ဝဋ်ဆိုတာ
အင်း.. အရင်ဘ၀ ဘုရင်ဖြစ်ခဲ့တုန်းက ကိုယ့်တိုင်းသူပြည်သားတွေ ကိုယ့်နိုင်ငံထဲမှာ နေလို့မရအောင် လုပ်ခဲ့ဖူးသလားမသိ။ နေ၀င်မီးဖြတ်လုပ်ခဲ့ဖူးသလားမသိ။ အကောက်ခွန်တော်တွေ များများဆက်စေလို့များ အမိန့်ချခဲ့ဖူးလားမသိ။…မသိ။..မသိ။
သနားတယ်ဆိုတာ
အလွယ်ဆုံးလို့ထင်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ထက်နိမ့်တဲ့သူကို သနားရတာ အားလုံးလုပ်နိုင်တယ်လေ။ မုဒိတာပွားဖို့တော့ တယ်ခက်တာ။ သီဟသစ် ဒီရောက်ခါစက အလုပ်က offer ရပြီး pass က တန်းမကျသေး၊ ၂ ပတ်လောက်စောင့်နေရချိန် အတူနေတဲ့သူတစ်ချို့က သနားပါတယ်ပေါ့။ pass လည်းကျ၊ အလုပ်လည်းဝင်ရော စကားတောင်ကောင်းကောင်း မပြောတော့ဘူး။ ကိုယ်ကိုယ်တိုင် အဲလိုစိတ်တွေ တစ်ခါတစ်လေ ပေါ်တတ်လို့ ကိုယ့်ကိုယ်ကို ဆုံးမရပါတယ်။
စိတ်ချမ်းသာတယ်ဆိုတာ
တစ်ခါတစ်လေကျတော့လည်း စိတ်အလိုတွေလိုက်နေတိုင်း စိတ်ချမ်းသာတာ မဟုတ်ပါဘူး။ ကိုယ်တကယ်လုပ်စရာ တစ်ခုခုရှိနေတာကို မလုပ်မိရင်လည်း မသိစိတ်က ပူလောင်နေပြန်ရော။ အဲဒီတော့ လုပ်ချင်တာနဲ့ လုပ်သင့်တာလေးတွေ တွဲလုပ်ရမှာပေါ့လေ။ လုပ်ချင်တာတွေ အရင်လုပ်ပြီး လုပ်သင့်တာ လုပ်တဲ့အချိန်ငိုက်နေတော့လည်း ခက်သားလား။
စွံတယ်ဆိုတာ
(ရေးတော့ရေးဖို့ပဲ။ စာအကြမ်းထဲမှာ ရိုက်ပြီးသား။ တကယ်ရေးရင် Feminist တွေနဲ့ ဖိုက်နေရမှာစိုးလို့ ထားခဲ့ပြီ)
ဘလော့ရေးတယ်ဆိုတာ
ကိုယ့်စိတ်ထဲမှာ စဉ်းစားမိတဲ့ အကြောင်းအရာလေးတွေ ပျောက်ပျက်မသွားအောင်၊ ကိုယ်ထပ်ခါထပ်ခါတွေးနေမိတဲ့ အရာလေးတွေ မတွေးမိတော့အောင်၊ အတွေ့အကြုံလေးတွေ မျှဝေရအောင် အဲဒီရည်ရွယ်ချက်လေးနဲ့ပဲ ရေးပါတယ်။
ကဲစာဖတ်ဖြစ်တဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ဆိုတာတွေကရော…
ခင်မင်စွာဖြင့်
သီဟသစ်
Bonus
၁)ဆုံးဖြတ်ချက်
စာရေးမောင်မြက သူ့အရာရှိအကြောင်း မိတ်ဆွေများအား ပြောပြသည်။
"ကျွန်တော့ဆရာဟာ ဆုံးဖြတ်ချက်မချခင် ပတ်သက်တဲ့ အချက်အလက်မှန်သမျှကို ဂရုတစိုက်ကြည့်တယ်၊ အနုလုံပဋိလုံ စဉ်းစားတယ်၊ အဲဒီနောက်မှ ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်တယ်"
၂)တော်တဲ့ပုံ မဆောင်စမ်းပါနဲ့
ပင်လယ်ကမ်းစပ်တွင် ကိုချုချာ ငါးမျှားနေသည်။ ရုတ်တရက် အမေရိကန် ရေငုပ်သင်္ဘောပေါ်လာသည်။ အမေရိကန် ရေတပ်ဗိုလ်ကမေးသည်။
"ဟဲလို ဆိုဗီယက် စစ်သင်္ဘော ဘယ်ဘက်ကို မောင်းသွားသလဲ၊ မြင်လိုက်ရင် ညွှန်စမ်းပါ။"
ကိုချုချာ လက်ညှိးညွှန်ပြသည်။
"North West ပဲ၊ Thank you"
အနောက်မြောက်ဘက်သို့ ဦးတည်ကာမောင်းရန် အမေရိကန် ရေငုပ်သင်္ဘော ကပ္ပတိန် အမိန့်ပေးလိုက်သည်။ မကြာမီ ဆိုဗီယက်ရေငုပ်သင်္ဘောပေါ်လာသည်။ ချူချာကိုမေးသည်။
"ဟေ့ ရဲဘော်ချူချာ၊ အမေရိကန် ရေငုပ်သင်္ဘော ဘယ်ကိုထွက်သွားသလဲဗျ"
"North West "
"ဟာ သူများအထင်ကြီးအောင် ရွတ်ပြမနေစမ်းပါနဲ့ လက်ညှိးနဲ့သာ ညွှန်စမ်းပါ"
37 comments:
မပြောချင်တာ ကိုဖတ်ချင်တယ်။
ဖန်သကြိုးဆိုတာ သီဟသစ်၏ မွေးစားသား
( ကဲ ဘယ်သူ ခေါ်ရဲသေးလဲ ယောက္ခမလို့)
:D
အင်း....
