Tuesday, June 9, 2009

Let’s talk about Chan Chang’s Name

သီဟသစ်နှင့် နှင်းဆီဖြူတို့ရဲ့ သား ချန်းချန်လေးအတွက် ရန်ကုန်က ဗေဒင် အဖွဲ့မှာ နာမည်တွေ ပေးထားတာ ရပါပြီ။ နာမည်လေးတွေကို မှည့်တဲ့နည်းနဲ့ပါ တွဲရေးပြီး ပို့ထားပေးတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ idea ယူခွင့်ပြုပါဗျာ။ နာမည်လေးတွေကို အသစ်စဉ်းစား သို့ ခုရှိထားတဲ့နာမည်ထဲက vote လုပ်ပေးပါဗျို့။ Thanks.. vote က အရေအတွက် ကြိုက်သလောက်လုပ်နိုင်ပါတယ်ဗျာ..

သီဟသစ်တို့ လောလောဆယ် စဉ်းစားထားတဲ့နာမည်က မောင် လင်းသန့်ပိုင် ပါ။

ချန်းချန်လေးက ကြာသာပတေးသား အထွန်းဖွားပါ။


A. မူလ+မူလ အမည်ပေး စံနစ်

၁) မောင် ဘုန်းဇင်မြတ်
၂) မောင် မျိုးဆက်ပိုင် (သို့) မိုးဆက်ပိုင်
၃) မောင် မိုးယံမင်းပြည့်
၎) မောင် ဗညားပိုင်
၅) မောင်ဘုန်းထွဋ်မြတ်
၆) မောင် ပိုင်စွမ်းပြည့်
၇) မောင် ဘုန်းစည်သူမောင်

B. ဆပွတ် + မူလ အမည်ပေး စံနစ်
၈) မောင် စွမ်းပြည့်ပိုင်
၉)မောင် စည်သူမောင်
၁၀) မောင် ဇေယျာဘုန်းမြင့်
၁၁) မောင် ဥာဏ်မင်းပိုင်
၁၂) မောင် ဇွဲနိုင်ဖြိုး
၁၃) မောင် ဇေဘုန်းပိုင် သို့ ဇေဘုန်းမြတ်

C. အမြစ် + မူလ နာမည်ပေးစံနစ်
၁၄) မောင် ရန်နိုင်ဖြု
၁၅) မောင် ဝေယံဘုန်းမြတ်
၁၆) မောင် ရဲစွမ်းပိုင်
၁၇) မောင် လင်းသူရမောင်
၁၈) မောင်ရဲစွမ်းပြည့်
၁၉) မောင် ရဲနေဘုန်း
၂၀) မောင် လင်းထက်မြက် သို့ ရဲထက်မြက်

D. အမြစ် + မူလ အမည်ပေးနည်း
၂၁ မောင် လင်းသန့်ပိုင်

အဲဒီနာမည်တွေထဲက မကြိုက်ရင် အခြား အမည်ပေးရအောင် အမည်ပေးနည်းပါ သူတို့က ထည့်ထားပေးတယ်ဗျ။

A) မူလ+မူလ အမည်ပေး စံနစ်
ရှေ့ဆုံးစာလုံး - ကြာသာပတေး
အလယ် - (ပ ဦးစားပေး) တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး
(ဒု ဦးစားပေး) တနင်္လာ၊ သောကြာ၊ စနေ
နောက်ဆုံး - ကြာသပတေး

B. ဆပွတ် + မူလ အမည်ပေး စံနစ်
ရှေ့ဆုံးစာလုံး - အင်္ဂါ
အလယ် - (ပ ဦးစားပေး) တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး
(ဒု ဦးစားပေး) တနင်္လာ၊ သောကြာ၊ စနေ
နောက်ဆုံး - ကြာသပတေး

C. ဆပွတ် + မူလ အမည်ပေး စံနစ်
ရှေ့ဆုံးစာလုံး - အင်္ဂါ
အလယ် - (ပ ဦးစားပေး) တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး
(ဒု ဦးစားပေး) တနင်္လာ၊ သောကြာ၊ စနေ
နောက်ဆုံး - အင်္ဂါ

