Wednesday, September 9, 2009

L for Langkawi - 2 : Island Hopping First Part


ခရီးသွားတဲ့ အကြောင်းလေး မရေးခင် Positive ions နဲ့ Negative ions တွေ အကြောင်း ပြောပြပါရစေ။ Positive ions တွေဟာ လူတွေကို စိတ်ဖိစီးမှု ပိုများစေပါတယ်။ Negative ions တွေကတော့ ဦးနှောက်ဆီကို အောက်ဆီဂျင် စီးဆင်းမှု ပိုများစေပြီး လူတွေကို စိတ်ရွှင်လန်းစေပါတယ်။ ကျန်းမာရေး ပိုကောင်းစေပါတယ်။

Positive ions တွေဟာ လေထုညစ်ညမ်းမှုများတဲ့ မြို့တော်တွေမှာ ပမာဏများများရှိပါတယ်။ ကားမီးခိုး၊ စက်ရုံက မီးခိုး၊ ဖုန်တွေ၊ ဆေးလိပ်မီးခိုးတွေ၊ ချက်ပြုတ်ခြင်း၊ အပူပေးခြင်း ရတဲ့ မီးခိုးတွေဟာ Positive ions တွေကို ဖြစ်ပေါ်စေပါတယ်။ Negative ions တွေက ရဖို့ အလွယ်ဆုံးနည်းလမ်းက အိမ်ကရေပန်းနဲ့ ရေချိုးခြင်းပါပဲ။ ပမာဏများများ ရချင်တယ်ဆိုရင်တော့ ပင်လယ်ကမ်းခြေတွေနဲ့ ရေတံခွန်တွေမှာ ရှိပါတယ်။ စင်္ကာပူက လူလုပ်ကမ်းခြေနဲ့ လူလုပ်ရေတံခွန်တို့တွင်တော့ Negative ions နည်းမည်ထင်၏။ နှင်းဆီဖြူလေးနဲ့ သားလေးတို့ ရောက်လာရင် ကိုယ်သွားထားဖူးတော့ လိုက်ပို့ရတာလည်း အဆင်ပြေ၏။ ဤသို့သော အကြောင်းများကြောင့် သီဟသစ် လန်ကာဝီသို့ သွားခြင်းတည်း။(Believe it or not)

ကုန်ကျစရိတ်ကို စပြောရရင် လေယာဉ်ခနဲ့ ဟိုတယ်က S$129၊ လန်ကာဝီမှာ လည်ပတ်စားသောက်တာက ရင်းဂစ် ၄၀၀ (S$ 162) ဆိုတော့ကာ အပြီးအစီး S$ 300 နဲ့လောက်ပါတယ်။ လေယာဉ်က www.airasia.com ကနေ ဝယ်ပါတယ်။ စင်္ကာပူ-လန်ကာဝီ တိုက်ရိုက်လေကြောင်းပါ။(S$ 61 ကျပါတယ်၊ 15 KG သယ်လို့ ရပါတယ်) ဟိုတယ်က ၃ ညအိပ် ၄ ရက် ကို 68 ကျပ်ပါ။ တစ်ခန်းကို တစ်ရက် S$ 53 ပါ။ တစ်ခန်းမှာ နှစ်ယောက်အိပ်ကုတင် Queen Size ၂ လုံးပါပါတယ်။ Buffet Breafast ပါပါတယ်။ ဟိုတယ်ကိုတော့ http://www.agoda.com/ ကနေ Booking လှမ်းလုပ်ထားတာပါ။ ဟိုတယ်ရဲ့နာမည်က Langkasuka Beach Resort ပါ။

