Thursday, September 17, 2009

Love Application Version 1.0.1500.528 Documentation


Software ရေးသူသီဟသစ်
User နှင်းဆီဖြူ
New User မောင်ချန်းချင်
Credits for Cartoon http://www.ihoii.com/images/simplelists/swbf.jpg

ဒီ ဆော့ဖ်ဝဲနဲ့ ပတ်သက်တဲ့ မှတ်တမ်း (Documentation) ကို စမရေးခင် လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ကိုယ်ရေးမယ့် Love Application ကိုလက်ခံဖို့ ချစ်သူ့ဆီမှာ အဆိုပြုလွှာ (Project Proposal) တင်ခဲ့တဲ့ ကာလတွေကို သတိရမိတယ်။ ဘဝတစ်လျှောက် အာမခံ (Lifetime Warranty) ပေးပါ့မယ်၊ အမှား (Error) ကင်းစေရပါ့မယ်၊ အရည်အချင်း စစ်ဆေးမှု(Quality Assurance) ကိုလည်း Pass ဖြစ်စေရပါ့မယ် ဆိုတဲ့ အရာတွေကို ကိုယ် sign ထိုးခဲ့ရသေးတယ်လေ။

စစချင်းမှာတော့ ချစ်သူက ကိုယ့်ကို ခင်မင်မှု Feature အဓိက ပါဝင်တဲ့ Friends 1.0 version(Love 1.0.528) ကိုပဲ စရေး(develop) လုပ်ခွင့်ပေးခဲ့တယ်။ အဲဒီကနေ တဆင့် မေတ္တာ Feature ပါလာတဲ့ Lover 1.0 version(Love 1.0.1500) ကို ချစ်သူက စမ်သပ်အဆင့်(staging server) မှာ ရေးခွင့်ပေးခဲ့တယ်လေ။ အစပိုင်းမှာတုန်းက ချစ်သူ့ဘက်က Project Manager ဖြစ်တဲ့ ချစ်သူ့မာမားက ကိုယ်ရေးတဲ့ Love Application ရဲ့ ယုံကြည်စိတ်ချရမှု(Reliability) ကို မယုံကြည်ဖူးဆိုပြီး စမ်းသပ်အဆင့်(staging server) ပေါ်ကနေ ဖြုတ်ချ (uninstall) လုပ်ဖို့ကြိုးစားခဲ့သေးတယ်လေ။ နောက်ဆုံး Staging Server ကနေ အသုံးပြုသူက လက်ခံမခံ စစ်ဆေးမှု (User Acceptance Test) တွေ Pass ဖြစ်သွားပြီဆိုမှ ကိုယ့်ကို မေတ္တာ+ကြင်နာခြင်း+သံယောဇဉ် Feature တွေပါတဲ့ Family 1.0 version (Love 1.0.1500.528) ကို ရေးခွင့်ပေးခဲ့ကြတယ်။

ချစ်သူရေ ကိုယ့်ရဲ့ Software Run နေတဲ့ တလျှောက် ပျက်စီးရပ်တန့်ခြင်း(Crash) မဖြစ်အောင် ကိုယ်ရဲ့ အကြင်နာ module နဲ့ သံယောဇဉ် module တို့ကို အမြဲကောင်းအောင် (Enhance) ဖြစ်အောင် ကိုယ်ကြိုးစားနေပါတယ်။ ကိုယ်ရေးတဲ့ Love Application လေးရဲ့ မူပိုင်ရှင်က ချစ်သူ တစ်ဦးတည်းအတွက် မို့ ကိုယ့် Family မဟုတ်တဲ့ တခြားဘယ် user တွေကိုမှ ပေးသုံးမှာ မဟုတ်ပါဘူး။

ခုတော့ ချစ်သူနဲ့ကိုယ်တို့ရဲ့ user အသစ်လေးဖြစ်တဲ့ သားလေးချန်းချင်အတွက် Father 1.0 version ကို develop လုပ်နေပါတယ်။ user အသစ်လေးက ကိုယ်ရဲ့ System ကို အခုမှ စသုံးမှာဖြစ်တဲ့ အတွက်ကြောင့် သူမသုံးတတ်ရင် ချစ်သူ သေချာသင်ပေးလိုက်ပါ။ သူ့ကို စိတ်ရှည်ပါကွယ်။

