Wednesday, September 2, 2009

Because of you

သီဟသစ်တို့ရုံးမှာက စနောက်ရင်း သုံးဖြစ်တဲ့ စကားလုံးလေးပါ။ ဥပမာ - သီဟသစ်နဲ့ ဂျွန်တို့ ရေးထားတဲ့ Application က Error တက်နေတဲ့ အကြောင်း ဆွေးနွေးနေရင်း ကိုယ့်အဖွဲ့နဲ့ မဆိုင်တဲ့ တခြား Team ထဲက သူငယ်ချင်းကို လှမ်းစချင်ရင် Because of you လို့ နောက်လိုက်တာမျိုးပါ။ သူနဲ့လည်း အဲဒီ Error က ဆိုင်တဲ့ အခါရှိသလို မဆိုင်တဲ့ အခါလည်းရှိပါတယ်။ ဒါပေမယ့် Application ကိုလက်ရှိ တာဝန်ယူတာ သီဟသစ်တို့ ဆိုတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းရမှာပါ။

ဆက်စပ်ပြီးတွေးမိတာက သတင်းတွေ ဖတ်မိတဲ့ အခါပါ။ အရက်ဆိုင်/ အရက်သောက်သူတွေများလာ၊ တစ်လုံး နှစ်လုံး သုံးလုံး လောင်းကစားလုပ်သူများပြား. .. အဲလို အဲလိုဖြစ်နေခြင်းမှာ ကောက်ချက်ချလိုက်တော့ ဘယ်သူတွေ မကောင်းလို့ ဖြစ်ပါသည်ပေါ့။ ဘယ်သူတွေ မကောင်းကြဘူး ဆိုတာတော့ ပြောစရာမလိုလို့ မပြောတော့ပါ။ အဲလို လက်ညိုးညွှန်လိုက်ရုံက အဖြေတစ်ခု မဟုတ်ဟု ဆိုချင်ပါသည်။ အရက်သောက်၊ လောင်းကစားလုပ်တာ လုပ်တဲ့သူတွေ အသုံးမကျတာလည်း ပါပါသည် လို့လည်းပြောချင်ပါသည်။

လူငယ်ဘ၀ ဥပမာ ပေးရရင် ကောင်မလေးက ထားသွားလို့ ဆိုပြီး ဆိုးတေနေတဲ့ပုံစံမျိုး ဖြစ်နေသည်။ ဟိုတစ်ယောက်ကတော့ လှည့်မကြည့်ချင်လို့ နဂိုကတည်းက ထားသွားခဲ့ပြီ။ ကိုယ်က ဆိုးတေနေလေ သူက ပိုကြိုက်လေ ဖြစ်သည်။ အဲဒါကိုက သူဖြစ်စေချင်တဲ့ ပုံစံမျိုးကိုး။

အဲဒီတော့ ဘာဆက်လုပ်ကြမလဲ၊ သီဟသစ်မင်းပြော ဆိုတော့ အဲ့လူတွေ တရားထိုင်ကြပါ လို့ မပြောလိုပါ။ ကိုယ်ကိုယ်တိုင်မှ မလုပ်ဖြစ်သေး။ တခြားကောင်းရာမွန်ရာ လုပ်စရာတွေ မရှိကြတော့ဘူးလား ဟုမေးချင်ပါသည်။ အားလပ်ချိန်များကို စာဖတ်၊ အားကစားလုပ်၊ ကုသိုလ်ကောင်းမှု တစ်ခုခုလုပ်ခြင်းဖြင့် အချိန်တွေ ကုန်စေ့ချင်ပါသည်။