သီဟသစ်ဆိုတာကလဲ... (မရေးတော့ပါဘူး... တကယ်တော့ ရေးပြီးသာ ပြီးမှ ပြန်ဖျက်လိုက်တာ)
ဟားဟား.. ကလဲစားချေသွားသကွ...
းဝ)
တိုင်မှာ တိုင်မှာ သီဟသစ်ဆိုတာ တိုင်မှာ တိုင်ကို တိုင်ဦးမှာ
ဝဋ်ဆိုတာကတော့ ချက်ချင်း လိုက်တတ်တယ်...
ပြန်ဖျက်လိုက်တယ်ဆိုတာကြီးကို ဖတ်ချင်ပါတယ်။ ဒါမှ "..ဆိုတာ" ပြည့်စုံမှာမို့ပါ။ :))
ဟီး..
ဖတ်ပီးမှ ခေါင်းပန်းလှန်ပီး ဆုံးဖြတ်တယ်
အဖြေက ရီရတယ်
မြတ်နိုး
အကိုဆီကနည်းသစ်လေး တစ်ခုရသွားပြီ.. ကျနော်လည်းနောင်များမှာ စာဖတ်သူတွေကရော... ဆိုတာပဲလုပ်တော့မယ်....ဟဲဟဲ
အမှန်တွေပြောနေပ့ါလား..
မှန်ကန်ရင် ရဲဖမ်းခံရမယ်နော်.......... အတွေးနဲ့အရေးကို သဘောကျတယ်..
ခေါင်းပန်း လှန်ပြီးအဖြေထုတ်တာ... စွံတယ်ဆိုတာကို သိချင်တယ်။ ပြောပြပေးပါနော်။
အင်းး..စွံတယ်ဆိုတာ မျက်စေ့..ဟီဟိ...နောက်တာနော် ကိုကြီး...း-)
မမကွမ် ပြောသလိုပဲ.....။အဲဒါကို ဖတ်ချင်တယ်..။
ယောက်ခမကြီး
ခေါ်ရတာ အားရှိလိုက်တာ။ သားပေးတာ မပေးတာ အသာထား။ ခုလောလောဆယ်ခေါ်လိုက်ဦးမယ်။
စွံတယ်ဆိုတာ ဘာလို့ ဖျက်လိုက်တာလဲ။
ပြန်ရေးပေး။
ဒါမှ သားသားလေးက အတုယူလို့ ရမှာပေါ့။ ဟုတ်ဘူးလား။
အကိုနဲ့ ကျွန်တော် ဘလော့ရေးတာ ခံယူချက်ချင်းတူသားဗျ
ကိုသစ်ကြီးနေရ မိန်းမယူတယ်ဆိုတာ ကရောဗျာ။။။။။။။။။
လုပ်ပါအုံး.............။
ဝဋ်ဆိုတာ - မကြာဘူး လိုက်တယ်
သနားတယ်ဆိုတာ - စိတ်နူးညံ့တဲ့သူတွေမှာသာ ရှိပါတယ်
စိတ်ချမ်းသာတယ်ဆိုတာ - ရောင့်ရဲနိုင်ရင် ဖြစ်ပါတယ်
စွံတယ်ဆိုတာ - မသိန်းကြွယ်
ဘလော့ရေးတယ်ဆိုတာ - စိတ်ထွက်ပေါက်တစ်ခုလည်း ဟုတ်တယ်. နဲနဲသိတာ ချပြချင်လို့ လည်း မှန်တယ်
ကျောင်းတုန်းက “ရေးပေးပါ” စာအုပ်ထဲကလို ရေးလိုက်တယ် :)
ခင်မင်ခြင်းနှင့်
တလနွန်
ဟိဟိ ယောက်ခမ ဆိုတာ... ကိုသီဟသစ်များ ဖြစ်နေမလား.... ??????
