Sunday, September 20, 2009

L for Langkawi - 4 : Day 2

ဒုတိယနေ့ သွားကြတဲ့ ခရီးစဉ်ကတော့ Cable Car စီးကြဖို့ပါ။ လမ်းမှာ Harbor Park ဆိုတဲ့ နေရာလေးမှာ ခဏရပ်ပြီး ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ ရွက်လှေလေးတွေ ရပ်ထားတာ ကဗျာဆန်ပါတယ်။





Cable Car အကြောင်း မပြောခင် သီဟသစ်ရဲ့ အရင်တုန်းက ရည်မှန်းချက်တစ်ခု ရှိခဲ့တဲ့ အကြောင်း ပြောပြချင်ပါတယ်။ ဟိုအရင် လွင်မိုးဇာတ်ကားတွေမှာ Pilot အဖြစ် သူသရုပ်ဆောင်တာ တော်တော် smart ကျပါတယ်။ ငါလည်း သူ့လိုဖြစ်အောင်လုပ်မယ်ပေါ့။ တကယ်တမ်းလည်းကျတော့ သူငယ်ချင်းကောင်မလေးတွေနဲ့ ချားရဟတ်သွားစီးတာ သူတို့က မလန့်ပဲ ကိုယ်ကလန့်အော်မိနေကတည်းက စိတ်လျှော့လိုက်တယ်။ အမြင့်နဲ့ ငါနဲ့ ဒီဘဝတော့ မဖြစ်နိုင်တော့ဘူး ဆိုပြီး။ (အမြင့် က ကောင်မလေးနာမည် မဟုတ်ပါ)


Cable Car စစီးတဲ့ အဆောက်အအုံ နားရှူခင်း (Credits to Ko Lin)

Cable Car ဆိုတာကလည်း Sentosa က ဟာလောက်ပဲ စီးဖူးတာ ဆိုတော့ အဲလောက်လို့ပဲ ထင်ထားတာ။ တကယ်ကြည့်ကြည့်တော့

Credits To http://www.flickr.com/photos/izzat3114/2075625693/sizes/o/

အဲဒီရူခင်းကို မြင်ကတည်းက သိလိုက်ပြီ။ သီဟသစ်နဲ့တော့ မိတ်ပျက်ပြီ ဆိုတာ။ ဒါပေမယ့်လည်း ရောက်မှရောက်တဲ့နောက်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လိုက်သွားပါတယ်။ မျက်နှာငယ်ငယ် တန်းတွေ မလွှတ်တမ်းကိုင်ထားတဲ့ သီဟသစ်ရယ်၊ နောက်အကို တစ်ယောက်ရယ် ကြည့်ပြီး အမောင် Villager တို့ကတော့ တဟားဟားပေါ့။ မြင်ရတဲ့ ရူခင်းတွေကတော့ တော်တော်လှပါတယ်။ ဟိုးဝေးဝေးက ရေတံခွန်လေးကို လှမ်းမြင်နေရတယ်။ ပင်လယ်ပြင်ကြီးကိုလည်း အပေါ်စီးကနေမြင်ရတယ်။



ပထမဆုံး တောင်ထိပ်တစ်ခုကို ရောက်ပါတယ်။ သက်ပြင်းတွေ ချ၊ ခရီးပြီးသွားပြီ စိတ်အေးနေတုန်း၊ အပေါ်ကို ဆက်ကြည့်လိုက်တော့ မပြီးသေးပါဘူး။ နောက်တောင်ထိပ် တစ်ခုနဲ့ မိုးပျံတံတားရှိပါသေးတယ်။


ဒီလိုနဲ့ Cable Car ခရီးဆုံး တောင်ထိပ်ကိုရောက်သွားပြီး တံတားကြီးကို ငုံ့ကြည့်လိုက်တော့ အသည်းအေး စရာပါ။