ဒီစာလေးကလဲ စိတ်ချဉ်ပေါက်နေတာ ကြာပြီဖြစ်နေလို့ ရေးလိုက်ခြင်းသာဖြစ်ပါသည်။ သူတို့တွေလည်း လာဖတ်ဖြစ်မည် မဟုတ်ပါ။ အဲဒီအတွေးလေး ဆက်မတွေးချင်တော့လို့ ရေးလိုက်ခြင်းသာ ဖြစ်ပါသည်။ ဖတ်ပေးတာ ကျေးဇူးတင်ပါသည်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) သီဟသစ် ကိုယ်တိုင်လည်း သူတော်စင်ကြီး မဟုတ်ပါ။ ၀က်တုပ်ကွေး ကာကွယ်ရန် ကျား (Tiger) တစ်ခါတစ်လေ သောက်ပါသည်။ မှတ်ဥာဏ်ရွှင်ရန် ပိုကာတစ်ခါတစ်လေ ဒေါင်းပါသည်။ Because of me လို့ပဲ ပြောပါသည်။ :D (အဲ့လူတွေလည်း အဲလိုပြောလေသလားမသိ၊ သတင်းရေးတဲ့သူကပဲ ကောက်ချက်ချတာလည်း ဖြစ်နိုင်ပါသည်)

၂) ခုရက်ပိုင်း ခရီးတစ်ခု အလည်အပတ်သွားမှာမို့ နည်းနည်းပျောက်ပါမည်။ စာလာမဖတ်ဖြစ်၊ Cbox မအော်ဖြစ်ရင် ခွင့်လွှတ်ကြပါကုန်..:P

Bonus:
၁) မကျေနပ်ဘူး
ကိုဘမောင်က သူ၏ မိတ်ဆွေကို ပြောသည်။
"အခုခေတ်လူတွေ တော့်တော့်ကို ရိုင်းစိုင်းလာကြတယ်။"
"ဘာဖြစ်လို့လဲ ကိုယ့်လူရဲ့"

"ဘာဖြစ်ရမလဲ၊ မနေ့က အရက်ဘားက ကျွန်တော်ထွက်တော့ ဘယ်ကောင်လဲမသိဘူး၊ ကျွန်တော့်နားရွက်ကို တက်နင်းသွားတယ်"

၂)ကိုထိပ်ပြောင်
လူတစ်ယောက်တွင် ဆံပင်လေးချောင်းသာ ရှိတော့သည်။ နေ့တိုင်း ရုံးမသွားခင် မှန်ရှေ့ရပ်ပြီး ဆံပင် ၂ ချောင်းကို ဘယ်ဘက်၊ နောက် ၂ ချောင်းကို ညာဘက် ခွဲဖြီးသည်။ တစ်နေ့တွင် ဆံပင်တစ်ချောင်း ကျွတ်ကျသွားသည်။ သို့နှင့် နှစ်ချောင်းကို ညာဘက်၊ နောက်တစ်ချောင်းကို ဘယ်ဘက်ဖြီးပြီးသွားသည်။

နောက်မကြာမီ တစ်ချောင်းကျွတ်သွားပြန်သည်။ တစ်ချောင်းစီ ခွဲဖြီးပြီး ရုံးသွားသည်။ မကြာမီ နောက်ဆံပင်တစ်ချောင်း ကျွတ်သွားပြန်ရာ တစ်ချောင်းထဲသာ ကျန်တော့သော ဆံပင်ကို ကြည့်ပြီး ကိုယ့်ဘာသာကိုယ်ပြောသည်။

"မတတ်နိုင်ဘူး။ ဆံပင်မဖြီးပဲ ဖိုသီဖတ်သီ သွားရတော့မှာပဲ"

၃) တစ်ဆက်တည်း
ပါးစပ်အကျယ်ကြီး ဟပြီး သမ်းနေသော ယောက်ျားကို သူ့မိန်းမက ပြောသည်။

"ကိုမြ၊ ရှင့်ပါးစပ် ဟနေမှတော့ အိမ်ပြန်လာခဲ့တော့လို့ တစ်ဆက်တည်း ရှင့်သားငယ်ကို လှမ်းအော်လိုက်စမ်းပါ"

22 comments:

Angel Shaper said...

ဝါးးးးးးးးးးးးးးး
တစ်ရတာကိုးးးးးးးးးးးးး

Angel Shaper said...

