Thursday, August 27, 2009

စပယ် နှင်းဆီ သဇင်














Photot credits to http://www.flickr.com/photos/gmach/2176559651/


မြင်စဉ်ခဏ
အေးမြမျက်နှာ
ကြည်လင်အပြုံး
စပယ်လေးလို
မင်းမျက်လုံး..

စိတ်တွေကောက်တတ်
မာနတွေရှိ
သိလိုက်ချိန်မှာ
ချစ်သူလေးက
နှင်းဆီပါ..

သူများတွေအတွက်
ဘယ်လိုပဲရှိ
ကိုယ့်အတွက်တော့
သဇင်ပန်းလို
တော်ဝင်သူ

ကမ္ဘာပေါ်မှာ
ရှိရှိသမျှ
ကောင်းမြတ်မွန်တဲ့
ပန်းအားလုံးနဲ့
တင်စားလိုက်ချင်
ကိုယ်ရဲ့သခင်

ဘယ်သူလဲလို့
မမေးနဲ့ ချစ်သူ
မင်းသာ..
ကိုယ့်ရင်ထဲက
တစ်ပွင့်တည်းသော
နှင်းဆီဖြူ ။   ။


အပေါ်က ကဗျာမပီ စာမပီလေးက ကိုရွာသားလေး YTU ရဲ့ Tag ကိုရေးထားတာပါ။

စာကြုံလို့ ဆက်ရေးရရင် ကျွန်တော့်အမျိုးသမီး နှင်းဆီဖြူလေးနဲ့ ချစ်သူ သက်တမ်း ၇နှစ်ကျော်အတွင်း ဘာကဗျာမှ ရေးပြီး မပေးဖူးပါဘူး။ သီဟသစ်က မရေးတတ်တာရယ်၊ သူကလည်း ၀ါသနာ သိပ်မပါတယ်ရယ် နဲ့ ဆိုတော့ အကိုက်ပဲ။ တစ်ခုအံ့သြစရာ ကောင်းတာက နှင်းဆီဖြူလေး က စာဖတ်သာ သိပ်ဝါသနာမပါတာ။ သူတခါတလေ စကားပြောရင်၊ စာတွေ ရေးပို့ရင် စကားလုံးအသုံးအနှုန်း လှလှလေးတွေ ပါပါလာတတ်တယ်။ (ကိုယ့်စပျစ်သီးလေး ကိုယ်ချိုတာ အပြစ်မမြင်စေလို :P)။ (သူဒီပြန်လာရင် သူ့ကိုပါ ဘလော့ရေးခိုင်းမှပဲ။ တော်ကြာ ကိုလူထွေးရေးတဲ့ ဘလော့ဂါလင်မယားလို ဖြစ်နေမှ ဂွ။)

ခုတော့လည်း သူ့ခမျာ သားလေး ချန်းချင်လေးကို ထိန်းနေရတာနဲ့ သီဟသစ်ဆီ စာတွေမရေးဖြစ်တော့ပါဘူး။ ဖုန်းထဲကနေပဲ နေကောင်းလား။ စိတ်ချမယ်နော်။ ကျန်တာက သီဟသစ်တို့ရဲ့ new hope လေး အကြောင်းပဲ ပြောဖြစ်တာ။ သားလေးကြီးလာရင် ကိုယ်တွေ တုန်းကလို အဖေနဲ့ အမေ အပြန်အလှန်ရေးတဲ့ဟာတွေ ခိုးဖတ်ဖို့ရာ နည်းတော့မှာပဲ။

PR လျှောက်ဖို့အတွက် သားလေး ချန်းချင်ကို လိုင်စင်ပုံရိုက်ပြီးပို့ပေးလိုက်တာပါ။ ပုံကို size က 3.5cm x 4.5 cm ဆိုတာ သီဟသစ်က အပျင်းထူပြီး မပြောလိုက်တော့ ဒီရောက်မှ ပြန်ပြင်ဖို့လုပ်ရပါတယ်။ စလုံးက ကိုကိုပိန်းတွေက ၁၇ ကျပ်ပေးရပြီး ပုံလည်းကောင်းကောင်းထွက်မလာတာနဲ့ နောက်ဆုံး ကိုရွာသားဆီက scanner နဲ့ဖတ်၊ ဆောင်းချမ်းမိုးဆီကို ပို့ပြီး ပြင်ခိုင်းလိုက်တာ အထက်ပါပုံလေးထွက်လာပါတယ်။ (Thanks to Ko Villager and Ko Winter) ပုံလေးထွက်ပြီးသကာလ သွားလည်းတင်ရော မိန်းမနဲ့ကလေးကို တစ်ခါတည်းမလျှောက်သေးလို့ ပုံမလိုဘူး။ သူတို့အတွက် ဘာစာရွက်စာတမ်းမှလည်း မလိုဘူးဆိုတော့ နေပေါ့ဗျာဆိုပြီး ပြန်ယူလာတာပေါ့။