ဒီလိုနဲ့ ၃၊၉၊၂၀၀၉ မှာ သီဟသစ်တို့ရဲ့ လန်ကာဝီ ခရီးစဉ်ကို AirAsia နဲ့ စတင်ထွက်ခဲ့ပါတယ်။ Budget Airline ပီသပါပေတယ်။ AirCon လည်းသိပ်မအေးပါဘူး။ ဘာမှလည်း မကျွေးပါဘူး။ တစ်ချို့ခရီးသည်တွေက online ကနေ အစားအသောက်ပါ ၀ယ်ထားသူတွေ အတွက်ကိုတော့ ဝေပေးပါတယ်။ ကျန်တဲ့သူတွေကိုတော့ လေယာဉ်ထုံးစံ တွန်းလှည်းလေးနဲ့ လိုက်ရောင်းတာတွေ့တော့ မဆီမဆိုင် မန္တလေး-မြစ်ကြီးနား ရထားကိုတောင် သွားသတိရမိသေးတယ်။ ၁ နာရီ မိနစ် ၂၀ ကြာ လေယာဉ်စီးပြီးနောက်မှာတော့ လန်ကာဝီကို ရောက်ပါပြီ။ လေယာဉ်ပေါ်က ဆင်းရတာ လှေခါးနဲ့ပါ။ အဲဒီတော့ ရတဲ့ အခွင့်အရေး လက်မလွှတ်ကြစေပဲ လေယာဉ်တွေနဲ့ ဓါတ်ပုံရိုက်ကြပါတယ်။

Immigration ၀င်တော့ အဖြူမိသားစု ၃ ယောက်ကို တွေ့ပါတယ်။ ကလေးက ချစ်စရာလေးပါ။ အဖေလုပ်သူက သားလေးကို ရင်ဘတ်မှာ မတ်တပ်လေး ဖြစ်အောင် လွယ်ထားပါတယ်။ သီဟသစ်တော့ သားလေးချန်းချင်ကို အဲလိုလွယ်နိုင်ပါ့မလားမသိ။ သူငယ်ချင်းတစ်ယောက်အလှည့်မှာ တော်တော်ကြာပါတယ်။ ဘာဖြစ်လို့လဲ မေးတော့ System ဒေါင်းသွားလို့ပါတဲ့။ နောက်ထပ် Computer တစ်လုံး သယ်လာပါတယ်။ PIII ခေတ်လောက်က အဟောင်းကြီးပါ။ သနားစရာ :D။

လေဆိပ်ကနေ ဟိုတယ် သွားဖို့ Taxi ငှားမယ်လုပ်တော့ ကားမငှားခင် Taxi ကောင်တာမှာ သွားမယ့်နေရာနဲ့ အရေအတွက်ကို ပြောပြီး တိုကင်ဝယ်ရပါတယ်။ 6 ယောက်ကို RM 18 ကျပါတယ်။ ဟိုတယ်ရောက်တော့ Online Booking ကို Print ထုတ်ထားတာပြပြီး အခန်းယူကြပါတယ်။ ဟိုတယ်က ကြယ် ၃ ပွင့် အဆင့်ပါ။ အထုပ်အပိုးတွေချပြီး ဟိုတယ်ထဲမှာပဲ နေ့လည်စာသွားစားပါတယ်။ မြန်မြန်ရအောင် ထမင်းကြော်မှာတာ တစ်ပွဲကို RM 20 ကျပါတယ်။ ပုံမှန်ပါပဲ။ တအားမကောင်းလှဘူး။

ပြီးတာနဲ့ ဟိုတယ်က ကောင်တာမှာ Island Hopping အတွက် လက်မှတ်သွားမေးပါတယ်။ Island Hopping ဆိုတာ ကျွန်းတစ်ဝိုက်ကို စက်လှေနဲ့ လိုက်ပြတာပါ။ တစ်ယောက်ကို RM 60 တောင်းပါတယ်။ ဈေးဆစ်လိုက်တော့ RM 50 နဲ့ ရပါတယ်။ ရွာမှာလုပ်တဲ့ အပေါက်အတိုင်းပါပဲ။ သီဟသစ်တို့ ၆ ယောက်အဖွဲ့ သီးသန့် စက်လှေပေးမယ် ပြောပေမယ့် တကယ်သွားတော့ သူများတွေနဲ့ အားလုံးပေါင်း ၁၁ ယောက်ပါ။ စက်လှေဆိပ်ကို သွားဖို့ရာ ကားလာခေါ်ပေးပါတယ်။ ကြိုပို့ခက RM 50 ထဲမှာ ပါပြီးသားပါ။