အဲဒီတိုင်ကြီး တစ်တိုင်တည်းက ကြိုးတွေနဲ့ တံတားကို ထိန်းထားတာပါ။ တော်တော်ကို လှတဲ့ ရှုခင်းတွေ မြင်ရပါတယ်။ ချွေးစီးတွေပြန်၊ သက်ပြင်းတွေချ အဖော်တွေ အားပေးမှုနဲ့ တံတား ဟိုဘက်ကို ရောက်သွားပါတယ်။ မီတာ 700 ကျော်အမြင့်မှာမို့ ထင်ပါတယ်။ တံတားပေါ်မှာ မြူတွေဆိုင်းနေပါတယ်။ လမ်းလျှောက်ရင်း “ငါဟာ တိမ်တွေကိုပဲ လွင့်တော့မလို့၊ ဘယ်ဆီဘယ်ဝယ် မသေချာတော့ဘူးပေါ့” ဆိုတဲ့ သီချင်းလေးတောင် သတိရမိပါတယ်။


 

ဒုတိယခရီးစဉ်ဖြစ်တဲ့ Telega Tujuh (Seven Wells) ဆိုတဲ့ Cable Car ပေါ်က လှမ်းမြင်ရတဲ့ ရေတံခွန်လေးဆီကိုပါ။ အဲဒီကို မသွားခင် Kitta Seafood Restaurant ဆိုတဲ့ ဆိုင်လေးမှာ နေ့လည်စာ ဝင်စားကြပါတယ်။ ၇ ယောက်စာ ၂၀၀ ကျော်ကျပါတယ်။ စားပြီးသောက်ပြီးတော့ ရေတံခွန်ခရီးစဉ်လေးကို စတင်တက်ကြပါတယ်။ ထိပ်ဆုံးရေတံခွန်ကို အရင်တက်တာပါ။ အဲဒီနေရာက ရေကျတဲ့နေရာရဲ့ အပေါ်ကို ရောက်နေတဲ့ အတွက် သိပ်မလှပါဘူး။ ရှုခင်းမလှတာနောက်ထား ရေတွေ့ရင်လည်း မနေနိုင် ၊ မောလည်းမောတာမို့ အမောပြေ ရေဆင်းကစားကြပါတယ်။



အဲဒီကနေပြန်ဆင်းပြီး အလယ်ပိုင်းက waterfall ကို ဝင်ကြပါတယ်။ အဲဒီရေတံခွန်လေးက ရေကျတဲ့ နေရာကို မြင်ရတော့ ပိုပြီးသာယာပါတယ်။ ရေတံခွန်ကို သွားတဲ့လမ်းတွေက တောတွင်းဆိုတော့ စိမ့်ပြီး ခြင်ကိုက်ပါတယ်။ နောင်သွားချင်တဲ့လူတွေအနေနဲ့ ခြင်ကိုကာကွယ်တဲ့ အနေနဲ့ လိမ်းတဲ့ Spray ဘူးဆောင် သွားသင့်ပါတယ်။



တတိယသွားကြတဲ့ နေရာကတော့ Black Sand Beach (Pantai Pasir Hitam) ဆိုတဲ့နေရာပါ။ ကမ်းခြေက နာမည်အတိုင်းပဲ သဲတွေက အကုန်မည်းနေတာပါ။ နွံတွေ မဟုတ်ပါဘူး။ သဲမည်းတွေပေါ်မှာ သဲသဲမည်းမည်း လမ်းတွေ လျှောက်ပြီးသကာလ THT စာလုံးလေးတောင် သဲပေါ်မှာ အမှတ်တရ ရေးခဲ့ပါတယ်။


စတုတ္ထ ခရီးစဉ်လေးကတော့ Tanjung Rhu Beach ဆိုတဲ့ နေရာပါ။ ညနေပိုင်း ဒီရေ မတက်သေးချိန်မို့ ထင်ပါတယ်။ ရေလေးကကြည်ပြီး တော်တော်ခပ်ဝေးဝေးထိ ရေက ဒူးဆစ်ကျော်ကျော်ပဲ ရှိပါတယ်။ ရေတိမ်တဲ့ သူများတွေ လျှောက်နေတဲ့ သဲလမ်းလေးအတိုင်း လမ်းလျှောက်သွားကြပါတယ်။ ခရုကောက်နေတာ ဖြစ်ပုံရတဲ့ ဒေသခံတွေလည်း ခပ်လှမ်းလှမ်းရေထဲမှာ အလုပ်လုပ်နေကြတာ တွေ့ရပါတယ်။

 


