Thursday, January 14, 2010

အုန်းသီး

အစ်မသက်ဝေရဲ့ ခုတစ်လောနာမည်ကြီးနေတဲ့  နှစ်ကျပ်ခွဲပို့စ် ရယ်၊ အင်တာနက်မှာ လိုက်ရှာတော့ ကိုစနေရဲ့ Coconut and Monkey ပို့စ်ရယ် ကို ဖတ်ပြီး ဒီစာလေးရေးဖို့ စိတ်ကူးရပါတယ်။


Credits to http://www.vectorjunky.com/gallery/m/Monkey-Attacking-Coconut.jpg

အားလပ်ရက် ညပိုင်းတွေမှာ Marina Bay ဘက်ကို သွားထိုင်ရင် ကင်မရာကြီးတွေ တလွယ်လွယ် နဲ့ လူတွေ အတော်များများ တွေ့ရပါတယ်။ အတူထိုင်တဲ့ သူငယ်ချင်းကိုလည်း တွေ့လား လူတွေများ အုန်းသီးကြီး တလွယ်လွယ်နဲ့ ရိုက်စရာမရှိ လျှောက်လိုက်ရိုက်နေတယ် လို့တောင် ပြောဖြစ်သေးတယ်။ ကိုယ်ကိုယ်တိုင် ၀ယ်ဖို့လည်း စိတ်ကူးမပေါ်ခဲ့ပါဘူး။

DSLR ၀ယ်ထားတဲ့ ကျောင်းတုန်းက သူငယ်ချင်း လူပျိုကြီးက ရိုက်ထားတဲ့ပုံတွေကို Facebook, Flickr မှာတွေ့တော့ မဆိုးဘူး၊ ကောင်းသားဟ ဆိုပြီး သဘောတော့ကျမိတယ်။ သူဓါတ်ပုံရိုက်တဲ့ Marina Barrage ကိုလိုက်သွားတော့လည်း ရှုခင်းပုံတွေ ရိုက်တာဆိုတော့ ခဏကြာတော့ ပျင်းသွားရော။ ကင်မရာရော၊ Tripod ရော သယ်လာရတဲ့ သူငယ်ချင်းကို သနားတောင် သနားမိတာပ။




 သူငယ်ချင်းနဲ့အတူ သွားတုန်းက သူငယ်ချင်း ရိုက်ထားတဲ့ ပုံပါ http://www.flickr.com/photos/thenorthernstar/3298128770/

အဲ.. ကင်မရာအကြီး လိုချင်တဲ့ ဟာက လူပေါင်းမှားတာက စပါတယ်။ ဘလော့စရေးဖြစ်တဲ့ နောက်ပိုင်း သူငယ်ချင်း အသစ်တွေ ထပ်ရတော့ မောင်ရင် Villager နဲ့ စတွေ့ပါတယ်။ တစ်ရက်လားဟာ ကိုယ့်ဘာသာ အိမ်မှာ နှပ်နေတုန်း သူက ဖုန်းဆက်ပြီး Chinese Garden မှာ ဓါတ်ပုံရိုက်နေတယ် ကြည့်ချင်လာခဲ့ ဆိုတာနဲ့ သွားလိုက်ပါရော။ ဟိုရောက်တော့ Villager အပါအ၀င် ကင်မရာမင်း ၄ ယောက်လောက်က တရုက် စပျစ်သီးတွေကို ဓါတ်ပုံရိုက်နေကြတာကိုး။ ကိုယ်က သူတို့လို အုန်းသီးလည်း မရှိတော့ ဘာလုပ်ပေးရတုန်းဆိုတော့ မီးထိုးမှန်ထိုးလုပ်ခဲ့ရတယ်။ အဲဒီမှာ သင်ခန်းစာနည်းနည်းရတယ်။ အုန်းသီးမရှိရင် တယ်ငုပ်သကိုး ဆိုတဲ့ဟာ။

