ဒီလိုနဲ့ ပထမနှစ် Second Term ရောက်လာပါရော။ သူငယ်ချင်းတွေနဲ့ ပြင်ဦးလွင် အနီးစခန်းနားက ရေတံခွန်သွားမယ် ဆိုစီစဉ်ကြတယ်။ ဓါတ်တော်ချိုင့်ရေတံခွန်ပေါ့ဗျာ။ ကားနဲ့သွားလို့ ရတဲ့နေရာထိသွား ပြီးရင် လမ်းဆက်လျှောက် တစ်နာရီ ကျော်ကျော်လောက် လျှောက်ရတယ်ဗျ။ မိုးတွင်းရောက်ခါစ ဆိုတော့ မိုးလေးကလည်းရွာ လမ်းကလည်းတောင်ဆင်းလမ်းဆိုတော့ တဘိုင်းဘိုင်း ချော်လဲကြတာပေါ့။ သူငယ်ချင်းကောင်မလေး တစ်ယောက်ဆို ချော်လဲလွန်းလို့ သူ့ကို ချော်ကွင်းဆိုပြီး စလာတာ။ ခရီးအဆုံး ရေတံခွန်ကြီးလည်း မြင်ရော သီဟသစ် တစ်ယောက် ၀ဋ်လည်ပါလေရော။ ပျော်ပြီး ပြေးမိတာ သုံးခါတောင် ချော်လဲတယ်။ (ဒါနဲ့ စကားမစပ် ဟိုနေ့က ကိုကိုရွာသား ကောင်းမှုနဲ့ Jurong Bird Park ရောက်တော့ လူလုပ်တဲ့ ရေတံခွန်ထဲမှာ အကြီးဆုံးလို့ သူတို့ညွှန်ထားတဲ့နေရာ ရောက်ခဲ့သေးတယ်။ အလှချင်း ခံစားရတာချင်း ဘာမှမဆိုင်ဘူး)။ အဲဒီခရီးစဉ်မှာ နှင်းဆီဖြူလေးပါလာပါတယ်။ သူငယ်ချင်းအရင်းတစ်ယောက်နဲ့ အဆောင်တူနေတော့ သူပါပါလာတာပါ။ ဒါပေမယ့် ဘာမှကို မဘာမှ သေးပါဘူး။ အဲဒီအချိန်က။ တိုက်တိုက်ဆိုင်ဆိုင် ပြောရရင်တော့ အုပ်စုပုံရိုက်ဖြစ်တဲ့ ၃ ပုံလုံးမှာ သီဟသစ်က သူ့နောက်မှာ ရပ်မိနေတာချည်းပဲ။ ရည်းစားဖြစ်ပြီးနောက်ပိုင်း သူက ပြန်ပြောမှ သတိထားမိတာပါ။
Credits to http://www.flickr.com/photos/21395558@N05/2078651738/
ဓါတ်တော်ချိုင့်ရေတံခွန်ပုံ
အဆောင်မှာ နေရင်း ဖဲကလည်း နည်းနည်းရိုက်တတ်လာတယ်။ ပထမဆုံးကတော့ တွမ်တီဝမ်းက စတာပေါ့လေ။ ပရော်ဖက်ရှင်နယ် အဆင့်တော့ မရောက်ပါဘူး။ အပျော်ပါဘဲ။ နောက်အတန်းတွေ ကြီးလာတေ့ ပိုကာ၊ ရှမ်း၊ ဟောင်ကောင်ရှိုးတဖြည်းဖြည်းချင်း တက်လာတာပေါ့။ ဟောင်ကောင်ရှိုးဆိုတာ သိကြလားမသိဘူး။ ၂ ကို အကြီးဆုံးထား ကစားရတာလေ။ ဒါတောင် အုန်းခွဲတာတို့၊ ရှိုးတို့၊ ဟောလိဝုဒ် စတဲ့ ပညာရပ်တွေ မတတ်လိုက်ရဘူး။
တဖြည်းဖြည်းနဲ့ ပထမနှစ် Second Term စာမေးပွဲဖြေချိန်ရောက်လာပြန်ရော။ သီဟသစ်မှာ အကျင့်တစ်ခုရှိတာက ကိုယ်တခြားဟာလုပ်နေချိန် သူများကျောင်းစာကြည့်နေရင် မနေတတ်ဘူး။ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ အတူတူနေခဲ့တဲ့ သူငယ်ချင်းတွေကလည်း ညညဆို စာတွေကြည့်ကြတာဗျ။ အဲဒါနဲ့ ကိုယ်လည်း မလိမ်မာချင်ရက်နဲ့ သူများဖျက်တာနဲ့ စာတွေလိုက်ကြည့်ဖြစ်ရော ဆိုပါတော့လေ။ (ရိုးတွေ ပုံမှန်လောက်ရှိခဲ့တာ သူတို့ကျေးဇူးတွေ ပါပါတယ်။) အဲဒီတုန်းက စစ်ကိုင်းက သူငယ်ချင်းကလည်း စာမေးပွဲတွင်း စာလာကျက်တယ်။ (ခုဘလော့ဂါ မိုးကောင်းသူ ရဲ့ ကိုယ်တော်ကြီး အလောင်းအလျာပေါ့)။ သူက အဲဒီကတည်းကတိုင် မျက်မှန်ပါဝါများတာ တပ်ရတာ။ အဆောင်က ရေကန်မှာ ရေချိုးတော့ သူက မျက်မှန်ကို ရေကန်ဘေး အုတ်ခဲပေါ်တင်ထားခဲ့တာ။ တခြားသူငယ်ချင်းက တက်နင်းတော့ မျက်မှန်လည်း အေးချမ်းမေဖြစ်သွားရော။ ဒီကြားထဲ သူဝမ်းလျောတာကို သီဟသစ်က ယမ်ယမ် ချဉ်စပ်တွေ ပြုတ်ကျွေးမိလို့ သူငယ်ချင်းခမျာ ပန်းသခင်ဇာတ်ကားမှာ ဆက်လက် သရုပ်ဆောင်လိုက်ရသေးတယ်။