D. အမြစ် + မူလ အမည်ပေးနည်း
ရှေ့ဆုံးစာလုံး - ဗုဒ္ဓဟူး
အလယ် - (ပ ဦးစားပေး) တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး
(ဒု ဦးစားပေး) တနင်္လာ၊ သောကြာ၊ စနေ
နောက်ဆုံး - ကြာသာပတေး

E. အမြစ် + မူလ အမည်ပေးနည်း
ရှေ့ဆုံးစာလုံး - တနင်္ဂနွေ
အလယ် - (ပ ဦးစားပေး) တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး
(ဒု ဦးစားပေး) တနင်္လာ၊ သောကြာ၊ စနေ
နောက်ဆုံး - ကြာသာပတေး

အမည်နေ့နံတွေ မသိတော့မှာ စိုးလို့ ရေးပေးပါရစေ။ မှားနေရင် ပြင်ပေးနိုင်ပါတယ်ဗျာ။

တနင်္ဂနွေ - အ
တနင်္လာ - က ခ ဂ ဃ င
အဂၤါ - စ ဆ ဇ စ် ည
ဗုဒၶဟူး - ယ ရ လ ၀
ၾကာသာပေတး - ပ ဖ ဗ ဘ မ
သောကြာ - သ ဟ
စနေ - တ ထ ဒ ဓ န

Bonus:

၁) ကြိုတင်ကာကွယ်တဲ့ ကိုချုချာ

ဒုတိယ ကမ္ဘာစစ် အတွင်းက ဖြစ်သည်။ မိုင်းအပြည့်မြှုပ်ထားသော လမ်အတိုင်း တပ်သား ချူချာ သတိထား လျှောက်လာသည်။ နားနှစ်ဖက်ကို လက်နှစ်ချောင်းဖြင့် ထိုးပိတ်ထားသည်။ နှုတ်မှလည်း ပြောသည်။
“မတော်တဆ တက်နင်းမိလို့ …. ဗုံးပေါက်တာကြောင့်နဲ့ နားကန်းသွားရင် ဒုက္ခ”

၂) ဆရာဝန်ဟာသများ

၁) Dr: ခင်ဗျားရဲ့ ချောင်းဆိုးသံကို ကျွန်တော် မကြိုက်ဘူးဗျာ
Patient: ကျွန်တော်လည်း တခြားလို မဆိုးတတ်ဘူး ဆရာရယ်

၂) Patient : ဒေါက်တာ .. ကျွန်တော့်မှာ လိပ်ခေါင်း ရှိနေတယ်ဗျ
Dr: ဟုတ်လား ဘယ်နေရာမှာလဲ

53 comments:

Anonymous said...

၁ လာဦးတာ

Anonymous said...

ကိုယ်တွေက ဗေဒင်ဆရာ မဟုတ်လို့ နာမည်လှလှ စဉ်းစားလို့ ထွက်ပေမယ့် ကလေးကို ကိုယ်အကြံပြုတဲ့ နာမည်ကြောင့် effect တစ်ခုခု ဖြစ်မှာ စိုးတာနဲ့ ကျွန်တော်တော့ ဗေဒင်အဖွဲ့ ရွေးပေးထားတာလေးတွေပဲ Vote ပေးခဲ့ပါတယ် ... သူတို့ပေးထားတာလေးတွေလည်း လှပါတယ် .. ကျွန်တော်တော့ သဘောကျတယ်

မူလ အမည်ထဲကဆို
- မိုးယံမင်းပြည့်
ဆပွတ်ထဲကဆို
-ဥာဏ်မင်းပိုင် နဲ့ ဇေဘုန်းမြတ်
အမြစ်ထဲကဆို
- လင်းသူရမောင် နဲ့ လင်းထက်မြတ်

လင်းသန့်ပိုင် လေးလည်း လှပါတယ် .. ကလေးနာမည်တွေ ခုတစ်လော ရွေးပေးနေရတာ များနေတယ် ဟိုတစ်နေ့ကလည်း မနိုင်းနိုင်းစနေ ဘလော့မှာ နာမည်သွားရွေးပေးခဲ့ရသေးတယ် .. ပျော်စရာကြီး .. ကိုယ်ရွေးတဲ့နာမည် ပါပါ မပါပါ ကိုယ်က အကြံပေးလိုက်ရတာ ကိုယ့်မှာ ကလေးတစ်ယောက်ရသွားသလိုပဲ .... ပျော်တယ် ... နာမည်ပေးပြီးရင် ပို့စ်လေး ရေးဦး ... သားပုံများများလေးနဲ့ .. :) အဆင်ပြေပါစေ .. သားသားချန်းချန် လေး အောင်မြင်ထက်မြက်တဲ့ သားလေး ဖြစ်ပါစေ ...
ဦးဦးနေဒေး။

kaungkinpyar said...