ကမ်းခြေက သစ်ပင် အုပ်အုပ်လေးတွေရယ်၊ ရေထဲမှာ ဆင်းနေတဲ့ လူတွေရယ်ကို ကြည့်ပြီး အရင်တုန်းက တော်တော်ဆော့ခဲ့ဖူးတဲ့ Age of Empires Game ထဲက သစ်ပင်ခုတ်တာတို့၊ အလုပ်သမားတွေကို ငါးမျှားခိုင်းတာတို့ကို ဘာမဆိုင် ညာမဆိုင် သွားသတိရမိပါသေးတယ်။

နောက်နေ့ Mangrove and Eagle Feeding ခရီးစဉ် အတွက် လက်မှတ်ကို အဲဒီအနားမှာ ဝယ်ကြပါတယ်။ ရေဆင်းဆော့ချင်တဲ့ အတွက် Long Beach ဆိုတာ ပါတဲ့နေရာရွေးပါတယ်။ ပုံမှန်RM 200 ခရီးကို RM 250 ပေးရပါတယ် (အဲလိုရွေးမိတာ မတန်တဲ့ အကြောင်း နောက်မှ ရေးပါမယ်။) လက်မှတ်ရောင်းနေတာက ထိုင်းအမျိုးသမီးပါ။ အဖွဲ့ထဲပါတဲ့ အစ်မတစ်ယောက်က စက်လှေသွားမည့် လမ်းကြောင်းအကြောင်း အချင်းချင်း မြန်မာလို တိုက်ရိုက်သွားမှာမို့လား ဆိုတော့ သူက အင်း တဲ့။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပါပဲ။ ဈေးကလည်း ဆစ်နိုင်ကာမှ တော်ကာကျတာပါ။

Day 2 အတွက် နောက်ဆုံးခရီးစဉ်ကတော့ Eagle Square ကိုသွားဖို့ပါ။ Langkawi ဆိုတာ Lang ဆိုတာ Helang လင်းယုန်ဆိုတဲ့ စကားအတွက် အတိုကောက် စာလုံးပါ။ Kawi က Reddish Brown ပါ။ နီညိုရောင် လင်းယုန်က သူတို့ကျွန်း အတွက် သင်္ကေတပါ။ အဲဒီရင်ပြင်နားလေးမှာ လန်ကာဝီကနေ တခြားနေရာတွေ ဆီကို သွားတဲ့ Ferry ဆိပ်ကိုလဲ တွေ့ခဲ့ပါတယ်။

ညစာစားဖြစ်တဲ့ နေရာကတော့ ဟိုတယ်နဲ့ ကပ်ရက်က Hang Kok Kwan Korea B.B.Q Restaurant ပါ။ အဲဒီဆိုင်နဲ့ တွဲလျက် အဆောက်အအုံကြီးက ရေလွှာလျောစီးကွင်း လုပ်ခဲ့ဖူးတဲ့ နေရာပါ။ ကလေး နှစ်ယောက်လောက် မတော်တဆဖြစ်ပြီး ဆုံးသွားတဲ့နောက် ပိတ်ထားခဲ့တာလို့ဆိုပါတယ်။ ဆိုင်က လူမရှိပါဘူး။ Waiter တွေက မြန်မာတွေပါပဲ။ ကိုရီးယားစတိုင် ဘာဘီကျူးကို ကင်မ်ချီတွေ မျိုးစုံနဲ့ စားရတာပါ။ ဝက်သားလည်း ပါပါတယ်။ ၇ ယောက် ကို ၃၆၀ ကျော်ကျပါတယ်။ ခရီးစဉ်တစ်လျောက် စားဖြစ်တဲ့ ဆိုင်ထဲမှာ မတန်ဆုံး ဆိုင်ပါပဲ။