စက်လှေဆိပ်
စက်လှေဆိပ်က မြင်ရတဲ့ ရှုခင်းတွေ


စက်လှေသွားရာ လမ်းတစ်လျှောက် မြင်ရတဲ့ ရှုခင်းတွေ

စက်လှေပေါ်မှာ အသက်ကယ် အင်္ကျီတွေပေးပါတယ်။ သီဟသစ်ကတော့ ဒီပင်လယ်လောက်တော့ ပျင်းတောင် ပျင်းသေး၊ ကြောက်မနေဘူး ဆိုပြီး အရင်ဆုံး ယူဝတ်လိုက်ပါတယ်။ ပထမဆုံးစသွားတာက Tasik Dayang Bunting, Lake of Pregnant Lady ကိုယ်ဝန်ဆောင် အမျိုးသမီး လဲလျောင်းနေတဲ့ ပုံစံရှိတဲ့တောင်နေရာပါ။



အဲဒီတောင်ကို ပင်လယ်ထဲကနေ ပြပြီးတဲ့နောက်မှာ အဲဒီကျွန်းကိုသွားကြပါတယ်။ ကျွန်းထဲက ရေချိုကန်ဆီကိုပါ။ အဲဒီရေကန်ကရေကို သောက်ရင်ကလေးလိုချင်တဲ့သူတွေ ကလေးရတယ်လို့ဆိုပါတယ်။ အပြန်လေယာဉ်ပေါ် တက်မှပဲ ကလေးလိုချင်တဲ့ နာမည်ကြီး ကိုကိုဘလော့ဂါတစ်ယောက်နဲ့ နာမည်ကြီး ဘလော့ဂါ မမတစ်ယောက် အတွက် ရေမခပ်ခဲ့ရဘူးဆိုတာ သတိရသွားပါတယ်။

Lake of Pregnant Maiden ရေချိုကန်ရှိရာ ကျွန်း Dayang Bunting

Lake of Pregnant Maiden ရေချိုကန်ကို အပေါ်စီးကနေ ရိုက်ထားတာပါ

ရေကန်ကို သွားတဲ့လမ်းတစ်လျှောက်မှာ မျောက်ကလေးတွေလည်း တွေ့ရပါတယ်။ သူတို့တွေက အိတ်တွေ လိုက်ဆွဲကြတာမို့ ခြောက်ရပါသေးတယ်။ ဒါတောင်မှာ သီဟသစ်ဆီကနေ တစ်ရူးတွေထည့်ထားတဲ့ အိတ်ကို ရအောင်ယူသွားပါသေးတယ်။ နောက်မှ အစားအသောက်မဟုတ်မှန်းသိတာရယ် ၊ သီဟသစ်တို့က လှမ်းခြောက်တာရယ်ကြောင့် တစ်နေရာမှာ ချထားခဲ့ပါတယ်။

အဲဒီကျွန်းကနေ စပြီး သွားလည်တဲ့ နေရာတိုင်းလိုလိုမှာ တွေ့ရတဲ့ ဆိုင်းဘုတ်ကတော့ လာလည်တဲ့ သူတွေ တစ်ခုခု ထိခိုက်ဒဏ်ရာရလျှင် ပြည်နယ်အစိုးရတွင် တာဝန်မရှိပါ ဆိုတဲ့ ဟာတွေပါ။ တို့ဆီက ဆိုင်းဘုတ်နီနီတွေလို ပါပဲ။ ကိုယ်တွေကတော့ ကိုယ်ဖြစ်ကိုယ်ခံ နိုင်ငံက လာတာဆိုတော့ အဲဒီဆိုင်းဘုတ်တွေ တွေ့တော့ ရီတောင်ရီချင်ပါသေးတယ်။