ဖေဖေ မေမေ တို့ ကြိုက်တာသာ ပေးပါလေ၊ လင်းသန့်ပိုင်လေး လဲ လှတာပါပဲ

အန်တီချမ်း said...

မွန်မြတ်ကောင်း
မင်းကောင်းမြတ်
မင်းကံကောင်း

မမအယ်ဇီ said...

အယ်ဇီ: ဝေယံ လို့ ခေါ်ကြည့်တော့ ခေါ်လို့ ကောင်းတယ်
10 Jun 09, 00:47
အယ်ဇီ: လင်းသန့် ပိုင် လည်းလှတယ်။ ဝေယံဘုန်းမြတ်လည်းလှတယ်

Phyo Evergreen said...

*မျိုးဆက်ပိုင်*

Dream said...

လင်းသူရအောင်း)

Dream said...

ဆောရီးပါ ဦးဦးရေ.. စာလုံးပေါင်း မှားသွားတယ်...အဟီးး ရေးချင်တာက

************လင်းသူရမောင်*********

ဖိုးသင်္ကြန် said...

ဗေဒင်ကိန်းခန်းညှိပြီးသားဆိုတော့ ခေါ်လို့ပြုလို့ကောင်းမယ့်နံမည်ပဲ ရွေးကြတာပေါ့ဗျာ။

(A) မျိုးဆက်ပိုင် (၉၅%)...အသံထွက်ရတာ အားပါတယ်။ ယောကျာ်းဆန်တယ်။ အမြန်အသံထွက်လို့တော့ သိပ်မကောင်းဘူး။ နောင်တစ်ချိန် သူ့ကို ကောင်မလေးတွေကခေါ်မည့် နံမည် ဖြစ်နိုင်ချေ= "ကိုမျိုးဆက်ရေ"၊ "ကိုဆက်ပိုင်ရေ"။

(B) ဇကွဲသံမကြိုက်။

(C) ဝေယံဘုန်းမြတ် (၉၈%)...ခန့်တယ်။ ခေတ်လူငယ်တွေနဲ့ ကီးကိုက်မယ့်နံမည်ပဲ။ အင်္ဂလိပ်လို စာလုံးပေါင်းကြည့်တာတော့ နည်းနည်းခေါင်းစားသွားတယ်။

(D)လင်းသန့်ပိုင် (၁၀၀%)...မိဘတွေက ကြိုက်တဲ့နံမည်။ "လင်းသက်ပိုင်လေးရေ၊ လင်းသက်ပိုင်လေးရေ"။ ခေါ်လို့ကောင်းတယ်၊ ဖြူဖြူတုတ်တုတ် ကလေးလေးတစ်ယောက်ပုံ မျက်လုံးထဲမှာ ပေါ်လာတယ်။

ကဲ၊ ရွေးပေးပြီးပြီ။ ကင်ပွန်းတပ်ပွဲပဲ ကျန်တော့တယ်။ မဖိတ်လို့ကတော့ ကလေးကို နံမည်ပြောင်တွေ လိုက်ပေးမှာဗျို့။

ဟေးဟေး :D

မနာလိုဖြစ်နေသူ

ကိုလူထွေး said...

အင်းးးးးးး


အီကြာကွေးတို့... ဓာတ်ဘူးတို့... ဖိုးပါကြီးတို့တော့ မကောင်းဘူး...

သန်းတို့ ရွှေတို့ ပါရင် လူမုန်းများမယ်... ဒါလဲ မကောင်ဘူး...


"သီဟသစ် ဂျူနီယာ" လို့တော့ ဘာပြုလို့ ဘယ်သူမှ အကြံမပေးမိ ကြပါလိမ့်....