ဟိုတယ်ပြန်ရောက် ရေမိုးချိုးနားပြီးတဲ့နောက် ညလသာသာမှာ ကမ်းခြေကို ဆင်း လမ်းလျောက်ကြပါတယ်။ အနားမှာ အပ္ပနားတို့ လူစု မူးပြီး သီချင်းဆိုပြီး ကနေတဲ့ ဆူဆူညံညံကြားကပဲ နှင်းဆီဖြူနဲ့ သားလေးကို လွမ်းပါတယ်။ သွားခဲ့ဖူးတဲ့ ချောင်းသာကမ်းခြေက ညတွေကိုလည်း လွမ်းပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) နောက်တစ်ပို့စ်မှာ ဒီလန်ကာဝီခရီးကို အဆုံးသတ်ပါမယ်။
၂) သတိရသလောက် ဆောင်ရန် ရှောင်ရန်လေးတွေကိုလည်း ထည့်ရေးသွားပါမယ်။

Bonus:
၁)လှေနံဓါးထစ် အားပန်

အားပန်နဲ့ အားလော့တို့ နှစ်ယောက်သား လှေငှားပြီး ငါးမျှားသွားကြပါတယ်။ အဲဒီနေ့က ငါးအကောင် ၃၀ ကျော် သူတို့မိပါတယ်။ အားပန်က အားလော့ကို

“ဒီနေရာ မှတ်ထားကွာ။ နောက်နေ့ ထပ်လာပြီး မျှားရအောင်”

နောက်နေ့ လှေငှားဖို့လာကြတော့ အားပန်က အားလော့ကို

“မင်းမနေ့က နေရာမှတ်မိလား”
အားလော့က
“အေးကွ ငါ လှေရဲ့ အခြေမှာ X ဆိုပြီး ရေးထားခဲ့တယ်။“
ထိုအခါ အားပန် ဒေါသတကြီး တုံ့ပြန်လိုက်တာကတော့
“မင်းငတုံးပဲ။ လှေကို သူများငှားသွားရင် ဘယ်လိုလုပ်မလဲကွ”

၂) စမတ်ဖြစ်တဲ့ အားပန်

အားပန်ရဲ့ သူဌေး နဲ့ အားလော့ ရဲ့ သူဌေး ၂ ယောက်သား ကော်ဖီ အတူသောက်ရင်း သူတို့ တပည့်တွေ တုံးအတဲ့ အကြောင်းပြောနေကြတယ်။ အားပန်ရဲ့ သူဌေးက
”ငါ့တပည့်ဖြင့် တကယ်တုံးသကွာ။ မင်းမယုံရင် မင်းကို သက်သေပြမယ်”

ထို့နောက် အားပန်ကို လှမ်းခေါ်ပြီး ပြောလိုက်သည်။
“ဟေ့ အားပန်၊ ဒီမှာ ၁၀ ဒေါ်လာ၊ ငါ့အတွက် မာစီးဒီးစ် တစ်စီး သွားဝယ်ချေ”
”ကောင်းပါပြီး Boss”
အားပန်တစ်ယောက် ပိုက်ဆံယူပြီး ကားအရောင်းပြခန်းသို့ အမြန်ထွက်သွားသည်။

အားပန်ရဲ့ သူဌေးက အားလော့ရဲ့ သူဌေးကို
“ကျုပ်ပြောတာ ယုံပြီဟုတ်”

ထိုအခါ အားလော့ သူဌေးက 

“အဲလောက်မဟုတ်သေးပါဘူးဗျာ။ ကျုပ်တပည့် အားလော့ တုံးပုံ ပြအုံးမယ်။ ”

ထို့နော် အားလော့ကို ခေါ်ပြီး

“ဟေ့ အားလော့၊ အိမ်ပြန်ပြီး အိမ်မှာ ငါရှိမရှိ သွားကြည့်ချေစမ်း”
“ဟုတ်ကဲ့ပါ ဆရာ ”

အားလော့တစ်ယောက် ထွက်သွားပြန်သည်။

လမ်းတွင် အားပန်နှင့် အားလော့ ၂ ယောက် တွေ့ကြသည်။ အားပန်က
“ငါ့Boss က ငတုံးပဲကွ။ ငါ့ကို ပိုက်ဆံ ၁၀ ပေးပြီး မာစီးဒီးစ်ကားဝယ်ခိုင်းတယ်။ ဒီနေ့ တနင်္ဂနွေနေ့ ကားပြခန်းတွေ ပိတ်တာ သူသတိမရဘူး”

အားလော့က
“ငါ့သူဌေးလဲ ဘာထူးလဲ။ သူအိမ်မှာ ရှိနေမနေပြန်ကြည့်ခိုင်းတယ်လေ။ ဖုန်းပါရဲ့သားနဲ့ ဖုန်းဆက်မေးလိုက်ပြီးရော”

34 comments:

kaungkinpyar said...