ချစ်သူ စိတ်ပူနေတဲ့ ကိုယ်တို့ရဲ့ Lovely Family System ကြီးကို ရပ်တန့်ခြင်း(Crash) ဖြစ်စေနိုင်တဲ့ Girlfriend Module နဲ့ Beer and Liquor Module တို့ကို ကိုယ်လုံးဝ မရေး(develop မလုပ်) ပါဘူး။ ကိုယ် develop လုပ်နေတာက Blog Module ရယ်၊ Friends and Families Module ရယ်ပါ။ Grapes Module ကတော့ ကိုယ် develop မလုပ်ပါဘူး။ တခြား Programmer တွေ ဘယ်လို develop လုပ်နေကြတယ် ဆိုတာ ငေးကြည့်ရုံသက်သက်ပါ။

ချစ်သူကိုယ်ရေးတဲ့ Love Application လေးကို သုံးခဲ့တဲ့ ကာလတစ်လျှောက် အဆင်မပြေတာတွေ ရှိခဲ့တာကို သည်းခံပေးတဲ့ အတွက် ကျေးဇူးအထူးပါ။ ရှေ့လျောက် Error တွေ မတက်အောင် အမြဲ ဂရုစိုက်နေမှာပါ။ ကိုယ်ရေးတဲ့ Love Application ရဲ့ အခုအချိန်မှာ အဓိက Feature ဖြစ်တဲ့ သစ္စာရှိခြင်း နှင့် သံယောဇဉ် ကို အမြဲ support လုပ်နေမှာ ဖြစ်ကြောင်း ပြောကြားရင်းနဲ့ မှတ်တမ်းကို နိဂုံးချုပ်အပ်ပါတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

P.S
၁) စိတ်ကူးထဲပေါ်လာတဲ့ ပေါက်ကရလေးတွေကို ချရေးလိုက်တာပါ။
၂) English စာလုံးတွေကြောင့် ဖတ်ရတာ မျက်စိရှုပ်ရင် ခွင့်လွှတ်ပါ။

Bonus:
၁) စင်္ကာပူသား စကားများသည်
ဘက်စ်ကား ဒရိုင်ဘာ၏ ခေါင်းတည့်တည့်တွင် ချိတ်ထားသော သတိပေးစာများ

ဂျာမဏီ  ။   ဒရိုင်ဘာနှင့်  လုံးဝ  စကားမပြောရ
အင်္ဂလန်  ။   ဒရိုင်ဘာနှင့်  စကားမပြောလျှင်ကောင်းမည်
အစ္စရေး  ။   ဒရိုင်ဘာနှင့်  စကားပြောချင်စိတ်ကို ချိုးနှိမ်ပါ
စင်္ကာပူ   ။   ဒရိုင်ဘာကို  စကားပြန်မပြောပါနှင့်

၂) နောက်ကျပြီ
အိပ်ရာမှ နိုးလာသည့် ကိုချူချာ သာမိုမီတာကို ကြည့်သည်။ သာမိုမီတာက ၁၅ ဒီဂရီကို ပြနေသည်။ နဖူးကို လက်နဲ့ရိုက်ပြီး ကိုချူချာ ကိုယ့်ကိုယ်ကို ပြောသည်။

“ဒုက္ခပါပဲ၊ ရုံးနောက်ကျပြီ၊ မနက် ၈ နာရီ အရောက် ငါ ရုံးသွားရမှာပဲ”

၃) နှင်းပါ

အက်စကီးမိုးတွေ သူတို့ရဲ့ သားသမီးတွေ လမ်းလျှောက်တတ်တာနဲ့ ဘာစသင်သလဲ
အဝါရောင် နှင်းဖတ်တွေကို မစားရဘူး၊ မစားနဲ့လို့ပြောတယ်

34 comments:

kaungkinpyar said...