"မောင်လူထွေး" လို့ ပေးချင်လဲ လက်ခံပါတယ်... ဝစီပေါဓားကျီးပါဒယ်...းဝ)


ထည့်သွင်းစဉ်းစားစေချင်ပါသည်...

ခင်တဲ့
ကိုလူထွေး.....းဝ)

yehtutnaung said...

ကဲ.. ကျွန်တော်တော့ နာမည်တတွဲ အသစ်ပေးချင်တယ်ဗျာ..။
"........မောင် ဖြိုးပြည့်မောင်............"

ATN said...

မျိုးဆက်ပိုင် ဆိုတဲ့ နံမည်ကို ကြိုက်တယ် ညီရေ့...

အပေါ်ကလူတွေ ပြောသလိုပါပဲ... အားမာန်ပါတယ်... ယောက်ျားဆန်တယ်... ခေတ်မီတယ်... ခေါ်လို့လည်း ကောင်းတယ်...

ကျန်တဲ့ နံမည်တွေတော့ မကြိုက်ဘူး....

Anonymous said...

မျိုးဆက်ပိုင်လို့ နာမည်ပေးမယ်ဆိုရင် သူကမွေးမယ့် နောက်မျိုးဆက်ကလေးလေးကို ဘယ်လိုနာမည်ပေးမလဲ စိတ်ဝင်စားသွားတယ် ... ( မျိုးဆက်ဆက်ပိုင်လား...)

မျိုးဆက်ပိုင်ရော လင်းသန့်ပိုင်ရော နှစ်မျိုးလုံး ကြိုက်တယ်..... (ma mie nge )

Sein Lyan Tun said...

ှုကိုကိုသစ်ရေ...
ကျနော်ကတော့ “ဥာဏ်မင်းပိုင်”
ကိုပဲသဘောကျတယ်
ထက်မြက်တဲ့ “ဥာဏ်” နဲ့ ပြည့်စုံပြီး
တင့်တယ်မြင့်မြတ်သော “မင်း” တပါးကဲ့သို့
လောက ကို “ပိုင်” စိုးနိုင်သောသူလို့...
အဓိပါယ်ဖွင့်လိုက်ရင်
နာမည်လေးက ပြည့်စုံသွားလားပဲ..
ခေါ်လို့လဲကောင်းမယ်
မောင်ဥာဏ်
ဥာဏ်မင်း
ပိုင်ပိုင်
ဥာဏ်ဥာဏ်
နာမည်ဖျက်ခေါ်ဖို့ခက်လိမ့်မယ်ထင်တာပဲ
အားလုံးထဲမှာ ဒီနာမည်တစ်ခုပဲ သဘောကျမိတယ်
ကလေးအဖေဘာသဘောကျလဲတော့မသိ
ပေးရင်တော့ လှမ်းအကြောင်းကြား
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

တောင်ပေါ်သား said...

သားကတော့ သီဟဖြူပဲ ကြိုက်တယ် အဟဲ
ဒါမှမဟုတ် သီဟဆီ ပေါ့ အဖေကော အမေကော ပါတာပေါ့ ဟုတ်ဘူးလား

တူလေး လင်းသန့်ပိုင် နာမည်ပေးကင်ပွန်းတပ်တော့ စားရချေရဲ့ ရှောင်မပြေးနဲ့ ကိုသီဟ တွေ့မယ်


လေးစားလျက်
တောင်ပေါ်သား

စိတ်စမ်းရေ said...

စိတ်ဝင်တစားလာကြည့်သွားပါတယ်...။
နာမည်လေးတွေကလဲ အတော်လှတော့
ဘာရွေးရမှန်းကို မသိဘူး...။ လင်းသန့်ပိုင်
လေးလဲ ကောင်းပါတယ်...။

Anonymous said...

အလယ်က သန့်ဖြုတ်လိုက်ရင်တော့....

မိုးကောင်းသူ said...

မောင် သန့်လင်းပိုင်
မောင် ပိုင်လင်းသန့်
မောင် လင်းသူရသန့်
မောင် ရှင်းသန့်လင်း
မောင် ရှင်းသန့်မောင်

phyo maw said...

