Sunday, May 17, 2009

ရွှေနိုင်ငံခရီးနဲ့ ဟိုတစ်စ ဒီတစ်စ (နိဂုံး)

အရင်ပို့စ်က ရေးသာရေးလိုက်တာ သူနာပြု အကြောင်းဖတ်ပြီး လာဖတ်တဲ့ ညီအစ်ကို မောင်နှမ တွေ စိတ်ညစ်သွားကြရင်ခွင့်လွှတ်ပါ။ သီဟသစ်လည်း ကြုံခဲ့ရတဲ့ အတိုင်း ရေးလိုက်တာပါ။ နောင်လာနောက်သားများ သတိထားနိုင်ကြစေရန်ပေါ့ခင်ဗျာ။


ဘေဘီလေးနဲ့ နှင်းဆီဖြူ

အဲဒီလို ကလေးကို သွေးစစ် ဓါတ်ကင်လုပ် ဆရာမ ထင်တိုင်းကြဲနေတဲ့ အချိန် အထူးကုဆေးခန်းမှာက သီဟသစ်အမျိုးသမီး နှင်းဆီဖြူ ရယ် သူ့ညီမလေး(ဆေးကျောင်းတတိယနှစ်) ရယ် နှစ်ယောက်ပဲ ရှိတာပါ။ လူကြီးတွေ တစ်ယောက်မှ မရှိကြဘူးလေ။ အဲဒါနဲ့ သီဟသစ်တို့ အမား (နှင်းဆီဖြူ့အမေ)က သူ့သမီးနား ၂၄ နာရီ မပြတ်စောင့်ရမယ် ဆိုပြီး သီဟသစ်ရဲ့ အဖေ နှင့် အမေရယ်၊ အမားရယ် တစ်လှည့်စီစောင့်ကြပါတယ်။ သီဟသစ်ကတော့ MD ဆိုတော့ ၀င်လိုက်ထွက်လိုက် နေလိုက်ပေါ့။ MD ဆိုတာ Motorcycle Driver ပါ။ လူကြီးတွေကို လိုက်ပို့လိုက် လိုတာလေး သွားဝယ်လိုက်ပေါ့။ မအားတဲ့ကြားကပဲ ငှားနေကျ စာအုပ်ဆိုင်ပြေးပြီး စာအုပ်ငှားဖတ်ရသေးတယ်။

အဲဒီနေ့ညနေမှာပဲ အမားက ကလေးအထူးကုဆရာဝန်နဲ့ သူနာပြုဆရာမကို နောက်နေ့က စပြီး မခေါ်တော့ဘူးဆိုတာ ကောင်တာမှာ သွားပြောခိုင်းပါတယ်။ သီဟသစ်သွားပြောတော့ ကောင်တာက Supervisor လိုမျိုးလူတစ်ယောက်က ဘာဖြစ်လို့ မခေါ်တော့တာလဲ မေးတော့ သီဟလဲ ကျွန်တော့ အမားက သူတို့ အသိဆရာဝန်နဲ့ပဲပြတော့မယ် ပြောလိုက်လို့ ဆိုပြီး ပြန်ပြောပါတယ်။ အဲဒီတော့ သူက ခင်ဗျားအမားက ဆရာဝန်လား၊ ခင်ဗျားက ဆရာဝန်လား၊..ဆိုပြီး ဆရာဝန်လားပေါင်းများစွာကိုမေးပါတယ်။ သီဟသစ်လည်း ဆယ်တန်းအောင်တုန်းက ဆေးကျောင်းကို မတက်မိတာကို ပထမဆုံးအကြိမ် နောင်တရမိသလိုလိုဖြစ်သွားပါတယ်။ မဆီမဆိုင် ခင်ဗျားတို့ညီမ 3rd MB က တစ်ယောက်ရှိတယ်ဆို၊သူ့အတွေ့အကြုံနဲ့ ကလေးအထူးကု အတွေ့အကြုံနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး ဆိုပြီးပြောသေးတာ။ (ယှဉ်စရာ အကြောင်းမှမရှိတာ) နောက်တော့ ဆရာဝန်မခေါ်ချင်ရင် လက်မှတ်ထိုးဆိုတော့ သီဟသစ်လည်း လက်မှတ်ထိုးခဲ့တာပေါ့။