အားလပ်ချိန်များကို စာဖတ်၊ အားကစားလုပ်၊ ကုသိုလ်ကောင်းမှု တစ်ခုခုလုပ်ခြင်းဖြင့် အချိန်တွေ ကုန်စေ့ချင်ပါသည်။
Because Of Me...ဆိုပြီး ကိုယ့်ကိုယ်ကို ဖြေရှင်းသင့်ပါသည်။ ထောက်ခံတယ်ဗျာ။
ဒီဟာလေးနဲ့ တင် လုံလောက်ပါတယ်လေ။
တရားကတော့ ဘူမှ မထိုင်ဖြစ်တာ အသိ။
ပဲများပြီး တရားထိုင်ဖို့ တိုက်တွန်းတာလဲ မကြိုက်ပါဘူး။ ဟိဟိ
မှန်ပါ့ကိုသစ်ကြီးရေ....
Bonus လေးတွေလဲ အော်သွား၊ ရယ်သွားတယ်၊ အားပေးသွားတယ်နော်။ ခရီးထွက်ရင် ဆောင်သွားဦး။ မဟာအစာ အဆိပ်ဖြေဆေး ပြောတာ။ ဟဲဟဲ
Safe Journey ပါဗျာ။
ပြန်လာရင် မုန့် သာ များများ ၀ယ်လာခဲ့။ အိမ်လေး စောင့်ရှောက်ပေးမယ် ကိုသစ်ကြီးရေ.... စိတ်ကြိုက်မွှေပလိုက်မယ်.. ဟိဟိ
ပျော်ရွှင်ပါစေနော်။။

ကောင်းကင်ပြာ said...

Because of you
I Never stray too far from the sidewalk
Because of you
I learned to play on the safe side so
I don`t get hurt
Because of you
I find it hard to trust not only me,but
everyone around me
Because of you
I am afraid

KELLY CLARKSON ရဲ့ သီချင်းလေး လာဆိုတယ်၊ အချဉ်ပေါက်လို့ တို့လဲး)
ခရီးသွားရင်း ၀က်တုတ်ကွေးလဲ သတိထားပါ၊ မှတ်ဥာဏ်လဲ ရွှင်နိုင်ပါစေ၊
ပျော်ရွှင်ပါစေ မောင်လေးးး

ZT said...

တခါတလေတော့လည်း လေတတ်တာပဲဗျ။
ကျွန်တော်လည်း အခုသာ အရက်ကို မသောက်တာ။ တစ်ခါတုန်းက အရက်ကို ဆက်တိုက်ဆက်တိုက် သောက်ဖူးတယ်။ မသိလို့မှားတာ မဟုတ်ပါ။ သိရက်နဲ့လည်း တခါတလေ လောကကြီးကို စိတ်အချဉ်ပေါက်ပြီး မှားတတ်ပါတယ်။ :D

ရန်ကုန်သား said...

အစ်ကိုရေ because of you ဆိုတဲ့  အတိုင်း သူတို့ ကို
up to you လို့ ပဲ ပြောရတော့မယ်ထင်ပါရဲ့  ...... ချစ်သူ ထားသွားလို့ ဆိုတဲ့ စကားထက်
ကြိုက် လို့ သောက်တယ် ဆိုတာက ပိုသိက္ခာရှိ
မယ်ထင်ပါတယ် .....
ရယ်စရာလေးတွေ လည်းဖတ်သွားတယ်
ကျေးဇူးအစ်ကို
အေးမြသာယာပါစေ
(ခရီးလမ်းဖြောင့်ဖြူးပါစေ :D)
ရန်ကုန်သား

ကိုလူထွေး said...

အခုရော Tiger သောက်ပြီး ရေးသလားမသိဘူး...

းဝ)

မေလေး said...

မှတ်ဥာဏ်ကောင်းအောင် ပိုကာဒေါင်းတာ ယုံတယ်။
(ပီးတော့ သူဘဲရှုံးတယ်)


ယောက်ခမရေ ပါးစပ်ဟနေမဲ့တူတူ
ပိတ်မနေပါနဲ့တော့။ ဟိဟိ

မေဇင် said...

မှတ်သားသွားတယ်နော်....း))

ရွက်လွင့်ခြင်း said...

မှတ်ဥာဏ် ကောင်းအောင် ပိုကာ ဒေါင်းတယ်
ဝက်တုပ်ကွေး ကာကွယ်ရန် ကျား သောက်သည်
စဉ်းစားလို့  ကောင်းအောင် မြင်း စီးသင့်သည်
( မာလ်ဘိုရို ဆေးလိပ်ကို ဆိုလိုခြင်းဖြစ်သည်၊ မြင်းပုံနှင့်)
း)

တောင်ပေါ်သား said...