နာမည်တွေ ကောင်းတယ်။
မိဘစိတ်ကြိုက်ရွေးတာ ပိုကောင်းတာပေါ့ :D

နွေးနေခြည် said...

နေ့သင့် နံသင့်ပဲကြိုက်လို့ A ကို vote လုပ်ပါတယ်။ A ထဲမှာတော့ မျိုးဆက်ပိုင်ကိုရွေးပါတယ်။
နောက်တယောက်မွေးရင်လည်း နာမည် ဆင်တူလေးဖြစ်မှကောင်းမယ် ထင်တယ်နော်..း)
အမြစ်တို့ ဆပွတ်တို့ဆိုတာ ဘာတွေပါလိမ့်...

Insein Thu said...

ဘုန်းထွဋ်မြတ်

myo said...

မျိုးဆက်ပိုင်ကိုတော့ လူကြိုက်များနေတယ်..
တို့ကတော့ ဝေယံဘုန်းမြတ်လည်း ကြိုက်တယ်..

မဆုမွန် said...

လင်းသန့်ပိုင်ဆိုတာနဲ့ လန်းလန်းဆန်းဆန်း ကလေးလေးတစ်ယောက် လူငယ်လေးတစ်ယောက်ပုံပေါ်တယ်

သားလေး ကျမ်းမာပါစေ

မမသီရိ said...

ပိုင်ဦးဗိုလ်
ပိုင်ဥက္ကာဗိုလ်

Anonymous said...

နာမည်လေးတွေကတော့ လှပါတယ်။ ဥာဏ်မင်းပိုင်၊ လင်းထက်မြက်၊ မင်းကောင်းမြတ် ဆိုတဲ့ နာမည်လေးတွေက ထက်ထက်မြက်မြက်နဲ့ တန်ဘိုးရှိတယ်လို့ ထင်ပါတယ်။

ဂျပန်ကောင်လေး said...

း).. ဒါလည်း ဗဟုသုတရတာပေါ့..

နွေးနေခြည် said...

အခုမှ ကိုသီဟသစ် နံမည်အရင်းကို သိလို့ လင်းသန့်ပိုင် ကိုပဲရွေးလိုက်ပါတော့လို့ လာပြောတာ.. အဖေနံမည်ပါတော့ ကောင်းတာပေါ့။း)

နွေးနွေးသဲမွန် said...

၂) မောင် မျိုးဆက်ပိုင် (သို့) မိုးဆက်ပိုင်
၂၀) မောင် လင်းထက်မြက် သို့ ရဲထက်မြက်<-- ကြိုက်တာလေးတွေပါ...ကိုကြီးရေ...ကလေးလေး ထက်မြက်မယ်ထင်တယ်...

မြစ်ကျိုးအင်း said...

ပိုင် ဆိုတဲ့နာမည်ပါအောင်တော့ ပေးဗျ...
မိဘတွေရွေးတာ ပိုကောင်းမှာပါ...

may16 said...

နာမည်လေးတွေအားလုံးလှပါတယ်.

Rita said...

မိဘတွေ စိတ်ကြိုက်ရွေးတာ အကောင်းဆုံးပါ။
ယောက်ျးလေးနာမည် လေးလုံး ဆိုရင်တော့ မကြိုက်ဘူး။ ယောက်ျားလေးနာမည်ဆို နှစ်လုံး နဲ့ပြတ်ပြတ်သားသားရှိတာကို ပိုကြိုက်တယ်။ ခုခေတ်အလိုဆိုရင်တော့ ၃ လုံးလောက် အတော်ပါပဲ။ လင်းသန့်ပိုင် ဆိုတာ ကောင်းပါတယ်။

:P said...

ဥာဏ်မိုးမင်း
ဗေဒင်နဲ့ ကိုက်မကိုက်တော့မသိဘူး.. ကြိုက်လို့.. :))

ကြည်ဖြူပိုင် said...