ဝဋ်ဆိုတာ
ငယ်ငယ်က ကြက်ဥ၊ ဘဲဥတွေ တစ်အားစားလို့လား မသိဘူး။ အခုထက်ထိ လူဦးရေ မတိုးသေးဘူး။ စီနီရာ မဖြစ်သေးဘူး ကျိုးစားရဦးမယ်။ ၀ဋ်ဆိုတာ ချက်ချင်းလည်တယ်နော်။ (ဆိုင်လား မဆိုင်လား မသိ)
သနားတယ်ဆိုတာ
ကိုယ့်အတွက်လွယ်ပေမယ့် ....။ အလုပ်လာရှာတဲ့ ဘော်ဒါတစ်ချို့ကို အိမ်မှာတင်ထားပြီး ထမင်းပွဲရှေ့အရောက် ကျွေးပြီး လွတ်လွတ်လပ်လပ် အလုပ်ရှာစေခဲ့ဖူးတယ်။ အလုပ်လဲရသွားပြီးရော ... ဒန်တန့်တန် ဖြစ်သွားလို့ ရင်ခံခဲ့ဖူးတယ်။
စိတ်ချမ်းသာတယ်ဆိုတာ
ဟုတ်တယ် စိတ်အလိုတွေလိုက်ခဲ့ဖူးလို့ ဗိုက်ထွက်လာတယ်။ (ဟီးဟီး အထိုင်များသွားလို့ပါ) အဲသဟာကြောင့် စိတ်ကိုထိမ်းချုပ်နေတယ်။ လုပ်သင့်တာလေးတွေ လုပ်ဖို့ပြန်ကျင့်နေတယ်
စွံတယ်ဆိုတာ
တကယ်တော့ မကောင်းပါဘူးဗျာ။ စာဖတ်လို့မကောင်းဖူး။
ဘလော့ရေးတယ်ဆိုတာ
စစချင်းတော့ သူများလိုဖြစ်ချင်လို့ ..နောက်တော့ နာမည်ကြီးချင်လာလို့ ... နောက်ဆုံးတော့ ရေးချင်တာ ရေးနေရလို့ ... နောက်ဆုံးမှာတော့ စွဲသွားလို့
ခင်မင်စွာဖြင့်
ကိုကိုဒီဘီ
ကျနော်သိတဲ့ ခြင်္သေ့ကြီးဆိုတာ
တဟားဟားရီတတ်တယ်
လူကိုခင်တယ်ဆိုပြီး အိမ်ပေါက်စေ့ ထမင်းလိုက်စားတယ်
မိန်းမကိုထောက်ပံ့ဖို့ ပိုက်ဆံစုတယ်
ပြီးတော့ ပြီးတော့ ဟိုတရုတ် တရုတ်....
ဆင်ဆာဖြတ်ပေးထားတယ်
သနားလို့
စိတ်ချမ်းသာ..အောင်.နေထိုင်နည်း.
ကျင့်ထားတယ်..ဟိ.
ပျော်ရွှင်ပါစေ..ရှင်
ကိုရွာသားကို ထောက်ခံပါတယ်ဗျိုးး
မေလေးသိတဲ့ ခြင်္သေ့ကြီး(ယောက်ခမ)ဆိုတာ
တဟားဟားရီတတ်တယ်
လူကိုခင်တယ်ဆိုပြီး အိမ်ပေါက်စေ့ ထမင်းလိုက်စားတယ်။ကိုယ်ဘာသာဆို
အိမ်မှာ ဆီဆမ်း ဆားဖြူးစားတယ်။
မိန်းမကိုထောက်ပံ့ဖို့ ပိုက်ဆံစုတယ်
ပြီးတော့ အော့ချက်မှာ လက်ဘက်ရည်သောက်တယ်
အကြောင်းပြပြီး ကိုရွာသားနဲ့ပေါင်းပြီး
ကောင်မလေးတွေ သွားငမ်းး အဲလေ
သွားငေးတယ်။
ပြီးတော့ လေ........အင်း မပြောတော့ပါဘူးလေ......
ဆင်ဆာဖြတ်ပေးထားတယ်
ချွေးမ မတော်မှာစိုးလို့။ ဟိဟိ
ဟဟ...