ဒါပေမယ့် အုန်းသီးဈေးတွေကြည့် ငါနဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ခဏချဉ်ထားလိုက်ပါရော။ နောက်ပိုင်း လန်ကာဝီလည်းသွားဖြစ်ရော ကိုရင်Villager ရယ်၊ နောက်သူ့သူငယ်ချင်း အကိုကြီး တစ်ယောက်ရယ်က DSLR တွေနဲ့ဆိုတော့ သူတို့ဆီက ယူရိုက်ရင်း၊ သူတို့ကို ရိုက်ပေးရင်းနဲ့ ကင်မရာ View Finder ထဲက ကြည့်ရတဲ့ မြင်ကွင်းတွေကို သဘောကျလာပါတယ်။ အပြင်မှာ မြင်ရတဲ့ အတိုင်း ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းလေးမြင်ရတာကိုး။

အဲဒီမှာ အုန်းသီးရောဂါ စထပါတယ်။ သတင်းစာတွေထဲမှာ အုန်းသီးကြော်ညာတွေ တွေ့ရင်ဖတ်၊ ဈေးတွေကြည့် လုပ်ပါတော့တယ်။ တွေ့သမျှ ကင်မရာရှိတဲ့ သူငယ်ချင်းတိုင်းကိုလည်း လျှောက်မေးပါတယ်။ Canon ကောင်းတာလား၊ Nikon ကောင်းတာလား ဘာညာပေါ့၊ ကိုယ်သိတာ တံဆိပ်လောက်ပဲ သိတာကိုး။ ရုံးက လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်ကလည်း မြှောက်ပေးပါတယ်။ ကိုယ်က သူများတွေပဲ ပေးနေရတာ၊ ကိုယ့်ကိုပေးမယ့်သူ မရှိဘူး၊ ကိုယ့်ဘာသာကိုယ် ၀ယ်ပေးလိုက် ဆိုပြီးတော့ပေါ့။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ၀ယ်မလိုလို မ၀ယ်မလိုလိုနဲ့ အီလည်လည် လုပ်နေပါသေးတယ်။ နောက်ဆုံးတော့ နားကြားပျင်းကပ်လာတဲ့ မောင်ရင် Villager က By Force နဲ့ဝယ်ခိုင်းပါတော့တယ်။

ဝယ်တဲ့နေ့မှာ သူ့သူငယ်ချင်းကို လှမ်းခေါ်တော့ ဟိုလူက ကိုယ့်ထက်တောင် စိတ်အားထက်သန်ပါသေးတယ်။ တစ်ခါတည်းရောက်လာပြီး ကိုယ်က ပုံမှန် ဟာ(Canon 500D) လောက်ဝယ်မလို့ဟာကို သူက အဲဒီModel ကို အပြောကို မခံဘူးဗျ၊ သူစိတ်တိုင်းမကျဘူး ဆိုပဲ။ သူက Canon 50D ကို ၀ယ်လိုက်လို့ ဇွတ်ပြောနေတာနဲ့ ၀ယ်ဖြစ်သွားပါတယ်။ အဲဒါတောင် ကိုယ့်လူက 1000 ကျော်တန် lens တွေ တစ်ခါတည်း ၀ယ်ခိုင်းပါသေးတယ်။ သည်းခံလော့ ဒကာ ပြောလိုက်ရသေးတယ်။ ၀ယ်တာက Harvey Norman က၀ယ်ဖြစ်တာပါ။ Boss မဟုတ်တော့ Installment နဲ့ပဲ ၀ယ်ရတာပ။ ၀ယ်ပြီးမှ မောင်ရင် PM က အဲဒီက ဈေးများတဲ့ အကြောင်း ပြောနေသေးတယ်။ ၀ယ်ပြီးမှတော့ ဘာမှ မစဉ်းစားတော့ဘူး။ ဒါပေမယ့် Cash Down ပေးဝယ်မယ်ဆိုရင်တော့ တစ်ချို့ဆိုင်တွေမှာ 200 လောက်သက်သာတယ်လို့ ဆိုပါတယ်။ ၀ယ်တာက 18-55 lens နဲ့ ၀ယ်ဖြစ်တာပါ။ အပြင်မှာ ရှုခင်းပုံတွေ လိုက်ရိုက်တော့အဝေးကို လှမ်း Zoom ဆွဲလို့ မရတော့မှ Lens အရှည်ကို လိုချင်သွားပါတယ်။ အဲဒါကြောင့် နောက်ထပ်ဝယ်မဲ့သူတွေများရှိသေးရင် 18-200 lens ကို တစ်ခါတည်း ၀ယ်ဖို့ ပြောချင်ပါတယ်။ မိုက်မှမိုက်ရင်တော့ အဆုံးစွန်လောက်နီးနီး မိုက်တာပဲ ကောင်းပါတယ်။