အဲဒီကနေရုံးကို အပြန် Taxi ငှားစီးတော့ မောင်းတဲ့ ဒရိုင်ဘာ အန်ကယ်ကြီးက လူနောက်ကြီးနဲ့ တူပါတယ်။ Myantien ဆိုပြီး မြန်မာပြည်နဲ့ သူတို့ စလုံးဘာတွေ ကွာလဲ ဘာညာမေးတာပါ။ ဓါးပြတိုက်တာ၊ ခါးပိုက်နှိုတ်တာ ရှိလား တဲ့။ ရှိတော့ရှိတယ် နည်းတယ် နယ်စပ်ဘက်တွေမှာ ဖြစ်နိုင်တယ်လို့ ပြောလိုက်ရတယ်။ ရှိခဲ့ရင်ကော ရဲကိုကိုတွေက မိလားတဲ့။ မိပါတယ်ပေါ့ (Video ဇာတ်ကားထဲတော့ မိတာပဲ)။ နောက်တော့ ကလေးအရေအတွက် ကန့်သတ်တာ ရှိလားတဲ့။ သူတို့ စလုံးမှာ အရင်က ကန့်သတ်တာ ရှိတဲ့ အကြောင်းပြောပြတယ်။ တို့ဆီမှာတော့ မရှိဘူး ပေါ့။ နောက်တော့ အဘက ဘာပြောလဲဆိုတော့ မိန်းမဘယ်နှစ်ယောက်ယူရမယ်ရော ကန့်သတ်တာရှိလားတဲ့။ ဥပဒေအရ ကန့်သတ်တာတော့ မရှိဘူး လို့ပြန်ဖြေတော့ မင်းမိန်းမ ဘယ်နှစ်ယောက်ယူထားလဲတဲ့။ သီဟသစ်က တစ်ယောက်ဆိုတော့ တအားနည်းတယ် ဆိုပဲ။ မလုပ်နဲ့ဟ ငါ့မိန်းမ သတ်လိမ့်မယ် ပြောလိုက်ရတယ်။

ဟယ် .. ပန်းကနေ စလိုက်တာ ဟိုရောက်စ် ဒီရောက်စ် ဖြစ်သွားပြီ။ ဒီနေရာထိ သည်းခံဖတ်ပေးလို့ ကျေးဂျူးနော်..

ခင်မင်စွာဖြင့်
သီဟသစ်

ကဲမရိုက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ဘောနပ်စ်လေးတွေ ဖတ်ပေးပါအုံး

၁) ကွယ်ရာမှာ တစ်မျိုး ရှေ့မှာတစ်မျိုး
"ကွယ်ရာမှာ ခင်ဗျားရဲ့ အရာရှိကို ဝေဖန်တာ ရစရာမရှိဘူး။ အစည်းအဝေးမှာကျတော့ ခင်ဗျားပဲ သူ့ကို ချီးမွမ်းပြန်တယ်။ ဘာသဘောလဲ။"
"ဘာသဘောမှ မဟုတ်ဘူး။ စကားတစ်ခွန်းကို ၂ ခါထပ်မပြောချင်လို့"

၂) အခုမှသိတယ်
ကိုချူချာ၏ ဇနီးသည် ၁၂ ယောက်မြောက်ကလေးကို မွေးဖွားပြီးနောက် ဆေးရုံမှ ဆင်းရန်ပြင်သည်။ သူနာပြုဆရာမက မချူချာကို လိုက်ပို့ရင်းပြောသည်။
"ကိုင်း မချူချာ နောင်နှစ် ဒီအချိန်လောက်မှာပဲ ကျွန်မတို့တွေ့ကြအုံးမယ်နော်"
"ဟင့်အင်း၊ ကျွန်မတို့ တွေ့ကြမှာ မဟုတ်တော့ဘူး"

