..ဖိတ်စာဖတ်ပြီးထရယ်နေလို့..အားလုံးက၀ိုင်းကြည့်နေတယ်... အကို့ရဲ့ဖိတ်စာအစီအစဉ်ကိုဘာသာပြန်ပြလိုက်တော့..တရုံးလုံးဝိုင်းရယ်တာပဲ...ဟဟ
နောင်လဲ...များများရေးနိုင်ပါစေအကိုရေ...

Rita said...

လုပ်စားလို့ ရပြီ။
နီကိုရဲလောက်တော့ အသာလေးပဲ ဆရာ။

တောင်ပေါ်သား said...

ပျော်ရွှင်ဖွယ် ကောင်းခဲ့ပါတယ်။ အမှတ်တရပေါ့ PDF ထုတ်ပြီး မျှဝေပေးစေချင်ပါတယ်း)


လေးစားလျက်
တောင်ပေါ်သား

မျှော်လင့်ခြင်း said...

ရီလိုက်ရတာ ရုံးမှာ လူတွေသိမှာစိုးလို့  မနည်း အောင့်ထားရတယ် ။

ဇတ်သိမ်းလေး ကောင်းပါတယ်
ဖိတ်စာက အ၇မ်းမိုက်
အပိုတွေ အကုန်ထည့် ပြီး လိုရင်းမပါတဲ့  ဖိတ်စာ ha ha

သတို့ သားနဲ့  သတို့ သမီးပုံ ကတော့  အပြင်နဲ့  တခြားစီ

Waing said...

ဇာတ်သိမ်းလာဖတ်သွားတယ်
နောက်ဆုံးက ဗီဒီယိုကြည့်ပြီး ရယ်လိုက်ရတာ ပေါ့ပေါ့ပါးပါး မင်္ဂလာဆောင်ပွဲတစ်ခုပဲး)

ခရောင်း said...

ဟဟ
မိုက်စ်တယ် မိတယ် ကြိုက်တယ်ဗျာ
အပီအပြင်ကို ဗျင်းလိုက်တယ်ပေါ့။
ဖိတ်စာလဲကြိုက်တယ် အစီအစဉ်လဲကြိုက်တယ်
တစ်ဘီလီယံကပေးနိုင်ပါတယ် ကိုကြီးသစ်ရယ်
ဒါပေမယ့် ဖယ်ရီကဘယ်လို လုပ်ပေးမှာလဲ။
ဘီအမ်ကားလေးတစ်စီးလောက်တော့ ဖန်တီးပေးမှပေါ့။
လိုက်မယ့်လူတွေများတယ်ဂျ။

ပုံ့မေ said...

ဟိ မိုက်တယ် တကယ်...

သေချာသွားပြီပေါ့... သင်္ဘောပေါ်လိုက်ရဖို့ ... လက်မှတ်ဘယ်နှစ်စောင် မှာရမလဲ တွက်လိုက်ဦးမယ်ကွာ =D

jr.လွင်ဦး said...

ဖိတ်စာလေး မိုက်တယ် ကိုသီဟ။
ဂျူ့ နာမည် မမေ့ဘဲ ထည့်ပေးတာ ကျေးဇူးပါ။း)
စာမေးပွဲပြီးမှ ထပ်လာပါဦးမယ်။

ခင်မင်လျှက်
jr.လွင်ဦး

Mogok Thar said...

စာဖတ်ရယ်လို့မှမဆုံးသေးဘူး။
ဖတ်စာဖတ်တော့ ရယ်လိုက်ရတာ။
ချစ်သယ်ရင်းတွေရဲ့ မင်္ဂလာပွဲ ဆိုတော့ ဆီရေးတဲ ကနေ ဧ၀ရက်တောင်ထိပ်ထိ လိုက်ပီး အားပေးအုံးမှာ။ စိတ်သာချဗျို့။

ဘို တို့တွေအားလုံး ပျော်ပျော်ကြီး ဗလချာပါတီ (အော် ဗလချာတွေ ချာပါတီတွေ မဟုတ်ဘူးနော) ပွဲ နွှဲကြစို့ဗျား။

ဘို

moekhar said...