ကင်မရာလည်း ၀ယ်ပြီးရော သူများကို ပြောထားတဲ့ ၀ဋ်စပြီး လည်ပါတော့တယ်။ တကယ့်ကို မျောက်အုန်းသီးရပါပဲ။ ဘယ်နေရာက ဘယ်လိုစရမှန်းကို မသိပါဘူး။ အမှန်အတိုင်း ၀န်ခံရရင် အရင်ဒီကင်မရာ မရှိခင်တုန်းက သူများတွေDSLR နဲ့ ရိုက်ထားတဲ့ ပုံကိုကြည့်ပြီး ကင်မရာ ကောင်းလို့ ပုံကောင်းထွက်တယ် လို့ ထင်ခဲ့တာပါ။ ကိုယ့်ဘာသာကိုယ် ရိုက်ကြည့်မှ အဲဒါ မဟုတ်မှန်းသိတော့တယ်။ ဒီကြားထဲ ဘလော့ဂါ အစ်မတစ်ယောက်က သီဟ ငါ့ကိုဓါတ်ပုံရိုက်ပေးစမ်းလို့ ဆိုတော့ အမရယ်၊ ကျွန်တော် ကိုယ့်ကိုယ်ကို သံသယဖြစ်အောင် မလုပ်ပါနဲ့ဗျာ လို့ ပြောလိုက်ရတယ်။ ကင်မရာ မကောင်းတာလား၊ ငါရိုက်တာ ညံ့တာလား၊ သူ့ပုံက နဂိုကတည်းက မလှတာလား ဆိုပြီး စိတ္တဇညတွေ ဖြတ်နေရမှာ စိုးလို့ ဆိုပြီး  ပြောလိုက်ရသေးတယ်။ သူ့မို့လို့လည်း နောက်ရဲတာပါ။ ကျန်တဲ့သူဆို မိတ်ပျက်ပြီ။

ကင်မရာ ၀ယ်ပြီး ဘာမှ မလုပ်တတ်တဲ့ ကိုယ့်ကို သူငယ်ချင်းတွေကလည်း အားပေးပါတယ်။ ပိုက်ဆံ အများကြီး ပေးထားရမှတော့ ခလုပ်တစ်ခုထဲနှိပ်ပြီး တန်းရိုက်လို့ ရအောင် Auto နဲ့ရိုက်ပါလား ဆိုပဲ။ နောက်သူငယ်ချင်း လင်မယားကို ဓါတ်ပုံရိုက်ပေးတော့လည်း ညပိုင်းက မရိုက်တတ်သေးတာနဲ့ ပုံက ထွက်မလာပါဘူး။ သူငယ်ချင်းကတော့ ပြောပါတယ်။ မင်းပိုက်ဆံ သိပ်မရှိတုန်း အဲဒါဝယ်ထားပေါ့ကွာတဲ့ ၊ ပိုက်ဆံရှိမှ ငါတို့လို ကင်မရာ အသေးဝယ် တဲ့။ နောက်တော့ သူငယ်ချင်း လူပျိုကြီးနဲ့ တစ်ရက် ဓါတ်ပုံရိုက်လိုက်ထွက်ပြီး သင်တန်း ပြန်တက်ရပါတယ်။ တစ်ရက်တည်းနဲ့ ဆိုတော့လည်း သိတဲ့ အတိုင်းပဲ ခုထိယောင်ယောင်လည်လည်ပဲ။


သီဟသစ်ရဲ့ တစ်လလုံးရိုက်မှ ထွက်လာသော ဓါတ်ပုံတစ်ပုံ http://www.flickr.com/photos/thihathit_endeavour/4233340661/sizes/l/

တစ်ရက်လားဟာ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေကို ဓါတ်ပုံလိုက်ရိုက်ပေးရင်း တွေ့တဲ့ပန်းအိုးလေးကို ရိုက်ဖြစ်တော့ အထက်ပါ ပုံလေးရလာပါတယ်။ အဲဒီပုံလေးကို ၀မ်းသာအားရ Facebook ပေါ်လည်း တင်လိုက်ရော ကျောင်းက သူငယ်ချင်းတွေက ပြောကြတယ်။ မင်းရိုက်တာမှ ဟုတ်ရဲ့ လားလို့၊ google images မှာ ဘယ်လိုရိုက်ပြီး ရှာသလဲ လို့ etc... etc ပေါ့လေ။