"ဘာကြောင့်တွေ့ကြမှာ မဟုတ်တော့ဘူးလို့ ရဲရဲကြီးပြောနိုင်တာလဲ"
"ကလေးဘာကြောင့်မွေးတယ် ဆိုတာ ကျွန်မနဲ့ ကျွန်မယောက်ျားတို့ အခုသဘောပေါက်သွားပြီရှင့်"

၃)မျက်စိပါပေမယ့်
ချူချာတစ်ယောက်ကားဝယ်လာသည်။ ၀ယ်လာသောကားကို မောင်းလာရာ သစ်ပင်တစ်ပင်ကို ၀င်တိုက်မိသည်။ ကားထဲမှ ချူချာထွက်လာပြီး ရှေ့မီး ၂ လုံးကို လက်ဖြင့်ထုလိုက်သည်။

"ဒီလောက်ကြီးတဲ့ မျက်လုံးကြီးတွေ ဘာကိုမှ မမြင်ဘူး၊ တောက်"

36 comments:

ZT said...

ဟိုတစ်နေ့က ဘတ်သွားကြတာ အဲဒီပုံလေးလား။ :D

ရွက်လွင့်ခြင်း said...

production ကောင်းလှချည်လား
နည်းလမ်းများ ရှိရင်မစပါး)

tg.nwai said...

ကိုသီဟတို့ကတော့ လွမ်းအောင် ချွဲနေတာ ထင်ရဲ့ စပယ်နှင်းဆီသဇင် နှင်းဆီဖြူရေ...

အမယ်..သားလေးတောင် တော်တော်ကြီးလာပေါ့.. ချစ်ဖို့ကောင်းလိုက်တာ..

ကဲ.. မိသားစုပုံလေး အမြန်ဆုံးမြင်ရပါစေရှင်...

တောင်ပေါ်သား said...

အဟား ခုတော့ ဘလော့ပေါ် တင်ကြော်ငြာတယ်ပေါ့လေ...း) မိန်းမဆိုတာ တယောက်ထဲ မယူရဘူးတဲ့ Taxi ဒရိုင်ဘာ ပြောတာ ပြန်ပြောပါတယ်း) ကိုသီဟတို့များ မိန်းမကို ကြောက်တာ မလုပ်နဲ့ ငါမိန်းမ သတ်လိမ့်မယ်တဲ့ အဟီးးးးးး မနှင်းဆီဖြူ လာမှ ပြောပြသင့်တာတွေ အကုန်ပြောပြဦးမယ်

စာကြွင်း... သိချင်သူများ လာမေးလဲ မဖြေပါ ဒါပဲ..း))


လေးစားလျက်
တောင်ပေါ်သား

ကိုရေတမာ said...

ကိုသီဟသစ် အစကတော့ နှင်းဆီဖြူလေး နှင်းဆီဖြူလေးနဲ့ ခုတော့ စပယ်တွေ သဇင်တွေပါ ပါလာပြီ။ မကြီးလာရင် မပြောပါဘူးနော့

တလနွန် said...

ဦးသစ် သားတောင် တော်တော်ထွားနေပြီး။ မနှင်းဆီဖြူအတွက် ရေးထားတဲ့ ကဗျာလေးက ရှင်းရှင်းလေးနဲ့ ကောင်းတယ်။ ရာတမေ ပြောသလို စံပင် သဇင် တွေရော ပါလာတာနဲ့  တက္ကစီသမားစကားသံကြားပြီး ပြုံးမိတယ်။ Bonus ကလည်း ဖတ်လို့ ကောင်း၏

ခင်မင်ခြင်းနှင့်
တလနွန်

ဝသန်မိုး said...

ကိုသီဟရဲ့ မနှင်းဆီဖြူအတွက်
ကဗျာလေး က ကောင်းတယ်ဗျာ
မိသားစု တွေ တစုတစည်းတည်း
ပြန်ဆုံနိုင်ပါစေဗျာ
လျှောက်ထားတဲ့ပီအာ လည်း
အမြန်ဆုံးရပါစေဗျာ။

ခင်တဲ့
ဝသန်မိုး

မလိခ said...