ခုလိုကဗျာဆန်ဆန် ရှူခင်းလေးတွေလည်း အဲဒီကျွန်းမှာ ရှိပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
အစက စိတ်ကူးထားတာ Island Hopping ကို ဒီတစ်ပုဒ်ထဲနဲ့ အပြီးရေးဖို့ပါ။ ပုံတွေ များများတင်ချင်တာရယ်၊ လူက အရမ်းအိပ်ချင်တာရယ်ကြောင့် နောက်ရက်မှာ Island Hopping ဒုတိယပိုင်းဆက်ရေးပါမယ်။

30 comments:

yangonthar said...

စိတ်ဝင်စားလျှက်ရှိကြောင်းပါအစ်ကိုရေ
အဲဒီကျွန်းကလေး ကို အစ်ကို့ အိမ်ကနေပြီ လှမ်းကြည့်လိုက်တာ ကိုသီဟသစ်စာရေး ကောင်းလွန်းတယ်မှတ်တာ သိပ်လှတယ်ဗျို့  မော်လမြိုင်ကို ဇက်နဲ့ သွားတုန်းက ဟိုးခပ်လှမ်း
လှမ်းက ရေးရေးမြင်ရတဲ့ အမျိုးသမီးတစ် ယောက် လှဲနေတဲ့ပုံကို သွားသတိရမိတယ် ဆံပင်ပါဖြန့်ခင်းပြီး သူအိပ်နေတဲ့ ပုံပေါ့ အစ်ကို တွေ့ ခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတောင် တန်းလို ပေါ့ .... ဆက်ရန်ကို ဆက်လက် မျှော် နေပါတယ် အစ်ကိုရေ
အေးမြသာယာပါစေ
ရန်ကုန်သား :)

ဖိုးသင်္ကြန် said...

ဟိုလေ... သောက်လိုက်ရင် အော်တိုငုတ်တုတ် ရည်းစားရတဲ့ ရေအိုင်ရှိတယ်များ ကြားဖူးကြသလားလို့။
မေးနေ ကြာပါတယ်၊ ခုပဲ ဂူးဂဲ မှာ ပြူးပြဲရှာလိုက်ဦးမယ်။
တာ့တာ

ဒါနဲ့ အကိုကော မသောက်ခဲ့ဘူးလား။

ဖန်သကြိုး (ခေတ္တ- မွေးစားသား) (အခြေအနေအရ- သမက်လောင်းလေး)

Unknown said...

ကိုသီဟရေ... ဓာတ်ပုံလေးတွေက လှသဗျာ...။
ပျော်စရာကြီး....။ ဆက်ရန်မျှော်နေမယ်....။

ကျောပိုးအိတ် said...

အဲဒိရေကို ယောက်ခမကြီးရော သောက်ခဲ့လား။
း)

တော်ကြာ ရေကအစွမ်းပြလို့  မနှင်းဆီဖြူလေး လာရင် ဖုံးမရ ဖိမရဖြစ်နေမယ်။

အဟီးးးးးးးးးးးးးးးးးးး

စဉ်းစားကြည့်တာ ယောကျာင်္းလေးတွေ ကိုယ်ဝန်ဆောင်ရင် တော်တော်လှမယ်နော်။
း)

ရေတမာ said...

စိတ်ဝင်စားစရာကောင်းပါတယ်။ ကျနော်လည်း အိမ်က အမျိုးသမီးလာရင် သွားလည်ရမယ်

ရွက်လွင့်ခြင်း said...

ကိုသီဟရေ
နောက်တစ်ပိုင်းကို စောင့်မျှော်နေတယ်နော်
စိတ်ဝင်စားအောင် ရေးတက်တယ်
ဒါကြောင့် တစ်ခါတည်း အပြီးရေးပါ
အပိုင်း မလုပ်ပါနဲ့ 
း))
နောက်တာနော်
တော်ကြာ ကိုယ့်အလှည့်ကျ ဝဋ်လည်နေဦးမယ်

အခုပိုစ့်က ဘောနပ် မပါဘူး
း(

ခရောင်း said...