ဒီပို့စ်လေးကို ကင်မရာလေး ၀ယ်ဖြစ်တာ တစ်လပြည့်တဲ့ အမှတ်တရ အနေနဲ့ ရေးလိုက်တာပါ။ မကြာခင် ရွှေနိုင်ငံ ပြန်လည်ရင် မော်ဒယ်လ် ၂ ယောက်နဲ့ ဓါတ်ပုံရိုက်မှာဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါ၏။ (ဘယ်သူတွေရှိရမလဲ နှင်းဆီဖြူလေးနှင့် သားလေး ချန်းချန်တို့ ပေါ့)

English နှစ်ကူးတုန်းက Happy New Year လို့ လိုက်မပြောဖြစ်ခဲ့တဲ့ အတွက် ညီအစ်ကို မောင်နှမ အားလုံးကို တရုတ်နှစ်သစ်ကူးရယ်၊ မြန်မာနှစ်သစ်ကူးရယ် အတွက် ကြိုပြီး Happy New Year လုပ်လိုက်ပါကြောင်း..

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

37 comments:

kaungkinpyar said...

ဟဟ (သီဟ ကို အဖျားစွတ် ခေါ်ခြင်း) တလ လုံး ရိုက်တာမှာ တင်လိုက်တဲ့ ပုံလေး တကယ် လှပါ၏၊ တော်တယ်...

မကျေနပ်တာကတော့....

ဒီကြားထဲ ဘလော့ဂါ အစ်မတစ်ယောက်က သီဟ ငါ့ကိုဓါတ်ပုံရိုက်ပေးစမ်းလို့ ဆိုတော့ အမရယ်၊ ကျွန်တော် ကိုယ့်ကိုယ်ကို သံသယဖြစ်အောင် မလုပ်ပါနဲ့ဗျာ လို့ ပြောလိုက်ရတယ်။ ကင်မရာ မကောင်းတာလား၊ ငါရိုက်တာ ညံ့တာလား၊ သူ့ပုံက နဂိုကတည်းက မလှတာလား ဆိုပြီး စိတ္တဇညတွေ ဖြတ်နေရမှာ စိုးလို့ ဆိုပြီး ပြောလိုက်ရသေးတယ်။ သူ့မို့လို့လည်း နောက်ရဲတာပါ။ ကျန်တဲ့သူဆို မိတ်ပျက်ပြီ။

ဒီလောက်လှတဲ့ မမကြီးကို ယူ မို့ ပြောရက်တယ် အေ...

good luck

ကြည်ဖြူပိုင် said...

ဟယ်
လှလိုက်တဲ့ဓာတ်ပုံလေး
တော်လိုက်တဲ့ကိုသီဟ
အဲလိုမျိုးဖြစ်အောင်ဘယ်လိုရိုက်လဲ
အနော့်ကိုလဲသင်ပေးနော်
တလထဲနဲ့ဒီလိုမျိုးနောက်ခံနဲ့ ပန်းအိုး
ပြတ်ပြတ်သားသားပုံထွက်လာတာ
တော်တယ်လို့ပြောရမယ်
ဒါမှဓာတ်ပုံပညာပါတာ။
အားကျသွားပြန်ပြီ
အုန်းသီးပိုင်ချင်သူတစ်ယောက်တိုးပြန်လေပြီ
:D

Linn Htet Aung said...

အဲအုန်းသီး လိုချင်တယ် . . .

NweYoe

jr.လွင်ဦး said...

စပျစ်ဖြူ ဒီတခါပဲမြင်ဖူးတယ်။း)

Anonymous said...

Anyway, you are better than kobo but u couldn't shoot like veve. ;))))

but i didn't get my photos.


i agreed with ma ma pyar comment.

Bino said...

Good photo and nice presentation.

The camera also good.

BINO

မိုးခါး said...

အဲပုံ ဘယ်ကလဲ ဘယ်တုန်းက ရိုက်လဲ တိဒယ် :D

သက်ဝေ said...