သားသားလေးတောင် တော်တော်ကြီးပြီပဲ... ဟဲဟဲ မလခိတို့ရှိသေးတယ်ဆိုတာ မမေ့နဲ့နော် ယောက္ခမကြီး.. ဟီးဟီး...
သူများပြောတာ သံယောင်လိုက်ရရင်တော့ အရင်က နှင်းဆီပဲရှိရာက ခု စံပယ်ရော သဇင်ရောဆိုတော့... ကိုသီဟကြီးတို့.. ကားသမားကြီး စကားနားထောင်ချင်နေပြီ ထင်တယ်... ဟဲဟဲ..(နောက်တာနော်... စိတ်ဆိုးပြီး ယောက္ခမလို့ အခေါ်မခံတော့မှာစိုးလို့..ပြန်ဖြည်တာ..ဟဲဟဲ)

kaungkinpyar said...

အော် သူလဲ စပယ်တွေ သဇင်တွေ စိတ်ကူးယဉ် ချင်နေသကိုးးး
တိုင်မှာ တိုင်မှာ

ဝက်ဝံလေး said...

ကလေးလေးတောင် တော်တော်ကြီးပီလား သားသားလေးရဲ့ ပါးပါးရေ တော်တော်လေး လွမ်းနေမှာနော် သားသားလေးကို စာနာပါတယ် မယ်သစ်ရယ် (ဟိဟိ အဲဒါ ကိုရီနို ပြောတာနော်)
ကြိုးစားထားကွ သားသားလေးအတွက် အဟက် အိမ်က မဟေသီအတွက်လဲ ပါပါတယ်နော် ဒါနဲ့ ဓာတ်ပုံထဲမှာ ဘာလို့ မဟေသီပုံမပါတာတုံး နောက်တခါကျရင် ပါအောင်တင်ပေးနော် သိလား

ပျော်ရွှင်ပါစေ ကိုသီဟ ရေ မိသားစုက အဝေးမှာဆိုတော့ လဲ လွမ်းနေမှာ စာနာပါတယ် နော်

Angel Shaper said...

အော် စံပယ် နှင်းဆီ သဇင်နဲ့ ကလေးက အဲလောက်ထွားလာတာလား။ အဲ ဟုတ်ပါဘူး။
ဘာတွေ ပေါက်ကရပြောမိနေလဲသိဘူး။ ဟိဟိ
ကိုသစ်ကြီး သားလေး အဖေ မတူလို့နေမယ် လူချောလေးပဲ ဟဟားးးးး
ကဗျာလေး နုရွနေသလို၊ Bonus လေးလဲ ကောင်းမှကောင်း။ အားပေးသွားပါကြောင်း
ပျော်ရွှင်ပါစေကြောင်းးးးးးးးးးးးး

မေသစ္စာမောင် said...

ကိုသီဟရဲ့ နှလုံးသားသခင်မလေးကို ပန်း ၃ မျိုးနဲ့တင်ပြပေးသွားတာ တော်တော်လေးဖတ်လို့ကောင်းတယ်..
စံပယ်လည်း သူ
နှင်းဆီလည်း သူ
သဇင်လည်း သူပါပဲပေါ့နော် :)

အားလုံးဖတ်လို့ကောင်းတယ် ကိုသီဟရေ
အောက်ကစာတွေကလည်း ရယ်ရတယ်

ကျောပိုးအိတ် said...

သားလေးကို အရမ်းချစ်စရာကောင်းလာတယ်နော်။

မနှင်းဆီဖြူရဲ့ လက်ရာလေးလဲ မြည်းစမ်းကြည့်ချင်ပါတယ်။ ကဗျာလေးက မိုက်တယ်ဟေ့။

ခင်တဲ့
ချွေးမ (တော်တော် မတော်တော်တော် နေရာဦးထားတာ)
း)

ကျောပိုးအိတ်

မေလေး said...