ကိုဖိုးစန်လည်း ခုမှ အသက်ရှူချောင်သွားရှာတယ်ထင်ပ
ဒါပေမယ့် သူပါချင်တာ မပါလိုက်ရဘူးနော်
နောက်တပိုင်းပေါ့ ... :D
နောက်တပိုင်း နောက်တပိုင်း လုပ်ပါဦးဗျို့
အပိုင်းဆက် တရုတ်သိုင်းကား အချစ် အလွမ်း ဒရမ်မာ .. :D

မေဇင် said...

အကလေးတွေ ကြိုက်လွန်းလို့ သင်တန်း သွားတက်လိုက်ဦးမယ်...။ ဖိတ်စာကိုလဲ ကြိုက်တယ်...ကိုဆောင်းဆောင်း သဘောထားလိုက်မားလိုက်ပုံများ...ကိုယ် ချစ်တဲ့ သူရဲ့ မင်္ဂလာ ဆောင်အတွက် ဖိတ်စာ ကိုယ်တိုင်လုပ်ပေးတယ်...း))

မငုံ said...

ပျော်ရွှင်စွာ ဇာတ်သိမ်းသွားပါပြီ။ ဇာတ်လမ်းထဲမှာ ပါဝင်ကြတဲ့ မောင်နှမများအားလုံးြ့ပုံးပျော်နေကြပြီ။ ဒါနဲ့ မင်္ဂလာခန်းမ၀င်ကြေး ဈေးလျော့ပေးလို့ မရဘူးလား။ လကုန်ခါနီးတော့ အသပြာမရှိတော့လို့ပါ :)

ဂျစ်တူး ( မုံရွာ ) said...

ရီလိုက်ရတာဟာ-ဖျားနေတာတောင်ပြောက်သွားတယ်-
ဓါတ်ပုံဆရာဓါတ်ပုံရိုက်ဖို့မေ့နေတယ်ဟ

ကြည်ဖြူပိုင် said...

ကိုသီဟ
အရမ်းရီရတာပဲ
အကြည်တော်တို့နီကိုရဲတို့နဲ့နင်လားငါလားပဲ
ဖိတ်စာကလဲရှယ်ပနော်
ဖိုးဆောင်းကိုတော့ ဖိတ်စာဆရာကြီးဘွဲ့ပေးရမယ်
၂၀၁၂ ဒီဇင်ဘာ ၂၁ . ဟဟ
အိုင်ဒီယာကတော့တကယ်လန်းတာ အဲဒိရက်ကိုမပျက်မကွက်ပါအောင်ပေါ့လေ
အဲဒိတော့ကိုရွာသားတို့မမပြာတို့လဲအပျိုကအပျို လူပျိုက လူပျို အတွေးကိုထောင့်စေ့နေတာပဲ
ကွန့်မန့်မှာ အသံထည့်လို့ရရင်ကောင်းမယ်နော်
သဘောကျလို့ တဟားဟားအော်ရီနေတော့ အဲဒိအသံပါထည့်လိုက်ချင်လို့ ဟားဟား

Ree Noe Mann said...

တကယ်ပါ တကယ်ပါ မချီးကျူးပဲကို မနေနိင်တော့ဘူဗျာ။

တကယ်တော်တယ် ကိုသီဟ။

သတိုးသမီးထွက်လာတဲ့ အခန်းမှာ မမပြာပြာကို သွားမြင်

ကြည့်လိုက်တော့ တကယ်ကို ပြည့်စုံလှပါသွားတယ်။

ခင်တဲ့ ရီနို

ဂျပန်ကောင်လေး said...

Creative Talent လေးကို သဘောကျသဗျ.. ဖိတ်စာကိုလည်း သဘောကျတယ်....း)

ပျိုပျို said...

ပြာပြာတို့တော့ စွန်သွားပြီးကိုး..ကောင်းပါလိမ့်

ညီညီ said...