ပြဿနာက အဲဒီက စတာပဲ ကိုသီဟသစ်ရေ...
အမလဲ မိသားစုရဲ့ မေတ္တာတွေ တော်တော် ခံယူနေရတယ်... အဲဒါကြီး ကိုင်လိုက်တာနဲ့ ရှောင် ရှောင် ထွက်ကုန်ကြတာလေ။ အပြင်သွားရင်လဲ အဲဒီအိပ်ကြီးကို ဘယ်သူမှ ကူသယ်မပေးချင်ကြဘူး...
အမက ပိုက်ဆံအိပ် အရမ်းကြိုက်တဲ့သူ ဆိုတော့ ဒီနှစ်ကျပ်ခွဲအိပ်လဲ ကြိုက်ရမှာပေါ့ လို့ ပြောကြတယ်။
ဟုတ်တယ်... ဝယ်ရင် Zoom Lens ပါ တခါတည်းဝယ်မှ... ၁၈-၅၅ နဲ့က ဘာမှ သိပ်ရိုက်လို့မရဘူး...း))

ဆေးစက်ကျရာ အရုပ်ထင်စေ မဟုတ်...
Object တွေ့ရာ ဓါတ်ပုံဖြစ်စေ ဆိုပြီး မလျှော့သော ဇွဲလုံ့လနဲ့ ဆက်ချီတက်ကြတာပေါ့... ဟဲဟဲ

ကိုရင် Villager ရဲ့ ပုံတွေတော့ တွေ့ပါတယ်...
အားကျရုံမှတပါး...း))

*** နောက်ကို ကင်မရာဝယ်ရင် Sim Lim Square က Alan Photo မှာ တချက် ကြည့်ကြည့်ပါ။ အဲဒီနာမည်နဲ့ပဲ Funan မှာ ဆိုင်ခွဲတခုရှိတယ်။ ဈေးအလွန်မှန်တယ် (သက်သာတယ်) ။
သွားကြည့်ပါ မမှားစေရဘူး..း))

ရေတမာ said...

စာလည်းလှ ပုံလည်းလှ
ကျားယို>>>>>>>>>>>>

ဧပရယ်လ်ပူး@ပူးတေ said...

ပူးတေလဲ အုန်းသီးလိုချင်ပေမယ့် ကိုယ်ကဖြင့် နဂိုထဲက လက်မငြိမ် အိုင်ဒီယာမကောင်း ရှုခင်းမခံစားတတ် လူကိုယ်တိုင်ပဲ အရိုက်ခံချင်တာပ။ သို့ကမို့ကြောင့် မပူဆာရဲဘူးလေ။ သူများအုန်းသီးတွေပဲ ထိုင်ငမ်းရုံမှတပါး မတတ်နိုင်ပြီလေ။ :(

ကိုသီဟ ပန်းအိုးပုံလေးမိုက်တယ်။ ပန်းအိုးပဲရိုက်နော် တခြားအိုးတွေလျှောက်မရိုက်နဲ့ဦး နှင်းဆီဖြူလေး ဗိုက်ခေါက်လိမ်ဆွဲနေဦးမယ်။ ထမင်းအိုးတွေ ဟင်းအိုးတွေပြောပါတယ်... ဟိဟိ ခင်လို့နောက်သွားတယ်။ :)

ဒါနဲ့စကားမစပ်.. အလှူနေ့က ဘာလို့လိုက်မလာတာလဲ။ မခင်လို့မှတ်လား။ စိတ်ဆိုးတယ်နော်...
:( မစ္စတာပီကိုတောင်မှ ဦးသီဟသစ်အကြောင်း ပြောပြထားသေးတယ်။ ဒီလူကြီးပေါ့ မိန်းမကလေးပြန်မွေးတုန်း မိန်းမကို လွမ်းလွမ်းနဲ့ ထင်ရာလျှောက်လုပ်နေတာလို့။ :)

စိတ်မဆိုးနဲ့ဦးနော်။ ခင်လို့အများကြီးလျှောက်ရေးသွားတာ...:)

နွေးနေခြည် said...

အဲဒီရောဂါတကယ်မသေးဘူး။း)))))))

ဏီ(န်)ကင်း said...

ဘာပဲဖြစ်ဖြစ်အုန်းသီးလေးအစို့ပေါက်နေပါပြီဗျာ...
အပင်ဖြစ်အောင်လုပ်ပြီးအသီးခူးစားဖို့....ကြိုးစား...
ကျွန်တော်တို့လိုလူတွေကျတော့လည်းအုန်းသီးခူးဖို့က
ပိုက်ဆံမရှိတော့ကင်းမြီးကောက်ပဲထောင်လိုက်တော့မယ်
ခွိခွိ
မတွေ့တာကြာပြီနော်....ဓာတ်ပုံတွေလျှောက်ရိုက်နေတာလား.