ချစ်သူ စိတ်ပူနေတဲ့ ကိုယ်တို့ရဲ့ Lovely Family System ကြီးကို ရပ်တန့်ခြင်း(Crash) ဖြစ်စေနိုင်တဲ့ Girlfriend Module နဲ့ Beer and Liquor Module တို့ကို ကိုယ်လုံးဝ မရေး(develop မလုပ်) ပါဘူး။ ကိုယ် develop လုပ်နေတာက Blog Module ရယ်၊ Friends and Families Module ရယ်ပါ။ Grapes Module ကတော့ ကိုယ် develop မလုပ်ပါဘူး။ တခြား Programmer တွေ ဘယ်လို develop လုပ်နေကြတယ် ဆိုတာ ငေးကြည့်ရုံသက်သက်ပါ။

အဲ့ဒါ ဂယ်လားဟင်၊ ညနေက Grapes Module ထဲက application ရယ်၊ ဟိုနေ့က ရလိုရလို မြို့စားကြီး ရဲ့ application ရယ် ၀င် run ချင်တဲ့ အရိပ်အရောင်တွေ တို့ တွေ့တယ်၊ ဟိဟိ တိုင်မှာ တိုင်မှာ...

Anonymous said...

ခွိ.. ခွိ.. ပေါက်တက်ကရတွေ.. ရီရတယ်.. :D

ဖိုးသင်္ကြန် said...

လုပ်မနေနဲ့...။ ဘာလုပ်တယ် ဘာပြောတယ် ဆိုတာ တောက်လျှောက် Cookies တွေပြန်ကြည့်သိတာပဲ။
သိပ်လျှော့မတွက်လေနဲ့ဆရာ၊ ဟိုကလည်း ကွန်ပျုတာကျောင်းသူဟောင်းနော့။

နေဒေးသစ် said...

Application လေးက ကောင်းတယ် .. ရည်ရွယ်ချက်လေးရော .. လုပ်ဆောင်ချက်လေးရော .. မဆိုးဘူး ...

တစ်ခုလေးပဲ .. အသုံးပြုခွင့်ရတဲ့ User အရေအတွက်က အရမ်းနဲနေသေးတယ် ... နောက် ထပ်သုံးခွင့်ရမယ့် User အသစ်လေး တစ်ယောက်လောက် မရှာချင်ဘူးလား ... သူကနေမှ တစ်ဆင့် နောက်ထပ် User ပေါက်စလေးတွေလည်း ပေါ်ပေါက်လာနိုင်သေးတာ မို့လို့ User အသစ် အသစ်တွေကို Welcome လုပ်ဖို့လည်း လိုမယ် ထင်ပါတယ် .. ဟဲဟဲ :D

နေဒေးသစ်။

သံလွင် HeRo said...

မှတ်သားသွားတယ်ဗျို့

Beauty Studio USA Branded Store said...

သူငယ်ချင်းရေ လာရောက်အားပေးသွားပါတယ်ဗျာ။

ကိုလူထွေး said...

ကော်မန့် ဗားရှင်း 1.06

းဝ)

MrDBA said...

လော့ဂျစ်အယ်ယာ တွေဘာတွေ ရှိချင်ရှိနေဦးမှာ ခုတော့ မသိသေးဘူး။

ရေတမာ said...

လေးစားပါတယ်အကိုရေ... ရှေ့လျောက်ပျော်ရွင်တဲ့ မိသားစု ဘ၀လေး အမြန်ဆုံးဆုံဆည်းကြပါစေလို့ ဆုတောင်းပေးပါတယ်

tune said...

လာရယ်သွားတယ်။

Sein Lyan Tun said...

ရေးတတ်ပါ့... စဉ်းစားတတ်ပါ့ ဗျာ...

ဖတ်ရတာ သဘောကျတယ်


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Angel Shaper said...

ဟဟဟားးးးးးးးးးးးးး ပေါက်ကရတွေ။
ဘကြီးသစ်ကတော့လေ။
ရယ်စရာတွေ တော်တော်ရေးတတ်တယ်။
ပျော်ရွှင်ကြပါစေဗျိုးးးးးးးးးးး

Anonymous said...

system error , systerm error ဆိုပြီး ဘက်ကီးတွေရိုက်နေတာ ရော မပါဘူးလား။ အမှန်အတိုင်းရေးပေးပါဗျို့.......

Phyo Maw said...

လုံးလုံး ကြည့်မရတာ ကြာဘီ။
သားလေး စမွေးကတည်းက မဟုတ်တာ။
ဘယ့်နှယ် သမီးလေးမွေးမယ့် ပရိုဂရမ် ဘယ်နားသွားထားတုန်း။
သူများနည်းတူ open source တွေချည်း ယူသုံးနေတာလားမှ မသိတာ။

မျက်မှန်လေး said...