ဆေးခန်းဆက်ဆံရေးကောင်းပုံက အဲလိုဆရာမ မခေါ်တော့ဘူး သွားပြောပြီး နောက်ပိုင်း သီဟသစ်တို့ကို မကြည်တော့ဘူး။ ဖုန်းလာရင်လည်း ၂ ခါလောက်ခေါ်ပြီးမှ ကောင်တာက လိုင်းလွှဲပေး၊ နေ့စဉ် ဒီနေ့ ဆေးရုံဆင်းတော့မှာလား လှမ်မေး လုပ်တော့တာပဲ။ ဆေးခန်းမှာလည်း ကြိုတင်ငွေသွင်းထားတာပိုနေတော့ ဆေးခန်းက ဆင်းတဲ့နေ့မှာ သူတို့က အမ်းရမှာ ဆိုတော့ သေချာအောင်များ တွက်နေတာလားမသိ။ မနက် ၇ နာရီကနေ စာရင်းကိုရှင်းပေးပါပြောတာ ၁၁ နာရီမှသိရတယ်။ ဆေးခန်းနဲ့ ပက်သက်တာ ဒါလောက်ဆို တော်ပါပြီလေ။ (ဆရာမကို နို့မှုန့်ဝယ်ခိုင်းတာ ဖွင့်ပြီးသား နို့မှုန့်ဘူးကြီး ယူလာပြီး ကလေးကို တိုက်ပြီးတိုင်း ချက်ချင်းအိပ်ပျော်သွားတာတို့၊ နှင်းဆီဖြူရဲ့ ဘေးမှာ ဆရာမက ၀င်ဝင်အိပ်နေတာတို့ မပြောတော့ပါဘူး။ :D)

နောက်ရက်တွေမှာ ၀ယ်လာခဲ့တဲ့စာအုပ်တွေ အကြောင်း ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေ အကြောင်းရေးပါ့မယ်..

Bonus:
တွေ့ရင်ပြောမယ်
ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့ အတင်းဆွဲခေါ်လာသည်။

ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။

"ပိုက်ဆံရှိသလား"
"မရှိဘူး"

ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ် ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။

"ရွှေကောရှိသလား"
"မရှိဘူး"

"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။

"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"

"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊ တွေ့ရင်ပြောပါ့မယ်။"

30 comments:

:P said...

တော်တော်ဆိုးပါလားအေ....။ ဘယ်ဆေးခန်းလဲ ဆိုတာ
ပြောပြန်ရင်လည်း သူများစီးပွားရေး ဒုတ်နဲ့ထိုးရာရောက်ဦးမယ်နော်....

ourstream said...

ဟားဟား တွေ့ရင်ပြောမယ်ဗျို့....

ကိုသီဟရဲ့ အတွေ့အကြုံတွေကို ဖတ်သွားပါတယ်....။

ခင်မင်ခြင်းများနှင့်....

Rita said...

အေးလေ ဘယ်ဆေးခန်းလဲ ဆိုတာ ပြောလိုက်ပါ။ ဒါမှ ရှောင်လို့ရအောင်။ သူများ စီးပွား တုတ်နဲ့ထိုးတယ်တော့ မဟုတ်ဘူးပေါ့။ သူတို့စီးပွား သူတို့ဘာသာ တုတ်နဲ့ ထိုးပြီးသား မဟုတ်လား။

ရွှန်းမီ said...

မွေးပေးတဲ့ဆေးရုံက သူနာပြု ဒေါ်ဒေါ်တွေကို ပြေးရှိခိုးချင်စိတ် ပေါက်မိတယ်..

MrDBA said...

ပြောခုပြော ဆေးခန်းနာမည် အခုပြော။ အရီးယူပလိုက်မယ်။ ဟွန်း။

Anonymous said...

ဆေးခန်းနဲ့ ပတ်သက်တာတွေ မှတ်သားသွားတယ်ဗျ။ ဒီဘဝ မကြုံတောင် နောင်ဘဝတော့ ကြုံရင် အဆင်ပြေအောင်ပေါ့။ :P ဒီဘဝမှာတော့ သိပ်မသေချာသေးဘူး။ ခုမှ.. စလုံး ရေ..စ ။ ဟဲဟဲ။ ကိုချူချာလောက်တော့ အဖြစ် မဆိုးသေးဘူး။ ကျနော်က ရေကြည်နေတဲ့ ဆိပ်ကမ်းမှာ အနှစ်ခံနေရတာ။ Bonus တွေကတော့ ဘဝအမောတွေကို တကယ် ပြေစေတယ်ဗျာ။ များများ နပ်ပေးပါ။

Ree Noe Mann said...

လာဖတ်သွားပါတယ်။
အတွေ့အကြုံလည်းယူသွားပါတယ်။

ကိုရီနို

နွေးနေခြည် said...

အသက်တရာမနေရ အမှုတရာကြုံရ

မြစ်ကျိုးအင်း said...