ခြေလှမ်းသစ် said...

ဓါတ်ပုံလေးက တကယ်လှတယ်လေ .. နောက်ဆို အုန်းသီး ရှိသွားလို့ ဓါတ်ပုံတွေ အများကြီး တင်တော့ဗျာ

ခရောင်း said...

ပုံလေးနှစ်ပုံပဲတင်ထားတယ်
လန်ထွက်နေအောင် လက်ယာမြောက်တယ်နော်.....။
တော်တယ်ဗျာ တလဆိုတဲ့ အချိန်လေးအတွင်းမှာ ဒီလိုပုံကောင်းတွေဖန်တီးနိုင်တယ်ဆိုတာ ကိုကြီးသစ်တို့ကတော့ လက်ဖျားခါလောက်အောင် တော်တယ်။ ကြိုးစားထား ကို့အကိုကြီးမို့ လေပင့်ပေးတာမဟုတ်ဘူး အရှည်တစ်လုံးလောက် ထပ်ဝယ်အုံး......။ ဒါမှ နှင်းဆီဖြူနဲ့ ချန်းချန်းလေးကို ပုံလှလှလေးတွေ ရိုက်ပေးလို့ကောင်းမှာပေါ့.......။

P.Ti said...

ဝယ်ပြီးတာ တနှစ်ကြာတာတောင် ပုံကောင်းကောင်းမထွက်သေးတော့ တလသာရှိသေးတဲ့ ကသီဟ 50D ကြီးနဲ့ဆို ပုံကောင်းကောင်းတွေ ပိုထွက်မှာပါ... နောက်ပိုင်းမှာ 18-55 ပဲရှိတယ်ဆို နောက်ထွက်စရာတွေ ကျန်ပါသေးတယ်...

ဗီလိန် said...

အော်တိုနဲ့ပဲရိုက်ပါဗျာလို့ ပြောလိုက်မိလို့လား မသိဘူး။ ဦးသီဟသစ်က Focus ကိုတောင် Manual နဲ့ဗျား.....

အရှုံးပေးပါတယ်။ :)

1.8 နဲ့ လက်စွမ်းပြနေတယ်ပေါ့လေ။

မေဇင် said...

;)) ဦးသစ် က တော်ပါတယ်...နောင့် နဲ့ နွေး ကို ကမ်းခြေမှာ ရိုက်တဲ့ပုံလေး တော်တော်ကို ကြိုက်တာ....လူလှလို့ မဟုတ်ပါဘူး...နောက်ခံရော...အရောင်တွေရောကို ကြိုက်တာပါ...နာမည်ကြီး ဓာတ်ပုံဆရာ ပိုက်ဆံပေးပြီး ခေါ်ရိုက်ရင်တောင် အဲ့လောက်လှမှာမဟုတ်...း)) ။

နောက်လဲ များများ ရိုက်ပေးနော်...။

tg.nwai said...

အော်..နှစ်ကျပ်ခွဲတန် အုန်းသီးကြီး ရတာနဲ့ ပုံကောင်းကောင်းတွေ ထွက်ပြီပဲ အောက်မေ့နေတာ..မဟုတ်ဘူးလား..အဲဒီလိုဆို မဖြစ်သေးဘူး..ခလုတ်တခုထဲ နှိပ်ရတာတောင် လက်ငြိမ်ငြိမ်ထားပြီး ခြေပြတ်ခေါင်းပြတ်တွေ ထွက်မလာအောင် မနည်း ရိုက်နေရတာ..တို့တွေတော့ မမီသေးပါဘူးကွယ်...:(

ဒါနဲ့ ပုံလေးကတော့ တကယ်လှတယ်..အရေအတွက်က အဓိက မဟုတ်ပါဘူး.. အရည်အသွေးကသာ ပဓာနပါ.. ဟဲဟဲ...နောက်ဆို ပုံကောင်းကောင်းတွေ မြင်ရတော့မှာပေါ့...

MrDBA said...

ဒို့ကိုလဲ ရိုက်ပေးပါ ကိုကိုသစ်

Unknown said...