ဟဟ။။။
ကောင်းပါ့
ကာတွန်းက လည်းပီပြင်ပါ့

ရွက်လွင့်ခြင်း said...

"ချစ်သူ စိတ်ပူနေတဲ့ ကိုယ်တို့ရဲ့ Lovely Family System ကြီးကို ရပ်တန့်ခြင်း(Crash) ဖြစ်စေနိုင်တဲ့ Girlfriend Module နဲ့ Beer and Liquor Module တို့ကို ကိုယ်လုံးဝ မရေး(develop မလုပ်) ပါဘူး။"

သေချာသလားကွယ်
ဟိဟိ...
း))

Htoo Aung Lwin said...

အင်း ပရိုဂရမ်မာလို့ မပြောရဘူး
သူသိပ်ကဲ...........။

ပုံ့မေ said...

ဟိဟိ...ယောက္ခမကြီး တော်ချက်...

ကောင်းလိုက်တဲ့ ပရိုဂရမ်...

သစ္စာ၊မေတ္တာ လွှမ်းခြုံ သံယောဇဉ်ကြိုးနဲ့ ရစ်သိုင်း... ပွင့်လင်းရိုးသားဂုဏ်ရည် ပေါင်းစပ် ထားတဲ့ အစ်ကိုကြီးတို့ ရဲ့ ပရိုဂရမ် ပိုပြီး Enhancement ဖြစ်အောင် လုပ်နိုင်ပါစေကြောင်း...

ချွေးမလောင်းလေး

Mogok Thar said...

အဲဒီ Love Application Run နေတဲ့အချိန်မှာပဲ System ရဲ့ နောက်ကွယ်မှာ တိတ်တဆိတ် Auto Run နေတဲ့ Application လေးတွေ ရှိနေတတ်တယ်နော်။

"ချစ်သူ စိတ်ပူနေတဲ့ ကိုယ်တို့ရဲ့ Lovely Family System ကြီးကို ရပ်တန့်ခြင်း(Crash) ဖြစ်စေနိုင်တဲ့ Girlfriend Module နဲ့ Beer and Liquor Module တို့ကို ကိုယ်လုံးဝ မရေး(develop မလုပ်) ပါဘူး။"

ဘာခုမှ အဲဒီလို ထအော်ရတာတုန်း။ ချစ်သူကို စိတ်ပူစေတယ် ဆိုကတည်းက အဲဒီ Application မှာ Emotionတွေ ထည့်ဖတ်ဖို့ လိုသေးတာ ပရိုဂရမ်မာ ကြီး မေ့နေလို့ ထင်တယ်။

နေေးဒးသစ် ပြောသလို Application အသုံးပြုချင်တဲ့ User အသစ်လေးတွေ တန်းစိနေပါတယ်ဗျို့။

Lovely Family System ကြီးထဲမှာ သမီးလေးမွေးမဲ့ application လေး Run cျိန်ကို စောင့်နေသူတွေလဲ တပုံကြီးတဲ့ဗျ။

သီဟသစ်ရဲ့ "Love Application Version 1.0.1500.528 Documentation" ကြီး အကြီူအျကယ် အောင်မြင်ပါစေသော်ဝ်။

မိုးခါး said...

ချစ်သူ စိတ်ပူနေတဲ့ ကိုယ်တို့ရဲ့ Lovely Family System ကြီးကို ရပ်တန့်ခြင်း(Crash) ဖြစ်စေနိုင်တဲ့ Beer and Liquor Module တို့ကို ကိုယ်လုံးဝ မရေး(develop မလုပ်) ပါဘူး။

ဟိဟိ
သေချာလားးးးးးးးးးးးးးးးးးး :P

Anonymous said...

အော် နောက်ဆုံးတော့လည်း ဒီ Application ကိုနိုင်အောင် Run သွားတာပဲနော်။ ဟိ

မေလေး said...