တသက်စာ မျှော်လင့်ခြင်းအတွက် တခုခုပြန်ပေးလိုက်ရ တယ်သဘောထားလိုက်ပါဗျာ...။
ကမ္ဘာဦး က ဇာတ်ညွှန်းအတိုင်း ကိုယ့်လူက အိမ်ထောင် ပြုခဲ့တာကိုး...ဒီတော့ ဇာတ်ပို့တွေရဲ့ သရုပ်ဆောင် မကောင်းတာနဲ့ ကြုံရတာလို့ပဲဖြေရမှာပဲ...
MD သီဟရေ bonus လေးတွေ မက်မောတတ်အောင်လုပ်ပါ့...။

မမသီရိ said...

ဘုရားစူး အထူးကု ဆေးခန်းပါလားကွယ်..း)

ZT said...

အင်း။ မြန်မာအိုင်တီပရို ကလူတွေရဲ့ လေသံနဲ့ ပြောရရင် မြန်မာပြည်မှာ Customer Service ကို အတော် သင်ပေးဖို့ လိုသေးတယ်။

Phyo Maw said...

မေး ။ ။ ဆရာဝန်ရှိလား ပြော
သီသီ ။ ။ မရှိဘူး
ရေထဲ ခပ်နာနာထပ်နှစ်သည်။ :P

အဖြစ်က အဲလို အဲလိုကိုး။

ဂျူနို said...

သီဟရေ
ဆေးခန်း နာမည်လေးတော့ ပြောပါ။
များသောအားဖြင့် ဒင်းတို့ ပိုင်တာပဲ။
နောက်ရှောင်ရအောင်ပေါ့။

လူနာဝယ်ပေးတဲ့ဆေးနဲ့ မိုးရေနဲ့ လဲထိုးပေးတာတော့ ဆေးရုံမှာ ကြုံဖူးတယ်။

ဝိုင်းတိုင်လိုက်တာ ရာထူးတိုးပြီး ကုတင်၃၀၀ဆေးရုံပြောင်းသွားတယ်။ ဟေဟေ

kaungkinpyar said...

အတွေ့အကြုံတွေ အတွေ့အကြုံတွေ သင်ခန်းစာပေါ့ သီဟရေ၊ နောက်တယောက်ကျ ရှောင်လို့ ရပီ :)

စိုင်းစိုင်းလားရှိုး said...

သီဟ ဒါမျိုးတွေလည်း ရှိတာကိုး အော်အော်အော်....

yehtutnaung said...

ကိုသီဟရေ.. ဆေးခန်းနာမည်ပါ တခါတည်း ထည့်ရေးလိုက်ရောဗျာ။ သူ့ စီးပွား သူခွဲနေတာပဲကိုး။ သေချာတယ်.. နောက် customer တွေလာရင် ရှေ့ မှာ ပြုံးချိုအောင် ဆက်ဆံပြ၊ ဂွင်ထဲရောက်လာမှ အသာရိုက်ချ ဦးမှာ ထပ်မြင်ယောင်သေးတယ်ဗျာ။

Moe Cho Thinn said...

ဆရာဝန်လား မေးတဲ့သူကို ရေထဲ ကြာကြာနှစ်ပစ်ခဲ့ရမှာ MD ရဲ့။

မိုးခါး said...

ခက်တော့တာပဲနော် .. ညီမလည်း မြင်ဘူး ကြားဘူးပါတယ် .. ဆေးခန်းက အဖြစ်တွေကို .. ဒေါသလည်းထွက်ပါရဲ့ ..

တလနွန် said...

ကိုသီဟသစ် တို့ ကြုံခဲ့တာ တော်တော်ဆိုးတယ်နော်..
မြန်မာပြည်ကဆေးခန်းတွေက ဘာကြောင့်များ စိတ်ဓါတ်တွေ ညံ့ရတာလဲဗျာ..တွေးရင် စိတ်ညစ်တယ်

ကြည်ဖြူပိုင် said...

တော်တော်ဆိုးတဲ့ ဆေးခန်းပဲ။ ကြည့်စမ်း........သူများရဲ့ယောက္ခမတွေကို လူလည်ကျ ကြတယ်။ နေဦးသိဦးမယ်။ လုံးဝမခံဘူး။ ယောက္ခမကြီးတွေ ခံပြီးသွားပြီ။ ဟိဟိ ။:P

အလကားစတာနော်။ အဲ့ဒိလိုဆေးခန်းတွေ မြန်မာပြည်မှာပေါမှပေါ။ အမှန်ပဲ။

ဖိုးဂျယ် said...

ဘုရား ဘုရား အဲ့လောက် ဆံဆက်ရေး
ကောင်းမွန်နေရင် အောင်မြင်ဦးမယ်။
တော်သေးတာပေါ့ ကျွန်တော်တူမလေးတုန်းက
အဲ့လောက် မဆိုးဘူးထင်တာပဲ ဟီး

ခင်တဲ့ ညီလေး ဖိုးဂျယ်

Anonymous said...