အော် ဘာလိုလိုနဲ့ နာ့ ဂတ်ဂတ်လေးတောင် ရှင်သန်ကြီးထွားလာပြီကိုးးးး

နှင်းဆီအပြင် စံပယ်တွေ သဇင်တွေ လိုချင်သေးတယ်
ဟုတ်လားးးးး
လွန်လွန်းးဒယ်

ဒါနဲ့ အကိုရွာသားကို ဓါတ်ပုံဖိုး အကြွေး ၅၀ မဆပ်ရသေးဘူးဆို။ မြန်မြန်ဆပ်လိုက်အုန်း။
ချွေးမ နာမည်ပျက်တယ်။

ဘောနပ်တွေကောင်း၏

ဏီ(န်)ကင်း said...

အကိုကဗျာကိုရည်ရွယ်ရေးတာမြင်ဖူးပြီကွ။အမနှင်းဆီလဲဒါလေးဖတ်နေရရင် ကြည်နူးနေမှာအမှန်ပဲ။ စကားစပ်ဒီမယားဒီသားနဲ့ကိုယ်ရည်ရွယ်ရာမှာhopeကောင်းကောင်းနဲ့ပေါင်းဖတ်နိုင်ပါစေအကိုရေ....

မေဇင် said...

နှင်းဆီဖြူလေး အစား ကျေနပ်ဝမ်းသာ မိတယ်..။ ကိုသီဟ ကိုလဲ လေးစားပါတယ်..။
ပီအာ အမြန်ဆုံးရပြီး ... ချစ်ဇနီး၊ ချစ်သား နဲ့ အတူတူ သာယာသော မိသားစု ဘ၀လေး တည်ဆောက်နိုင်ပါစေ။

may16 said...

ကိုသီဟ ပန်းတွေများနေတယ် :P
Bonus ကမိုက်တယ်

ခရောင်း said...

ဟဟ
ဘာလဲ ရောချတာလား
ပန်းအကြောင်းရေးပါဆို
သားသားလေးအကြောင်းပဲ ဦးစားပေးရေးသွားတယ်
မကျေနပ်ဖူးနော်..............။

Anonymous said...

ပို့စ်ကို ဒီဂျေနဲ့ရေးတာ ဒီတစ်ခါပဲ ကြုံဖူးသေးတယ် ပန်းတစ်ပွင့်အကြောင်းရေးခိုင်းတာ PR လည်းပါတယ် ဒါ့ပုံတွေလည်းပါ scanner လည်းပါ ရွာသားလည်းပါ ဆောင်းချမ်းမိုးလည်းပါ taxi ဆရာလည်းပါ မြန်မာပြည်လည်းပါ ဘောနပ်တွေလည်းပါ အားပါးပါး ကြုံဖူးပေါင် ဂုဏ်ထူးဆောင်

ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲ ဒီဂျေပို့စ်တွေရေးတဲ့ ခြင်္သေ့ကြီး

မမသီရိ said...

လှလိုက်တဲ့ နှင်းဆီဖြူ..း)
ချန်းချင် ရဲ့ ဖေဖေ.. တရုတ်ကြီးက မိန်းမယူထားတာ နည်းတယ်ပြောရုံ နဲ့ ဓား ပြေးမြင်တော့တာ ကိုး..း)
လိမ္မာ လိုက်တာ..း)

နှင်းနဲ့မာယာ said...

အဲကလေးလေးက
ပိုပြီးတော့ ချစ်စရာကောင်းလာတယ်...
မနှင်းဆီဖြူကတော့ စံပယ်ဖြစ်လိုက် သဇင်ဖြစ်လိုက်နဲ့...
အင်း ခုတော့လဲ ချွဲထားပေါ့နော် ကိုသီဟကြီး..
မဖတ်ရတာကြာတဲ့ ဘောနပ်စ်လေးတွေ ပြန်ဖတ်ရလို့
ကျေးဇူးနော်...

နှင်း

Rita said...

သားလေးနဲ့ နှင်းဆီဖြူ မြန်မြန်ရောက်လာပါစေရှင်

moekhar said...

ကို ခြင်္သေ့ကြီး မိန်းမကို ကြောက်တာ (မှားလို့) ချစ်တာ ..း))
ပီအာအမြန်ဆုံးရပြီး ဇနီးနဲ့ သားနဲ့ အမြန်ဆုံး အတူတကွ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေဗျို့ ..း))
တခုတော့ မရှင်းဘူး
ရေးမယ့်ရေး ၃ ၄ ယောက် ခွဲရေးပေါ့ ခုလိုရောချတာတော့ .. အင်း .............