အစ်ကိုကြီး သစ်သစ် ရေ.. ။ အစ်မ ပြာပြာ ရဲ့ မင်္ဂလာပွဲ ကို နောက်ကျပြီး ခန်းမ ၀င်လာသူ အားလုံးကို အခု ဗီဒီယို ထဲက လူတွေ ၀င်လာသလို က ပြီး ၀င်လာခိုင်းမယ်ဗျ နော်.။ 2012 ဆိုတောင် အဝေးကြီးလိုသေးတယ်.။ နည်းနည်း ရစ်လိုက်ရအောင်ဗျာ.။ ပျော်စရာကြီး။

ဒီဝတ္ထု အပိုင်း(၁) ကနေ ဇာတ်သိမ်းထိ အရမ်းကြိုက်တယ် ဗျို့။ လေးစားအားကျပါတယ်..။ နောက်လည်း များများရေးပါလို့ ပူဆာပါတယ်ဗျာ.။

ခင်မင်တဲ့

ညီညီ

လင်းဒီပ said...

ကောင်းပေ၏...

ဒီလိုဖိတ်စာရေးနည်းမျိုးတခါမှ မတွေ့ဖူးသောကြောင့် မှတ်သားသွားပါသည်..။

မင်္ဂလာဆောင်လာနိုင်ဖို့ Euro 1 billion ရအောင် ဘဏ်ဓားမြ သွားတိုက်လိုက်ဦးမယ်..။

စည်သူ said...

ရေးတာလည်း ကောင်း
ဖိတ်စာလည်း မိုက်တယ်ဟ မင်းသမီးလည်း ချောတာကိုးဗျ..

ဒါပေမယ့် ကိုသီဟသစ်ရယ်.. အဟင့်.. ဗျစ်စ်စ်..
သားလေးကို အရမ်းတွေ့ချင်တယ်ဗျာ.. ဗျစ်စ်စ်..

ခုလောက်ဆို.. အဟင့်.. အဟင့်.. ဗျစ်စ်စ်..

အခုလို ပျော်ရွှင်စွာနဲ့
အောင်မြင်စွာ ဇာတ်သိမ်းသွားတာ.. ကြည်နူးရတယ်ဗျာ..

(((((((((သားးးးးးးးး))))))))))))))))
(((((((((လူလေးးးးး))))))))))))))))

ဗျစ်စ်စ်.. ဗျစ်စ်စ်စ်စ်စ်..း(

ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ဗျာ

ခင်မင်စွာဖြင့်
စည်သူ။

ဆောင်းချမ်းမိုး said...

ကန်းတယ်...
ကိုရဲထွတ်ကြီးခမျာ..သနားစရာပေါ့ဗျာ
Return of ဘိုဘို ဆိုပြီး ဆက်ရေးပါဗျို့

မြရေလျဉ် said...

ဒီမင်္ဂလာဦးမှသည် နောင်နှစ်ပေါင်းများစွာတိုင်
သားဖြစ်သူ စိန်ပြာရဲ..။သမီးဖြစ်သူခင်ကလျာပြာမေနွေး တို့နဲ့ အတူ ထာဝရပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် မမပြာနဲ့ ကိုရဲရယ်..

မြကတော့ ဒီနေ့က စလို့ စင်ကာပူမှာ..င် မယူတော့ပဲ US မှာမူမပျက်သွားနေတော့မယ်နော်..။
ရွှတ် ..ဖတ်...


:D :D

"မင်းကိုချစ်တဲ့သူ" said...

မြန်မာကားကြည့်ရသလိုပဲ... မြန်လိုက်တာ.. နောက်ဆုံးတော့ အတင်းပေးစားလိုက်တယ်... ဦးစိုင်းစိုင်းကလည်း ရက်ရောလိုက်တာ... နောက်သမီးတစ်ယောက်လောက်ရှိသေးလား... bookin လုပ်ထားမလို့... ဟဲဟဲ...

ကောင်းတယ်ဗျ... ဆက်ရေးပါဦး...

MrDBA said...