ပုံလေးလှပါတယ်
နောက်တော့ အဆင်ပြေသွားမှာပါ

Villagers ရဲ့ ပုံတွေ က ရှုခင်းတွေ လှပါတယ်
Model တွေ က စကတ်သိပ်တိုနေတယ်

ကလူသစ် said...

အင်း တချို့ကတော့ မွဲဆေးဖေါ်တယ်လို့ သတ်မှတ်ကြတယ်

တလနွန် said...

အုန်းသီး ကို သေသေချာချာဖတ်မှတ်သွားတယ်... မ၀ယ်နိုင်သေးတော့ ကလုကလု လို့  မျိုချရင်းပေါ့လေ :)
ဦးသစ် ရိုက်ထားတဲ့ ပုံ မိုက်တယ်... ကြည်တယ် အနုပညာမြောက်တယ်...

ခင်မင်ခြင်းများနှင့်
တလနွန်

ရွှေပြည်သူ (ShwePyiThu) said...

တစ်လစာဓာတ်ပုံက တစ်လစောင့်ရလောက်အောင် တန်လို့ ငေးမောသွားပါတယ် ကိုသီဟသစ်ကြီးရေ... (တစ်လလုံးရိုက်လို့မှ အဲလိုတစ်ပုံမထွက်တဲ့ သူတွေရှိကြောင်းလည်း အသိပေးအပ်ပါသည်။) အုန်းသီးရောဂါကတော့ လက်ထဲအုန်းသီးရောက်မှပဲ ပျောက်တာကိုး။ ဝယ်သာဝယ် အစ်ကိုရေး) နောက် ကိုယ်ပိုင်မော်ဒယ်လ် (၂) ယောက် (မနှင်းဆီဖြူနဲ့သားလေး) ရှိတာ နည်းတဲ့ကုသိုလ်ကံလား...

Libratun said...

အုန်သီးဆိုလို့ ဘာမှန်းမသိလို့။ ခုတော့သွားပြီဗျာ သွားပြီ။ အဲဒီ့ကိစ္စ မျက်လုံးထဲက ထုတ်ထားတာ နှစ်ပတ်တောင် မရှိသေးဘူး။ ခုတော့ ၄ လ လောက် တရားပြန် မှတ်ရတော့မယ်။ တဏှာ ပစ္စယ ဥပါဒါန်။ ကိုရွာသား ငှက်ရဲ့ပုံကို အရမ်းကြိုက်တယ်။

DSLR Stranger (dslrstranger) said...

"မိုက်မှမိုက်ရင်တော့ အဆုံးစွန်လောက်နီးနီး မိုက်တာပဲ ကောင်းပါတယ်" ... ကောင်းလိုက်တဲ့စာသား :)
ဟုတ်ပါတယ်...မသိတဲ့လူတွေတော်တော်များများတော့ Kit Lens ကိုပဲဝယ်လိုက်တာများတယ် (me too!! :)).
ဝယ်လို့သုံးပြီးသိပ်မကြာခင်မှာ ပြောင်းရှည် လိုချင်လာပြန်ရော.. ပြောင်းရှည်ရလာတော့လည်း နောက်ပိုင်းကျ အပါချာ (ပန်ချာပီ မဟုတ်ပါ;)) ကောင်းကောင်းလိုချင်လာပြန်ရော.. ရလာပြန်တော့ ဖလတ် ဖလတ် ငါးအရှင်တစ်ကောင် အဲလေ Flash ကောင်းကောင်း Manual ပါတာလိုချင်လာပြန်ရော... အဲဒီကတခါ မှန်လေးခံတာတို့ ၀ိုက်အန်ကယ် (White Uncle မဟုတ်ပါ) ခံတာတို့ ပုရွတ်ဆိတ်, ဂျပိုး တို့ကို သေချာလေ့လာဖို့ ရာ မာကိုပိုလို(Macro :P) လိုလာပြန်ရော.. အင်း..ပြီးတော့မှာ မဟုတ်လို့ ဒီမှာပဲ စတော့လိုက်တော့မယ်.. :)

500D ထက်စာရင် ကိုသီဟသစ် 50D ၀ယ်လိုက်တာ တန်ပါတယ်. နောင်မှတစရာ အကြောင်း မရှိလောက်ဘူး လို့ထင်ပါတယ်။
At least you have prosumer level camera when compare to entry level like 500D.
But the man behind the camera is the main key!!! :)
Happy holding အုန်းသီး :P

စိုင်းစိုင်းလားရှိုး said...