ချစ်သူ စိတ်ပူနေတဲ့ ကိုယ်တို့ရဲ့ Lovely Family System ကြီးကို ရပ်တန့်ခြင်း(Crash) ဖြစ်စေနိုင်တဲ့ Girlfriend Module နဲ့ Beer and Liquor Module တို့ကို ကိုယ်လုံးဝ မရေး(develop မလုပ်) ပါဘူး

သေချာလို့လား ယောက်ခမ
လူပျိုလေးတွေနဲ့ပေါင်းပြီး အော့ချက်မှာ ပေါင်ဖြူမလေးတွေ သွားငမ်းတာတို့
တန်ဂျွန်ဘားကားက လက်ဖက်ရည်ဆိုင်မှာ ကောင်မလေးတွေ သွားကြည့်တာတို့ အဲဒါဘူလဲဟင် :P

ခုမှ လာရှင်းပြမနေနဲ့
တိုင်မှာ စိတ်ချ

flowerpoem said...

very good program & developing.
Wish for Ko Thi Ha.
You are the best programmer :P

Thu Ya Aung said...

My Friend,
I have a question about that project proposal that you did for Hnin C Phyu. Is it the first project proposal you did in UCSM?
He he. I still remember the guitar you bought. :D
Ko Ky

jr.လွင်ဦး said...

ထုံးစံအတိုင်း ဘောနပ်စ်တွေကို အကြိုက်တွေ့တုန်း။း)

တွေးတွေးပြီ....ပြုံး မိတယ်..

ဆောင်းချမ်းမိုး said...

user လေးကို မသိနားမလည်ဘူး ဆိုပြီး လှိမ့်ချမနေနဲ့ ကိုပရိုဂရမ်မာ..
ဘာပဲပြောပြော love Application လေးကတော့ အောင်မြင်ပါတယ်..
version တွေ ဆက်လက်ကောင်းအောင်ထုတ်လုပ်ပြီး အမြဲ support လုပ်သွားနိုင်ပါစေ။
Girlfriend Module နဲ့ Beer and Liquor Module တွေကို develop မလုပ်ဖူးဆိုတာကတော့ ရှင်းပြနေစရာမလိုပါဘူး။ ဘာပဲပြောပြော တို့ကတော့ တိုင်မှာပဲ..။
ရေဆာလိုက်တာ..

ဆောင်းချမ်းမိုး said...

user လေးကို မသိနားမလည်ဘူး ဆိုပြီး လှိမ့်ချမနေနဲ့ ကိုပရိုဂရမ်မာ..
ဘာပဲပြောပြော love Application လေးကတော့ အောင်မြင်ပါတယ်..
version တွေ ဆက်လက်ကောင်းအောင်ထုတ်လုပ်ပြီး အမြဲ support လုပ်သွားနိုင်ပါစေ။
Girlfriend Module နဲ့ Beer and Liquor Module တွေကို develop မလုပ်ဖူးဆိုတာကတော့ ရှင်းပြနေစရာမလိုပါဘူး။ ဘာပဲပြောပြော တို့ကတော့ တိုင်မှာပဲ..။
ရေဆာလိုက်တာ..

ကလူသစ် said...

ပို့စ်ဖတ်ပြီး အူလည်လည်ဖြစ်သွားတာ။ ဘောနပ်နဲ့ကျမှ အဆင်ပြေသွားတော့တယ် :)

purplemay said...

software လေး အပ်ချင်တယ်...ခစ်ခစ်..
အဲ..ဒါပေမယ့် ကိုယ့်ဟာကို ရေးမှဖြစ်မှာပေါ့နော်...:P

tg.nwai said...

အမလေး.. မလွယ်လိုက်တာနော်.. ဖတ်ရတာ..ဟဲဟဲ

ZT said...

>>>Beer and Liquor Module တို့ကို ကိုယ်လုံးဝ မရေး(develop မလုပ်) ပါဘူး။

တကယ်ကြီးလားဟင်။ :P

ကြည်ဖြူပိုင် said...

ဒါလေးတွေကတော့မနှင်းဆီဖြူကြွေစေလောက်တဲ့
အပြောလေးတွေပေါ့ :D

Libratun said...

တစ်ခါတစ်လေ Tiger OS ကို dual boot လုပ်ပြီး ယူယူ သုံးတာ မသိတာမှတ်လို့

ပုလုကွေး said...

ဦးသစ်ကြီး ညနေ ဘီယာဆိုင် သွားမယ် လိုက်မှာလား။ လိုက်မယ်ဆို ဖုန်းဆက်...(Hidden file ကနေ run တယ်လို့မှတ်ပေါ့ဗျ)