လင်းသန့်ပိုင်လဲကောင်းတာပဲ။ မျိုးဆက်ပိုင်လဲကောင်းတာပဲ။
တို့က လည်းကြည်ဖြူပိုင်လေ
အတော်ပဲ အတော်ပဲ။ ကြိုက်တယ်။ :P

အကြိုက်ဆုံးကတော့ နာမည်ကိုပြောလိုက်တာနဲ့ ဘာနေ့သားလဲဆိုတာ တန်းသိစေမယ့် မွေးနံရှေ့ကပါတဲ့နာမည်မျိုး။ ဥပမာ မင်းသူရိန်ထွန်း မြတ်သီဟမာန် ဖြိုးရာဇာ ။

ဒါပေမယ့် မိဘနှစ်သက်တဲ့နာမည်သာ အကောင်းဆုံးပါပဲ ယောက္ခမရယ်။ ကိုယ့် နာမည်လဲပါတာပဲ။ ငြင်းစရာရှိဘူး။ရှိဘူး :P

နှင်းဆီနက် said...

လင်းသန့်ပိုင်လေးလဲမဆိုးပါဘူး ကျန်တဲ့နာမည်ကိုကြိုက်တာကတော့ ဇေဘုန်းမြတ်နဲ့လင်းသူရမောင် အဲ့ဒီလင်းသူရမောင်နေရာမှာ လင်းသီဟမောင်ဆိုအဖေနာမည်ပါပါသွားမယ်ထင်တယ် နေ့နံနဲ့ကိုက်မကိုက်တော့မသိဘူးနော် အကြံပေးကြည့်တာပါ
ခင်မင်စွာဖြင့်
နှင်းဆီနက်

mabaydar said...

ကိုသီဟသစ်ရေ... မဗေဒါကတော့ ကြာသပတေးသားဆိုရင် ကြာသပတေးနဲ့ စတဲ့နာမည်ပဲ ပေးတာကြိုက်တာပဲ.. အဲဒိ ဓလေ့လေးက မြန်မာတွေမှာပဲရှိတာလေ.. နာမည်အစစာလုံးကြားတာနဲ့ ဘယ်နေ့မွေးလဲ သိနိုင်တာလေ.. နိုင်ငံခြားသားတွေဆိုရင် သူတို့ဘယ်နေ့မွေးလဲတောင် အမှုမဲ့ အမှတ်မဲ့ပဲ...
ဒီတော့ မဗေဒါကတော့ "ပိုင်" ဆိုတဲ့နာမည်လေးတွေလဲ ကြိုက်တော့... မျိုးဆက်ပိုင် ဆိုတဲ့ နာမည်လေးကြိုက်တာပဲ... ဒါပေမဲ့ အစ်ကိုတို့က မိဘတွေဆိုတော့ မိဘက ဆုံးဖြတ်တာ ပိုကောင်းပါတယ်... နာမည်တွေအများကြီးပဲ မိုက်တယ်.. မဗေဒါ ၀တ္တုေ၇းဖြစ်လို့ မင်းသားနာမည်စဉ်းစားလို့မရရင် ဒီက နာမည်လေတွေ ယူသုံးမယ်နော်.. နာမည်တွေက လန်ထွက်နေလို့.. အဟိ...

ကလူသစ် said...

မိုးယံမင်းပြည့်
ဘုန်းစည်သူမောင်

မိုးစက်အိမ် said...

လင်းသန်.ပိုင် လေးကလှတယ် အကိုရေ...
မိဘတွေ သဘောကျတာပေးတာပိုကောင်း
မယ်ထင်ပါတယ်...ကျွန်တော် စိတ်ထဲရှိတာ
ပေးဆို အဖေနာမည်သီဟ လဲပ်ါ ကြာသပတေး
လဲဖြစ်အောင် မိုးသီဟထက်ပိုင် လို.ပေးခဲ.တယ်ဗျို.
ရှည်များသွားလားမသိဘူး :D

mabaydar said...

အော်.. စွမ်းပြည့်ပိုင်တော့ မပေးနဲ့ အစ်ကိုရေ.. စွမ်းပြည့်ပါတဲ့ လူတွေက လူ့ဂွစာတွေများတယ်.. ဟိုတစ်နေ့ကပဲ East Coast မှာ တွေ့ခဲ့တယ်ဟုတ်.. (မတော်တဆ တမင်တကာ တစ်ယောက်သောသူကို ရည်ညွှန်းပြောသည်..)

Sonata Cantata said...