ကိုMD ... ဟီးဟီး ... ဘာများလဲ မှတ်တယ် မော်တော်ဆိုင်ကယ် ဒရိုင်ဘာကိုး ... ဟဟ .. စကားမစပ် ကလေးပိစိ နီတာရဲလေး အသည်းယားလိုက်တာဗျာ .. တစ်ခါလောက် ဒီကိုပေးကြည့်စမ်းပါ ... ပါးကို ၂ ချက်လောက်ဆင့်ကိုက်လိုက်ချင်လို့ :D

သဇင်ဏီ said...

မရောက်တာအတော်ကြာသွားတယ်..
ရာထူးတွေတောင်တိုးနေပါရောလား =)

flowerpoem said...

Bonus ကိုဖတ်ပြီး ရီရတယ်ဗျာ

ဂျပန်ကောင်လေး said...

ပျော်စရာကြီး.. မိသားစုနဲ့.. အားကျလိုက်တာ.. ဟီးဟီး

ကြယ်ပြာ said...

ဖတ်သွားပါ၏ .... ကလေးလေးရှိတော့ ပိုပျော်ဖို့ကောင်းမယ်နော် ...း)

♥ Acacia ♥ said...

မိသားစုပုံလေးလည်း တင်ပါအုံးဗျို့ ကြည့်ချင်လို့ :)

နှင်းဆီနက် said...

ဆေးရုံ၊ ဆေးခန်းတွေကများလာပေမဲ့ ၀န်ဆောင်မှုတွေကတအားလိုနေပါသေးတယ် ငွေမျက်နှာတခုပဲကြည့်တာ ဝေဒနာရှင်တွေအတွက် ထပ်မံဝေဒနာတိုးစေပါတယ် ကိုယ်တွေ့လေးဖတ်ပြီးစိတ်မကောင်းစွာနဲ့ အပိုဆုလေးကိုရယ်သွားပါတယ်

ခင်တဲ့

နှင်းဆီနက်

tg.nwai said...

အမလေးနော်..ကိုသီဟလည်း ကလေးတစ်ယောက်နဲ့ အတွေ့အကြုံသစ်တွေ ရသွားပြီပေါ့..။ တို့များက သုံးယောက်ဆိုတော့ သုံးမျိုး..ဟဲဟဲ..။ ကလေး သုံးယောက်စလုံး အသားဝါပါလာတယ်.. မီးပြရတယ်..သားကြီးကတော့ အဆိုးဆုံးပဲ..သွေးလဲလိုက်ရတယ်..သွေးလဲတော့ အေဘီကို မှားပြီး အေသွေးသွင်းမလို့..သူ့အဖေ သတိရှိပေလို့ တော်သေးရဲ့.. ဟင်း (သက်ပြင်းချတာ)။ သူနာပြုနဲ့လည်း အဲလိုပဲ.. ရန်ဖြစ်ရသေးတယ်.. သူ့ကို မယူတော့ဘူးလို့ ကောင်တာမှာသွားပြောလို့ ရန်လုပ်နေသေးတယ်..။ ဘယ်နှယ့်...ကလေးကို ညဖက် ပေါင်ပေါ်တင်ပြီး အိပ်ပျော်နေတဲ့ ဆရာမ..ကလေးက လိမ့်ကျတော့မှာကို ဗိုက်ခွဲထားတဲ့ တို့ကလည်း မထနိုင်.. အသဲယားလိုက်တာ မပြောပါနဲ့တော့..။

နောက် ကလေးတွေကျ မကောင်းတဲ့ ဆရာမနဲ့ ကြုံရင် ရန်မဖြစ်တော့ဘူး..သူ့ကို အအိပ်ခိုင်းပြီး ကိုယ်တွေ ဘာသာပဲ ကလေးကို သွင်းလိုက်ထုတ်လိုက် ကြည့်ကျက်လုပ်လိုက်တော့တယ်..။

အတွေ့အကြုံတွေပေါ့...။
အကုန်လုံးကို သိမ်းကြုံး မပြောပါဘူး။ ဒါပေမယ့်.. ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်ပေါ့..:)

ရွှေပြည်သူ (ShwePyiThu) said...

ဘလော့တွေဖက် မရောက်ဖြစ်လို့ အခုမှ သားလေး အကြောင်းကို ဖတ်မိပါတယ်။ ကိုသီဟသစ်နဲ့ မနှင်းဆီဖြူတို့ရေ... Congratulations ပါ။ မျိုးဆက်သစ်လေးအတွက် အရမ်းဝမ်းသာ ဂုဏ်ယူနေကြမှာပဲ။ သားလေး Champ Champ ကျန်းမာထက်မြက်ပြီး မိဘကျေးဇူးသိတတ်တဲ့ နိုင်ငံသားကောင်းလေး ဖြစ်ပါစေ...