ဘုရား ဘုရား ၂၀၁၂ တောင် မရမကထည့်လိုက်သေးတယ်။ အောင်မြင်စွာပြီးဆုံးသွားလို့ ဝမ်းသာပါကြောင်း တစ်လခန့် အနားယူနိုင်ပါကြောင်း။

ဖိတ်စာဒီဇိုင်း ကြိုက်ပါသဖြင့် အယ်နီဗာဇရီ အတွက် ကြိုအပ်ထားပါမည့် အကြောင်း .... .. ...

ဆောင်းနှင်းရွက် said...

မနက်က ဖတ်သွားတာ
you tube မကြည့်လိုက်သေးလို့
လာကြည့်တာ ..
ရယ်ရတယ် ... ဗျို့ ..

(ကောင်းလွန်းလို့ ထပ်ပြီး ကွန့်မန့်ပေးအုံးမယ် ..)

2012 ခုနှစ် ရဲ့
အကောင်းဆုံး အော်စကာ ၀တ္ထုဇာတ်လမ်းဆု ကို
ဤ ပို့စ် အား
အခု ကတည်းက ရွေးလိုက်ပြီ ဖြစ်ကြောင်းးးး ..

Yu Ya said...

ဟောဗျာ..လက်မှက်ဈေးက နည်းမနေဘူးလားဗျာ..

yu ya

ZT said...

ဖိတ်စာတော့ ခိုက်သွားပြီဗျာ။ ကိုဆောင်းကို ကပ်ထားဦးမှ။

ကိုလူထွေး said...

အဆုံးသတ်ထားပုံလည်းကောင်းတယ်...

၂၀၁၂ ဆိုမှလန့်သွားတာ...

းဝ)

ကြည်ဖြူပိုင် said...

ကိုသီဟရေ
ကဖို့ရယ်ဒီဖြစ်နေပြီ
:P

Unknown said...

ဒါရိုက်တာ အစ်ကိုသီဟရေ..
အစ်ကိုရဲထွဋ် နဲ့ မမပြာပြာ တို့တော့ အိမ်ထောင်တွေကျသွားကြပြီနော် အဟိ .... ဖိတ်စာလေးကလဲကောင်းပ... အစီအစဉ်လေးကလဲ ဂွတ်ပ .... ကဲ ... ဖတ်ရတာလဲ တစ်ပျော်တစ်ပါးကြီး
နောက်လဲ ဒါမျိုး ဇာတ်လမ်းရှည်ကြီးတွေ အများကြီးရေးနိုင်ပါစေနော် ....
ခင်မင်လေးစားလျှက်
နှင်းဟေမာ

littlebrook said...

ဟားဟားဟား ဘယ့်နှယ်ရမည်းသင်းစား သီလ၀ငါ့အကို ဒါမျိုးလည်း ရေးတတ်တယ် ..

မယ့်ကိုး said...

ကိုသီဟသစ်စာရေးကောင်းတယ်။ရေးထားတာ ရယ်ရ စိတ်ဝင်စားလို့ ကောင်းလို့ အမြဲလာဖတ်ဖြစ်ပါတယ်။
အခုမှ comment ရေးတာ စိတ်မရှိစေချင်ပါဘူး....
ဒီလိုမျိုးဇာတ်လေးတွေ ဆက်ရေးပါဦး။
အားပေးလျက်

khin oo may said...

ဇတ်သိမ်းနဲနဲ မြန်သွားတယ်။
အခက်အခဲတွေနဲ့ရင်ဆိုင် အဖေက သဘောမတူ. တစ်ံစုံတစ်ယောက်က ဝင်လာ. လူကြီးမိဘသဘောတူသူကရှိထား.. ဘာတွေညာတွေ ကိုကျော်ပလိုက်သလား။

မေကျော် said...

:)

mgnge said...