ဆရာ အုန်းသီးလေး မိုက်တယ် ဆိုတာထက် ဆရာတောင် တော်တော်ရိုက်တတ်လာပြီ။ ( ကိုးမီး ) နောက်တာပါ ဆရာရယ် ဓါတ်ပုံလေး လှတယ်။

ဆောင်းနှင်းရွက် said...

မိုက်မှ မိုက် အဆုံးစွန်ထိ မိုက်တဲ့ ...

ဘလော့တစ်ခုလုံး အဲ့ဒါပဲ မှတ်မိတယ် ....
ခုတော့ မမိုက်နိုင်သေးဘူးးး ...
မိုက်နိုင်တဲ့ အချိန်ကျရင်တော့ လားးးးးး
ဟဲဟဲ ..
ဘယ်ရမလဲ ...
ဝယ်အုံးမှာ ....

လူပျိုကြီး said...

သူများတွေကတော့ မြောက်ပေးနေတယ် ဟိုဟာဝယ် ဒီဟာဝယ်နဲ့ ဒီကအကြောင်းသိဆိုတော့ အတွင်းစကား သူများမသိအောင် မေးပါဦးမယ်။ အခုဝယ်ထားတဲ့ အုန်းသီးကို နှင်းဆီဖြူကို ဘယ်လို စာရင်းပြမှာလဲဆိုတာက စဉ်းစားပြီးပြီလားဟင်။ အကြံပေးလိုတာက ပြောင်းတိုပြောင်းရှည်ကို တစ်ခါတည်း စာရင်းပေါင်းပြဗျာ အဆူခံရလည်း တစ်ခါတည်းပေါင်း မဟုတ်ရင် နှစ်ခါသုံးခါဖြစ်မယ်။

kaungkinpyar said...

အဲ့ လူပျိုကြီး အတွင်းစကားတွေ ဘယ်လို သိပါလိမ့်...:O

MrDBA said...

လိုအပ် ပစ္စည်းများ အတွက် ဘတ်ငွေဆိုတာ လိုလာလိမ့်မယ်။ ဥာဏ်ရှိသလို ဘတ်ပါလေ .. အဲလေ သုံးပါလေ။

MM said...

ကင်မရာက မိုက်တယ်ကွာ အားကျတယ်။
ရိုက်ထားတဲ့ပုံလေးလှတယ်။
တော်လိုက်တာ။
လေးစားစွာဖြင့်။

JulyDream said...

စပျစ်သီးကို လိုက်ရှာလိုက်ရတာဗျာ။ နောက်ဆုံးတော့ တွေ့လိုက်ပါတယ်။ စပျစ်သီးလေးပေါ့။ =)

ငစနေ said...

ကိုသီဟရေ ... လူပေါင်းမှားမယ်နော်။ :D ကျွန်တော်တော့ ဒီရက်ပိုင်း အပြင်သိပ်မထွက်ဖြစ်တာနဲ့ အုန်းသီးမကိုင်ဖြစ်တာကြာပြီ။ blog ကို link လှမ်းလုပ်ပေးတဲ့အတွက် ကျေးဇူးပါဗျို့ :)

မြရေလျဉ် said...

ဒါပေမယ့် ဦးသစ်မှာ အဲ့ဒီ့ အုန်းသီးရှိနေသမျှ မြနဲ့လုံးဝ မိတ်မပျက်စေရဘူး
ဒီနေ့တောင် မိတ်ကပ်တွေထပ်ဝယ်ထားတယ်
နောက်တစ်ပတ်နေရာထပ်ရွေးပြီး လန်းကြတာပေါ့

juli said...

vista ဆီကမျောက်အုန်းသီး ဖတ်ပြီးမှ လာဖတ်တာဆိုတော့ သဟသကို အဲ့ဒီ မျောက်ပုံစံပဲ မြင်နေတော့တယ်.. :P

flowerpoem said...

ကိုသီဟ အုန်းသီး က ဘာကြိးတုန်း :P

Phyo Maw said...

မိန်းမဆီ ပိုက်ဆံလျော့ပို့မယ်ဆိုလား??