အင်း ဟုတ်ပါတယ် Because of you ကိုးဗျး)
ဥာဏ်ရွှင်သွားအောင် ဒီတပါတ် တ၀ိုင်းလောက် လုပ်လိုက်မလားး) အဟေးးးးးး


လေးစားလျက်
တောင်ပေါ်သား

မျက်မှန်လေး said...

ပိုကာဝိုင်းမယ်ဆို ခေါ်ပါဂျ. ၀ါသနာပါလို့ပါ
ဟီး၂ စိတ်ပြေလက်ပျောက်ပေါ့

Htoo Aung Lwin said...

ယူ့ကြောင့် ကိုယ့်မှာ
ထမင်းတစ်အိုးနဲ့ ကျန်ခဲ့ပါပြီကွယ်
တော်တော်ရက်စက်တဲ့ နှစ်လုံးသားပိုင်ရှင်
သူများကို ထမင်းအိုးလေး ပိုက်ပြီး ကျန်ခဲ့အောင်လုပ်တယ်ပေါ့..............။

ဗီလိန် said...

ကျနော်ကတော့ Because of me မဟုတ်ဘူး Because of us. ဟီးဟီး အကုန်လုံးက Because of me တွေ ဆိုတော့ အဲလိုပဲ ပြောလိုက်တော့မယ်ကွယ်။ ဒန့်တန့်တန့်

ဝက်ဝံလေး said...

ဝေးးးး ရောက်တယ် ဖတ်တယ် မန့်တယ်နော် ညီမ ကို မေ့များ နေပီလား လို့ အဟက် လာချောင်းတာ ဟိဟိ

Rita said...

ဒါပေါ့

ဆောင်းချမ်းမိုး said...

အပေါ်ကစာတွေကိုဖတ်ပြီး တွေးမိရင်း
စိတ်မကောင်းဖြစ်မိတယ်ဗျာ
အောက်က Bonus တွေဖတ်မိပြီး
ဝါးလုံးကွဲအောင် ရယ်မိတယ်..
မျက်နှာကြီးတစ်ခုလုံး မဲ့ရမလိုလို
ပြုံးရမလိုလို ဖြစ်သွားတယ်
Because of You

tg.nwai said...

မှန်၏။ :)

သွားလမ်းသာ၍ လာလမ်းဖြောင့်ပါစေရှင်...

ကြည်ဖြူပိုင် said...

ကိုသီဟကြီးရေ..ဘယ်ကိုခရီးထွက်မလို့တုန်း။ ခ့ရီးလမ်းတလျှောက်ပျော်ရွှင်အဆင်ပြေပါစေနော်။
ဆုံးမစာတွေရေးသပေါ့လေ။
ဝုတ်ကဲ့ -၀ုက်ကဲ့လိုက်နာပါ့မယ်....
အရက်မသောက်ရဘူး။။ကိုခြင်္သေ့ကပြောတယ်:P
ဖဲမရိုက်ရဘူး...ကိုခြင်္သေ့ကပြောတယ်:P
အရက်မသောက်တော့ဘူး။ဖဲမရိုက်တော့ဘူးနော်။
စာဖတ်..အားရင်ကစား..ဘုရားတရားပဲလုပ်တော့မှာ။
တာ့တာ

purplemay said...

အစ်ကိုမှတ်ဥာဏ်တွေများများကောင်းနိုင်ပါစေ...:P

ဖိုးသင်္ကြန် said...

တက်နိုင်ဘူး။
တခါတလေ (အမြဲတမ်းနီးနီး) အထီးကျန်လာတော့လည်း....

Thinzar said...

ဒီဘလော့ဂ်ကို ဒီနေ့မှ စဖတ်ဖြစ်တယ်။ ဒါပေမယ့် စာရေးကောင်းလို့ (ပို့စ်အောက်က bonus လေးတွေလည်း ကြိုက်လို့) တစ်ထိုင်တည်း ပို့စ်အကုန် ဖတ်ပြီးသွားတယ် :)

မိုးခါး said...

because of u တရားခံ ဘယ်သူလဲဆိုတာ သိဘီ .. ကိုသီဟသစ်ကြီးကြောင့် :P