2012 ဒီဇင်ဘာမှဆိုတော့ မင်္ဂလာပွဲ က စာမနေဘူးလား..။ ဒီရေတက်ချိန်ဆိုတော့ နေပူမယ်ထင်တယ်နော်..။
ဘာပဲဖြစ်ဖြစ် လက်မှတ်ကြီးနှမြောလို့ လာခဲဦးမယ်.. ။

ပြာ ပြာကြိုက်တဲ့ ပဲကြီးလှော်တစ်ထုပ်နဲ့ 
ကိုရဲ ကြိုက်တဲ့ မြေပဲဆားလှော် တစ် ကီလို လက်ဖွဲ့ မယ်လို့ စိတ်ကူုးတယ်
ဟက်ဟက်
ကိုသီဟ သစ်အတွက်ကတော့
..................................

:P

ဇော် said...

အခုမှ အားလုံးကို အေးအေးဆေးဆေး ဒူးနန့်ပြီး ဖတ်တာ .. ဘယ်ရမလဲ .. ကျနော်လူလည်ပါဗျ .. ဟဲဟဲ ..
ကုန်ပြီလား ကိုဂျီးရ .. အမျိုးစပ်ထားတာတွေ ..
ဟားဟား .. =)

~ဏီလင်းညို~ said...

အင်းးးးး
ဗွီဒီယိုထဲကလို ကပြီးဝင်ရမယ့် အဲ့ဒီမင်္ဂလာပွဲလေးကို လာချင်တယ်....။ ကျွန်တော်ဖတ်ဖူးတဲ့ ဘလော့ရေးသူတွေ..ကတာ မြင်ချင်လို့လေ...။
(လက်မှတ်က ဈေးကြီးသာ...:D)

tg.nwai said...

ကိုသီဟရေ...အရင်တခါဖတ်ပြီး မန့်မရတာနဲ့ ပြန်လာဖတ်ပြီး ထပ်လာရီသွားတယ်..သဘောကျတယ်..ပျောက်နေပါလား...အခန်းဆက်တွေ ထပ်လာဦးမလား...::)

WWKM said...

သြော်.. ဖြစ်ပုံများ.. ကိုယ့်မောင် မင်္ဂလာဆောင်မှာ အခုမှပဲသိတော့တာ...း))
တော်သေးတာပေါ့ အချိန်မှီသိရလို့..
အိုကေ ၂၁ ရက်နေ့ ဧ၀ရတ်တောင်ထိ ရေတက်ချိန်မှာ
မောင်နှမတွေ ဆုံကြမယ်နော်.း)

မောင်နှမတွေကို တစုတစည်းတည်း ပို့စ်လေးတစ်ခုမှာ
ပေါင်းဆုံပေးထားတာ ပျော်စရာပါပဲ မောင်သီဟရေ..
အစ်မက အိမ်လည် ပျက်ကွက်နေလို့ အခုမှပဲတွေ့တော့
တယ်လေ။

မောင်နှမတွေထဲမှာ သတိတရနဲ့ပါဝင်ခွင့်ရလို့ ၀မ်းသာမိ
ပါတယ်။

ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.

ဝါ၀ါခိုင်မင်း

WWKM said...

ဒါနဲ့ဖိတ်စာလေး ကူးသွားမယ်နော်.. စိတ်ကူးရရင် ပို့စ်တင်ချင်လို့။ မောင်နှမတွေ အမှတ်တရပေါ့။း)

သံလွင် HeRo said...

ငှင်းငှင်းငှင်း....၂၀၁၂ အတွက်စိတ်မပူတော့
ပါဘူး....ပွဲတက်ဖို့အတွက် တေလာစွင့် ကိုခေါ်
လိုက်အုံးမယ်း) အဲဒီနေ့ရောက်ရင် ပွတ်ဖို့
အတွက် လေဒီဂါဂါနဲ့မြို့မငြိမ်းသီချင်းတွေရောသ
မဖို့လေ့ကျင့်ထားလိုက်မယ် ....

မေသစ္စာမောင် said...

ဇာတ်သိမ်း လေးကြိုက်တယ်။။။။ Happy Ending ပေါ့နော်..။
ကိုယ့်ကိုယ်ကို ဒီဇိုင်းနာ ဘယ်တုန်းကဖြစ်သွားမှန်းတောင် မသိလိုက်ဘူး ;)