သွားချင်လိုက်တာ သီဟရယ်၊ အဲ့လို အမြင့်ကြီးတွေလဲ မကြောက်တတ်ပါဘူး၊ တခေါက်တော့ ရောက်အောင် သွားမယ်ကွယ်၊ ဘယ်တော့ လဲ တော့ မသိသေးးး၊ မျှော်မယ် နောက်ဆက်တွဲ....း)

yangonthar said...

အစ်ကို ရေ လန်ကာဝီလေး ဆက်ဖတ်သွားပါတယ် သဲမည်းမည်း တွေ ရှိတဲ့ ကမ်းချေတော့ရောက်လိုပါရဲ့  .... ရှုခင်းတွေက လည်း သာပါရဲ့ အစ်ကိုရာ ... ဘိုးနပ်စ်လေးတွေ ကလည်း ရယ်စရာပြုံးစရာဖြစ်ပါရဲ့ အစ်ကိုရေ
ကျေးဇူး
လေးစားလျှက်ရန်ကုန်သား
:)) အေးမြသာယာရှိပါစေ

ZT said...

ကြောက်တယ် ပြောပြီး ဓာတ်ပုံတော့ ရိုက်နိုင်သေးပါလား။ Blog Reader တွေ အတွက် သက်စွန့်ဆံဖျား ရိုက်လာခဲ့တာ ချီးကျူးပါတယ်။ :D

Sein Lyan Tun said...

သွားလည်ချင်တယ်..

လာရင်လိုက်ပို့ ပေးပါ ကိုကိုသစ်

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

zawzaw said...

ဓါတ်ပုံလေးတွေသာ ကြည့်ပြီး သက်ပြင်းချသွားနေရပါ တယ်ဗျာ ... ဘာပဲဖြစ်ဖြစ် အခုလို ကြည့်ရတော့လည်း ဗဟုသုတလေးတွေတော့ ရတာပေါ့ဗျာ ... သွားချင်တာကတော့ အရမ်းပဲဗျ....

သမီးပျို said...

cable car စီးချင်လိုက်တာ အကိုသစ်ရာ ဟိုတံတား ပေါ်တော့ လမ်းလျှေက်ရဲမယ် မထင်ဘူး အကိုရေ... ရင်ခုန်လွန်းလို့ ရှုးမှာပဲ ဆိုသလို ဒိန်းတပ်တပ်ဖြစ်နေမှာ သေချာပါရဲ့ ဘောနပ်စ်လေးကိုလည်း သဘောကျသွား တယ်နော် နောက်လည်းများများလေးနော့

အားပေးလျှက်
သမီးပျို

flowerpoem said...

သွားချင်စရာပဲ ကိုသီဟသစ် သို့သော်လည်း :P $ ကခွင့်မပြုပါ
ဘောနပ်စ်တွေကိုသဘောကျတယ်..

puluque said...

ပို့စ် ဆုံးခါနီးမှ နှင်းဆီဖြူနဲ့ သားသားကို သတိရတယ် ဘာညာပြောသွားတယ် မယုံရေးချာ မယုံပါ။

Angel Shaper said...

သွားချင်တယ်။ သွားချင်တယ်။ ပျော်စရာကြီးးးး
Bonus လေးလဲ မှန်မှန် အားပေးသွားကြောင်းးးးးးးး

PhotoVigor said...

Hi..dude, love your blog, love the images you post. I been there before. I really enjoy visiting your blog. Keep it up

PhotoVigor said...

I have seen every individual of Lankawi images, thanks for sharing. I will go there again. :)

khayaung said...

hay bro r u really miss ur family?
I also don't trust......... :P

သံလွင် HeRo said...

ဦးရီးတော်...
တစ်ကယ်ကိုဆွဲဆောင်သွားတယ်ဗျာ
ဒီမှာ သွားချင်စိတ်တွေ မရိုးမရွဖြစ်နေပြီ
ပိုက်ပိုက်စုလိုက်ဦးမယ် ဟဲဟဲ
ဆောင်ရန် ရှောင်ရန်တွေကို မျှော်နေပါတယ်...