ရေကူးချန်ပီယံကြီး ကိုကြီးသစ်
ရေထဲမှာ ဘယ်နှစ်ခါဆင်းပြီး ကူးခဲ့ပါသေးလဲခင်ဗျာ.....။ :P

Thinzar said...

ပုံတွေကြည့်ပြီး ထပ်သွားချင်နေတယ်။ အရင်တစ်ခေါက်ရောက်တုန်းက island hopping မသွားခဲ့ရဘူး။

တောင်ပေါ်သား said...

မပြောလိုပါ မပြောလိုပါ ဘာတဲ နှင်းဆီဖြူလေးနဲ့ သားလေးတို့ ရောက်လာရင် ကိုယ်သွားထားဖူးတော့ လိုက်ပို့ရတာလည်း အဆင်ပြေ တယ်တဲ့း) သူဟာသူ သွားလည်ပြီးတော့ မလာသေးတဲ့ အမနဲ့ သားလေးကို စွဲထဲ့နေပါတယ်ဗျို့ မတရားဘူးးးးးးးးးးးးးးးးး လည်ချင်တယ် မခေါ်ဘူးးးးးးးးးးး လုံးဝမကျေနပ်ဘူးးးးးးးးးးးးးးး စကားမစပ် ရေချိုလေးများ မသောက်ခဲ့ဘူးလား ဟင်


လေးစားလျက်
တောင်ပေါ်သား

kaungkinpyar said...

တောင်ပေါ် ပြောသလိုပဲ အကြောင်းပြနေတာ၊ I don`t believe u
တိုင်မှာပါပဲ၊
မြန်မြန်ရေးပါ ကြည့်ချင် ဖတ်ချင်တယ်၊ မျှော့ နေတယ်နော်၊ ညကတော့ အိပ်ပျော်သွားလို့ ခုမှ လာဖတ်တယ်၊း)

မင်းအိမ်ဖြူ said...

ှတော်တော်ပျော်ခဲ့တယ်ပေါ့....

မင်းအိမ်ဖြူ

တလနွန် said...

လန်ကာဝီ လေးက လှတယ်နော့။ တော်တော် ပျော်ခဲ့မှာပေါ့ ဦးသစ်။
ပင်လယ်တို့  တောင်တန်းတို့ တွေ့ ရင် သံလွင်မြစ်ဝ ကို သတိရတယ်ဗျာ။

Beauty Studio USA Branded Store said...

မရောက်ဖူးပေမယ် ဒီလိုလေးတင်ပေးထားတော့ လာငေးရတာပေါ့ဗျာ။ကျေးဇူးပဲ သယ်ရင်းရေ။ပျော်ရွှင်ပါစေဗျာ။

နှင်းဆီနက် said...

သီဟရေ ပုံတွေကြည့်ပြီးရောက်ဖူးချင်လာတယ် နေရာလေးကလှတယ်နော်မျက်စိအေးတယ် စိတ်ကြည်နှုးမှုတွေပေးတယ်
ခင်မင်စွာဖြင့်
နှင်းဆီနက်

လင်းဒီပ said...

သေချာပါတယ်နော် မိန်းမနဲ့ကလေးလာရင် သွားတတ်အောင် ကြိုသွားထားတယ်ဆိုတာ.:P

သံလွင် HeRo said...

လန်ကာဝီကိုငမ်းသာတယ်ဗျို့

ရွှေပြည်သူ (ShwePyiThu) said...

မကြားဖူး မရောက်ဖူးတဲ့ ဒေသအကြောင်း သိရတဲ့အတွက်ရော... မမြင်ဖူးတဲ့ ရှုခင်းတွေ ကြည့်ခွင့်ရတဲ့အတွက်ပါ အထူးကျေးဇူးတင်ပါတယ် အစ်ကိုသီဟသစ်ရေ...

သဇင်ဏီ said...