့နာမည်ဆိုတာ လူနဲ့ တသားထဲ ဖြစ်သွားတတ်တာမို့ သားသားနဲ့ အလိုက်ဖက်ဆုံးနာမည်လေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ရွှန်းမီ said...

:-) အမည် . . . (အများကြီးထဲက တစ်ခု) လို့ ခေါ်တွင်သော ကလေးလေး ပျော်ရွှင်ပါစေ...

Ree Noe Mann said...

ဘိုးတော် ဓါတ်ကျသွားတယ်ဗျို့။

ဖေ နဲ့ မေ ရွေးထားတာတော့ကြိုက်တယ်။

ဒါပင်မဲ့ နည်းနည်းလေးတော့ ကွန့်ချင်တယ်ဗျ

လင်းသန့်ပိုင်ဦး ကိုကြိုက်မိတယ်ဗျာ
ကျနော်က နာမည်လေးလုံးကို ပိုကြိုက်လို့ပါဗျာ

ရီနိုမာန်

Anonymous said...

မျိုးဆက်ပိုင်.. အဓိပ္ပာယ်တော့ အပြည့်ကောင်းတဲ့ နာမည်ပဲ..။ “ဥာဏ်မင်းပိုင်” ကိုလဲ ကြိုက်တယ်ဗျာ။

တလနွန် said...

အိမ်လည်နောက်ကျသွားပြီး ကိုသီဟသစ်ရေ။
လင်းသန့် ပိုင် က နာမည်ကြားတာနဲ့ 
တက်ကြွလန်းဆန်းတဲ့ လူငယ်တစ်ယောက်
အဖြစ် မြင်ယောင်စေပါတယ်။ ကောင်းတယ် အဲဒီနာမည်။

ခင်မင်ခြင်းနှင့်
တလနွန်

မိုးခါး said...

လင်းသန့်ပိုင်
စွမ်းပြည့်ပိုင်
အဲဒီနှစ်ခုကြိုက်တယ် ..း)
နောက်ကျသွားတယ်ဗျို့ ..
အလုပ်တွေရှုပ်နေလို့ :D

mgnge said...

၁ ရယ် ငါး ရယ်ဗျာ

Unknown said...

lin thant

Anonymous said...

မာမာ

ရန်ကုန်က ဗေဒင် အဖွဲ့ ဆိုတာကို သိခွင့် ရှိမလား ရှင့်
နောက်လမှာ သားလေးမွေးမှာ မို့လို့
ပေးထားတဲ့နာမည် လေးတွေက အရမ်းလှလို့ပါ

သီဟသစ် said...

မမာမာရေ ဗေဒင်အဖွဲ့နာမည်က ကွန်ပျူဗေဒ သုခုမအဖွဲ့ပါ။
http://www.mmastrology.com/2008/10/blog-post_5575.html

Unknown said...

အကိုရေ....အကူအညီလေးတောင်းချင်လို့
ပါ....တနင်္လာသမီးပါ....အခုအမည်ကိုပြောင်းချင်လို့ပါ

Unknown said...

ခင်ချိုမြင့်ဆိုတဲ့..နာမည်ကို
ရှေ့မှာခင်ဖြစ်ဖြစ်ချိုပါရင်ရပြီ...
အလယ်ကကြာသပတေးနဲ့နောက်ကဗုဒ္ဓဟူးနံနဲ့ပါအကို...

Unknown said...

ကျွန်တော့ရဲ့အမည်ကိုလည်းပြောင်းချင်ပါတယ်အကို.....
ဟိန်းလင်းကျော်....ကို
နာမည်အသစ်တစ်ခုလောက်ရွေးပေးပါအကို.....

သီဟသစ် said...

နာမည်ပေးနည်းတွေက ရန်ကုန်က ကွန်ပြူဗေဒ သုခုမ အဖွဲ့ကို လှမ်းမေးထားတာပါခင်ဗျာ။

သီဟသစ် said...

https://www.facebook.com/%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%95%E1%80%BA%E1%80%B4%E1%80%B1%E1%80%97%E1%80%92-%E1%80%9E%E1%80%AF%E1%80%81%E1%80%AF%E1%80%99-436651739751352/

http://compubaydathukhuma.blogspot.sg/
မှာသွားမေးကြည့်ကြပါ