တလနွန် said...

အမြင့်ကြီးတွေပေါ် လျှောက်သွားချင်လိုက်တာဗျာ။ ကိုသီဟသစ်တို့  Cable Car ပေါ်က လက်တန်းတွေကို မရောက်မချင်း မလွှတ်တမ်းဆုတ်ကိုင်ထားတဲ့ ဓါတ်ပုံကို မြင်ချင်စမ်းပါဘိ။ တော်တော်လှတဲ့ နေရာပါပဲ။
ပျော်ရွှင်ခဲ့တယ်ပေါ့။

ခင်မင်စွာနှင့်
တလနွန်

ဆောင်းနှင်းရွက် said...

ရိုက်ထားတဲ့ မြင်ကွင်းတွေက
စာဖတ်သူ ပရိသတ်ကို
အရမ်း သွားချင်စိတ်တွေ
ဖြစ်လာအောင် ဆွဲဆောင်တယ် ..>>>

နောက်ဆုံး bonus အပုဒ်က
ရယ်ရတယ် ..>>>
ခွိ ခွိ ..!

Anonymous said...

တံတားပေါ်မှာ တိမ်တွေလား၊ မြူတွေလားဟင်၊ အဲဒီအရသာလေး လိုချင်မိတယ်၊ Age of Empire ထဲကလို အပြာဝတ်ရွာသားတွေကို သစ်ပင်တွေ ခုတ်ဖို့ စိတ်ထဲကနေ အမိန့်ပေးနေတယ်ပေါ့။
ခရီးက စိတ်ဝင်စားစရာကောင်းလိုက်တာ။

ဇော် said...

ရောက်ဖူးချင်လိုက်တာ .. အားကျတယ်ဗျာ.. =)

Anonymous said...

မိုက်တယ်ဗျာ ကျနော်သာဆို သေးထွက်မှာ..ဟိ ငယ်ငယ်ထဲက သစ်ပင်တောင် မတက်ဘူး အမြင့်ကြောက်လို့.. ဟီး

Moe Cho Thinn said...

ကြောက်ပေမဲ့လည်း ဖြစ်အောင်တော့ စီးခဲ့သေးတာပဲနော်။ တော်တယ်။ အကျင့်လုပ်ရင် အမြင့် မကြောက်တတ်တော့ပါဘူး။
Bonus ကတော့ မိုက်တယ်။ ကြိုက်တယ်။

ကြည်ဖြူပိုင် said...

cable car ကြီးလဲစီးချင်တယ်
သဲသောင်လေးပေါ်မှာလဲလမ်းလျှောာက်ချင်တယ်
ဓာတ်ပုံလေးတွေကြည့်ပြီးသွားချင်စိတ်
အားကြီးထွက်လာတယ်။ ရှုခင်းလေးတွေကလည်းလှ
လေလေးကတဖြူးဖြူးးတွေးကြည့်ရင်းနဲ့မြူးလာတယ်
သွားဦးမယ်...နေရာလေးတစ်ခုမှတ်သွားတယ်:)

jr.လွင်ဦး said...

လှလိုက်တာဗျာ။
သွားဖြစ်အောင်သွားဦးမယ်။း)

ရေတမာ said...

ဖတ်ရတာ စိတ်ဝင်စားစရာကောင်းသလို နေရာတွေကလည်း ဆွဲဆောင်မှုရှိတယ်။ နည်းနည်း ကာကွယ်ပြီး ပြောပြောနေတာ တခုပဲ။းP ဒီပိုစ်နဲ့တင် ခေါ်သွားဖို့ လုံးလုံးဆုံးဖြတ်လိုက်ပြီ

မေ့သမီး said...

ညီမလည်း လန်ကာဝီသွားချင်နေတာ။ အခုထိမသွားနိုင် သေးဘူး။ ကျောင်းကလည်းဖွင့်၊ ကျန်းမာရေးကလည်း ချိနဲ့နဲ့ဆိုတော့။ :P

ကိုလူထွေး said...

ပုံတွေကို သက်စွန့်ဆံဖျားရိုက်ယူခဲ့ရတာဆို...