မလေးရှားရောက်ခဲ့တာကိုးးးး)

မေသစ္စာမောင် said...

Langkawi အလည်သွားမလားလို့ စဉ်းစားနေတာ..။
အခုကိုသီဟသစ်ရေးထား တင်ထားတဲ့ပုံလေးတွေကြည့်ပြီး ပိုပြီးတော့တောင် သွားချင်လာတယ် :)

Langkawi မင်းသမီးလေးအကြောင်းလည်းဖတ်သွားတယ်..။ သိခွင့်ရတဲ့ အတွက်ကျေးဇူးတင်ပါတယ် ကိုသီဟရေ။

ပျော်ရွှင်ပါစေ

Waing said...

အခုလိုခရီးစဉ်အကြောင်း အသေးစိတ်ဖတ်ရတဲ့အတွက် ကျေးဇူး......ဆက်ရေးနော်

purplemay said...

အစ်ကိုရေ..ပြည့်ပြည့်စုံစုံရေးထားပေးတာ ကျေးဇူးပါ..။
သွားဖို့ ကြိုးစားပါဦးမယ်

Lucifer said...

ဟူးးးး... သွားတောင်လည်ချင်လာပြီ... ပိုက်ဆံရှိမှ သွားပြီး အပန်းဖြေတော့မယ်..အခုတော့ မနက်မနက် အလုပ် သွား.. ညနေ ကျောင်းသွားနဲ့ ကုန်နေတဲ့ အချိန်တွေ... စိတ်ရှုပ်တယ်

khin oo may said...

လာဖတ်တယ်။ အဲဒီရေသောက်လဲမထူးတော့ဘူးနဲ့တူပါတယ။်

khin oo may said...

menopause တောင်ဖြစ်တော့မယ်။ ဟိ။

Unknown said...

အစ်ကို သီဟရေ...
ဆက်ရေးနော် ... စိတ်ဝင်စားဖို့ကောင်းတယ်
အရမ်းသွားချင်စိတ်ပေါက်လာပြီ...တစ်ကယ်...။
ကုန်ကျစရိတ်နဲ့ ဘယ်လိုသွားရတာလဲ ဟိုတယ်က အဆုံး ဖော်ပြပေးတာ ကျေးဇူးနော် အစ်ကို ...။
နောက်ထပ် နိုင်ငံအနှံ့သွားနိုင်ပါစေလို့......
ခင်မင်လေးစားလျှက်ပါ
နှင်းဟေမာ

MrDBA said...

ဗော့ဒကာပုလင်းနဲ့ ရေခပ်ခဲ့တာမဟုတ်ဘူး။
ဒီလောက်ညွှန်းနေရင်တော့ သွားရသေးတာပလေ။

Phyo Maw said...

ကမ်းခြေမှာ အလွမ်းပြေစရာ
အမောပြေတာ တွေများ မရှိဘူးလား

Angel Shaper said...

ပျော်စရာကြီးဗျာ။။။။။ အရေးထဲ ရန်ကုန်သားဟာလေ သူ့ အတွေးနဲ့သူ ဟုတ်နေတယ်။ ဘာလဲလို့တော့ မဖွတော့ဘူး။ ဟိဟိ
ဘယ်မတုန်း Bonus ဟိဟိ

WWKM said...

ခရီးစဉ်အကြောင်းလေးဖတ်သွားတယ် မောင်သီဟရေ။
အစ်မကတော့ ရေအရမ်းကြောက်တယ်.
ရေမကူးတတ်လို့.
ဒါနဲ့ အိုင်ဒုန့်ဘီလစ်အစ်သ်.း)

ဆောင်းနှင်းရွက် said...

မအားတာနဲ့ အခုမှ
လန်ကာဝီ အဆက်ကို
လာဖတ်ရတယ် ..။
ဒါနဲ့ ..
ကိုသီဟသစ် ရော ..
ရေချိုကန် က ရေကို
သောက်ခဲ့ဘူးလား ဟင် ..???