စွံတယ်ဆိုတာကိုဖတ်ချင်တယ်.
မြန်မြန်လေး
ချန်းချန်ရဲ့ ဖေဖေ ရေ
မမ ကတော့ ဘလော့ဆိုတာ ဘာပါလိမ့်လို့
ဟိုခလုပ်နှိပ် ဒီခလုပ်နှိပ်ရင်း
ဟိုဝက်ဘ် နှိပ် ဒီ ၀က်ဘ် နှိပ်ရင်းက
မနေနိုင်မထိုင်နိုင် စာတိုပေစ တွေ ချချ ရေးမိခဲ့တာ
ဒါနဲ့.. စွံတဲ့ အကြောင်းလေး ဖတ်ပါရစေအုံး နော်..း)
စွံတယ်ဆိုတာ ဘာလဲ။
တူတယ် ..တူတယ်.. စိတ်သဘောထားချင်း..
ကိုသီဟသစ် ကို ခမည်းခမက် ကြိုတော်ထားလိုက်မယ်..
း))
အမကွမ်ဆို တစ်ခွန်းပဲ။ ဟုတ်ပါ့။ မပြောချင်တဲ့အကြောင်းအရာက စိတ်ဝင်စားအောင် ဆွဲဆောင်နေတယ်။ တိုးတိုးတိတ်တိတ် အားလုံးသိအောင် ပြောလိုက်ပါလား။ ကိုကြီးဒီဘီကတော့ မျက်စိစွန်တာကို ၀ါးတားတားပြောသွားတယ်လို့ ထင်လိုက်တယ်။ နောက်တစ်ပုဒ်ဆက်နှော်.... နှော်.... နှော်... :P
ကျွန်တော်လည်းတွေးကြည့်ဖူးတယ် ဘဝတစ်ခုမှာ ခပ်ဆိုးဆိုး ဘုရင်တစ်ပါးများ ဖြစ်ခဲ့ဖူးလားလို့...
ကောင်းပါတယ်
ကိုယ့်အန္တရာယ် ကိုယ် မြင်တတ် ရှောင်တတ်တာ
မှန်လှတော်မူပါ အရှင်မင်းကြီးဖုရား။ ကိုယ့်ဒိုက်နဲ့ ကိုယ့်ကံပါ လို့ မလျှောက်တင်အပ်ပါ။
၁။ ယောက္ခမနဲ့ချွေးမ ဘလော့ဂ်ရေးတဲ့ခံယူချက်ခြင်းတူတယ်။
၂။ ဟေး..ဖန်သကြိုးးးးးးးးးးးးတို့ကတော့ ခေါ်ရဲသေးတာပဲယောက္ခမလို့..သားအရင်းကို ဦးထားတယ်လေ။မွေးလာတည်းက (ကဲကဲ..ဘာပြောဦးမလဲ မှောင်ငယ်လေးရယ်...ငှဲငှဲငှဲ“ဗိုလ်အောင်ဒင်ရယ်သံ”)
၃။ ယောက္ခမကြီးစွံတယ်ဆိုတာတော့...အင်းးးးးးးးးမနှင်းဆီဖြူလာလို့ကွိုင်တက်ရင်တော့ တို့တွေသိပြီပေါ့လေ။
အင်းဗျာ။
ကျနော်လဲ စဉ်းစားသွားမိတယ်။ အဲ့ဆိုတာတွေကို။ =)
ဘလော့ခ်ရေးတယ် ဆိုတာ
ဘာပဲပြောပြော အပျင်းပြေတယ်ဗျ။ အခုလို ဖိုက်တင်တွေ ဆက်တိုက်ချနေရရင် ပိုတောင် အပျင်းပြေသေးတယ်။ :D
း)
စာကြမ်းရိုက်ထားတာက ဘယ်တော့ တင်မှာလဲ
တိုင်ချင်လာပြီနော် :P
လာဖတ်ပါတယ်။
မေးလ် ပို့လိုက်မယ်။
သုံးနေကျ မေးလ် ဟုတ်မဟုတ် မသိလို့ စစ်ဖြစ်အောင် အကြောင်းကြားပါတယ်။
မုဒိတာ ပွားဖို့ အော့ချက် သွားကြစို့...
ဟယ်... ရှယ်ပဲ... ဂလု... ဟိုတရုတ် ဟိုတရုတ်
ဘာပြောပြော
တို့ကတော့.. တိုင်မှာပဲ
တိုင်မှာပဲ
အမှန်တွေပေါ့လေ ..း))
စွံတယ်ဆိုတာလေး လုပ်ပါဦး :D
မှတ်ထားရအောင်လေ ပေါင်းပြီးတော့ :P
Post a Comment