မသေကောင်းမပျောက်ကောင်း ခြင်္သေ့သစ်ရာ...

းဝ)

ရွှေပြည်သူ (ShwePyiThu) said...

မြူတွေကြားက တံတားကြီးပေါ်မှာတော့ လျှောက်ဖူးချင်တယ် အစ်ကိုရေ။ ငါ့အစ်ကို Pilot ဖြစ်ခဲ့ရင်လည်း Smart ကျမှာပါ။ သြော် အမြင့် အမြင့်... သူ့ကြောင့်း)

Waing said...

အမြင့်ကြောက်လည်း ကိုသီဟက ဓါတ်ပုံရိုက်နိုင်တယ်နော် ၀ါသနာကိုး :)
ပုံတွေအားလုံးကြိုက်တယ် တခါလောက်တော့ ရောက်ဖူးချင်တယ်

tg.nwai said...

22 Sep 09, 02:10
tg: ကိုသီဟရေ..ရောက်လာပါတယ်.. စာတွေ ဖတ်ပြီးကော်မန့်ရေးမရလို့။ မနက်ဖြန် ထပ်လာဖတ်ဦးမယ်.. ပုံတွေကြည့်ရတာ အသဲယာုးလိုက်တာ..:)

မေကဆုန် said...

အစ်ကိုနဲ့အတူ တံတားပေါ်လိုက်တက်ရင်း အမြင့်ကြောက်လို့ ဒူးတုန်နေတယ် :)

မေလေး said...

ဘာအခုမှ ကြောက်ပါဘီတုန်း
လုပ်တုန်းကလုပ်ပီးတော့
ငါဘာသာ Grapes Application လေးတွေ ငမ်းတာ ဘာဖြစ်တုန်းဆို
ခုမှ သားသားနဲ့နှင်းဆီဖြူကို သတိရတယ်တဲ့
မယုံ

စည်သူ said...

ကိုသီဟသစ်ရေ..

လန်ကာဝီကို လွမ်းသွားပြီး..
အဲလိုမှန်းသိရင်.. ဘာလေး ညာလေး မှာလိုက်ပါတယ်

အသိနောက်ကျသွားတယ်..

ခင်မင်စွာဖြင့်
စည်သူ။

သူကြီးမင်း (တုံးဖလား) said...

ရှုခင်းလေးတွေကြည့်ပြီး စာတွေလဲ ဖတ်သွားပါတယ်။ အတော်လေး ပျော်ဖို့ကောင်းတဲ့ နေရာလေးတွေပါဘဲ။
ဘောနပ်စ်ပေးထားတဲ့ ရယ်ရွှင်ဖွယ်လေးတွေကိုလဲ ပေါ့ပါးစွာ ဖတ်ရှုသွားပါတယ်။
ပျော်ရွှင်ပါစေ။

မိုးခါး said...

ကံကောင်းသွားတယ်မှတ်ပါ
နှင်းဆီဖြူနဲ့ သားလေးများမေ့နေလားလို့ ရန်တွေ့မလို့
အောက်နားလေးကပ်ပါသွားလို့ခွင့်လွှတ်လိုက်ပါတယ် :P
မမပြာပြာလိုပဲသွားချင်တယ်
အမြင့်ကြီးတွေ တက်ချင်တယ် ..း)

Libratun said...

ကိုသီဟ ပါးတွေ ပါးစောင်တွေ မျက်လုံးတွေ တော့ တုန်နေမှာ မြင်ယောင်မိတယ်။း) ကြောက်လို့တော့ မဟုတ်၊ မျက်လုံးက အရှေ့တွေ အနောက်တွေ ချောချောလေးတွေ လျှောက်ကြည့်လို့၊ ပါးတွေကတော့ မပြုံးဘဲ ရယ်လို့ စကားကို ကားဖွဲ့အောင် ပြောလို့။း)

ကြည်ဖြူပိုင် said...

တယ်ငြိမ်နေတယ်နော်..ဒုတိယခရီးစဉ်နဲ့ရပ်ထားတာကြာလှပေါ့။အသစ်ရေး.အသစ်ရေးပါ. ပရိတ်သတ်ကတောင်းဆိုနေပါတယ်