Libratun said...

ကိုသီဟသားက စကရင်တောင် ပြည့်တော့မယ်။ တွေ့လို့ကတော့ ပါးကြီးတွေကို .............

Libratun said...

ရေးလိုက်တိုင်း သူပဲပေါ်ရောက်နေတယ်.... အင်းးးးးး.. မြန်ချက်း)

jr.လွင်ဦး said...

ကိုသီဟရေ..
သားလေးကချစ်စရာနော်..
ဟဲဟဲ..
စကားခေါ်တာ..
ယောက္ခမကြီး
:P

နှင်ေးဟမာ said...

အစ်ကိုသီဟရေ...
ကဗျာလေးရော...
စလေးတွေရော...
ဟာသလေးတွေပါ ..
အားလုံးဖတ်သွားပြီနော်....
ခင်မင်မှုများဖြင့်
နှင်း

Phyo Maw said...

စကားတစ်ခွန်းကို နှစ်ခါ မပြောချင်လို့ ဘာမှ မမန့်တော့ဘူးဗျာ။
သမီးလေး မမွေးသေးဘူးလား ဟူး

PTG said...

နောက်တခါကျရင် မနှင်းဆီဖြူကို ဂျန်ဂျီဝန်းပုံတွေ ပို့ဦးမှပါပဲ။
ဒါမှ သမီးလေးမွေးရင်...
ကိုသီဟသစ်တို့နဲ့ မတူတော့ပဲ

ဟဲ ဟဲ ဟဲ
ဟဲ ဟဲ ဟဲ
ဟဲ ဟဲ ဟဲ

ဖိုးသင်္ကြန် said...

မတရားဘူးဗျာ၊ Blogger မမတွေက ယောက္ခမလို့ ခေါ်လို့ရပြီး
ကျွန်တော်တို့တွေကျ ခေါ်လို့မရဘူး။
တခုခု အမြန်စီစဉ်ပေးပါ။
မယားညီအကို၊ ယောက်ဖ၊ ဦးလေး၊ မွေးစားအဖေ၊ ယောက္ခမ...။
လုပ်ပါဗျာ...နော့်

ကြည်ဖြူပိုင် said...

မနှင်းဆီဖြူဘလော့ဂင်းရင်အားပေးရဦးမှာပေါ့လေ..ယောက္ခမတော့တော်တော့ဘူး..တော်ချင်သူတွေများနေလို့လက်လျှော့လိုက်ပါပြီ :D

ကိုလူထွေး said...

သီဟသစ်သားက ချွတ်စွတ်ဖအေတူသားပါလားကွ...
ကြီးလာရင်တော့ မြာပွေမယ့်ပုံပဲ...

(သားလေးကြီးလာရင်တော့ ကွန်ပြူတာကိုလုရမယ့်လူက ဖေဖေနဲ့မေမေတင် မဟုတ်တော့ဘူး... အဲဒီအကြောင်း ပိုစ့်ရေးဦးမှထင်တယ်...း)

စည်သူ said...

ပန်းကဗျာလေး..
ကောင်းတယ်ဗျာ.. အဲဒါဆို.. အဖြူရောင် ချစ်သူပေါ့..

ဟေဟေးးးးးးးးးးး
အဲဒါပြောတာပေါ့ဗျာ..
ပြူးသလောက် ကန်းတယ်ဆိုတာလေ..
ရေးတတ်လိုက်လေ..

ဒါနဲ့ စကားမစပ်..
ဟို.. ဟို.. စကားနှစ်မျိုးက
မိန်းကလေးတွေ အပြောများတယ်ထင်တယ်..းP

ခင်မင်စွာဖြင့်
စည်သူ။

WWKM said...

နှင်းဆီဖြူမှ နှင်းဆီဖြူပေါ့လေ..း) မယုံရေးချမယုံ။

မေ့သမီး said...

ကလေးကချစ်စရာလေး။ အမေတူလို့ဖြစ်မယ်နော်။ :D

yangonthar said...

အစ်ကို သီဟသစ်ရေ ရယ်စရာတွေကော အတုယူစရာ အရေးတွေကော ရယ်မော လျှက်က မှတ်သားသွားပါတယ်
အေးမြသာယာပါစေ
ရန်ကုန်သား :D