ဒုတိယနှစ်ပြန်ဖွင့်ပြီး သိပ်မကြာခင် သူငယ်ချင်းတွေက ပုဂံကို Excursion ထွက်မယ်ဆိုပြီး စီစဉ်တော့ သီဟသစ်လည်း ဘယ်ရမလဲ။ လိုက်တာပေါ့။ အဲဒီတုန်းက(၁၉၉၉ ခုနှစ်က) တစ်ယောက် ၃ ထောင်နဲ့ ကို ၂ ညအိပ် ၃ ရက် ခရီးပေါ့။ (သူငယ်ချင်းတစ်ယောက်ကတော့ အိမ်ကို Drawing ဆွဲတဲ့ ပစ္စည်းဖိုး ၅၀၀၀ တောင်းပြီး တကယ်ဝယ်တော့ ၂၀၀၀ တန်ဝယ၊် ကျန်တာနဲ့ ပုဂံလိုက်လာတာပဲ။) ပုဂံရောက်တော့လည်း တည်းရတဲ့ တည်းခိုခန်းလေးက သပ်သပ်ရပ်ရပ်ပါပဲ။ အဲဒီကို ရောက်ရောက်ချင်းညက တိုးတိုးဝင်း ပုဂံဘူဖေးဆိုင်မှာ ထမင်းသွားစားကြတော့ သူငယ်ချင်းအဖွဲ့ချင်း ထမင်းစားပြိုင်ကြပါတယ်။ အအေးတိုက်ကြေးပါ။ ယောက်ျားလေး ၅ ယောက် အဖွဲ့နဲ့ မိန်းကလေး ၈ ယောက်အဖွဲ့ထင်တာပဲ။ နောက်ဆုံးကျတော့ သီဟသစ်တို့အဖွဲ့က ဇလုံ ၈ လုံး သူတို့အဖွဲ့က ၅ လုံးနဲ့လား မသိနိုင်သွားပါတယ်။ အအေးလည်းသောက်ပြီးရော အပြန်လမ်းမှာ သီဟသစ်ကို သူငယ်ချင်းတွေက တွဲကိုခေါ်ရတော့တာဗျို့။ အစားတွေလွန်ပြီး ဗိုက်အင့်နေတာလေ။ သူငယ်ချင်းတွေဆီက ဂျဲလမက်တွေ ဘားပလက်တွေ ယူသောက်ရသေးတယ်။ မနက်လင်းတော့လည်း Sun Rise ဆိုပြီးသွားကြည့်ကြသေးတယ်။ အပေါ်ကို တက်လို့ရတဲ့ ဘုရားတစ်ခုဆီကနေပေါ့။ အဲခါတုန်းကတော့ ပျင်းတောင်ပျင်းမိသေး နေထွက်တာများ ဘာထူးဆန်းလို့လဲပေါ့။ Excursion စီစဉ်တဲ့ သူငယ်ချင်း နှစ်ယောက်က တော်ကြပါတယ်။ သူတို့ စီစဉ်တဲ့ ခရီးတွေ အကြောင်းလည်းဆက်ရေးမှာပါ။
ဒုတိယနှစ်ရောက်တော့ မန္တလေးက သူငယ်ချင်းတစ်ယောက်က သူတို့ရဲ့ လွတ်နေတဲ့တိုက်ခန်းငှားပေးပါတယ်။ သူငယ်ချင်း ၄ ယောက်သွားနေကြတာပေါ့ဗျာ။ စာရင်းပေါက် ၄ ယောက်က နေ့ခင်းဆို ကျောင်းသွားကြတယ်။ ကျန်တဲ့ မန်းလေးက သူငယ်ချင်းတွေက နေ့ခင်းဖဲလာရိုက်နဲ့ ဟုတ်တော့နေတာပဲ။ အဲဒီအထဲမှာ သူငယ်ချင်းတစ်ယောက်က တော်တော်စလို့ကောင်းတယ်။ ၀ကြီးလို့ ခေါ်တယ်။ သူတို့ဖဲရိုက်နေတဲ့ အချိန်သူ့ကိုစတော့ တွေ့တာနဲ့ကောက်ပေါက်တာနေမှာ။ သီဟကျောင်းက ပြန်လာရင် နိုးစက်နာရီလေးက တစ်စစီဖြစ်၊ ကက်ဆက်ကလည်း ကိုင်းတွေပြုတ်နဲ့ ရှုပ်နေတာပဲ။ သီဟတို့က ညရောက်ရင် တော်တော်နဲ့ မအိပ်ကြဘူး။ ည ၂ နာရီ ၃ နာရီ လောက်မှ မိုးအလင်းဖွင့်တဲ့ ထမင်းကြော်ဆိုင်ကို သွာစားကြတယ်။ တိုက်ခန်းက အိမ်နီးနားချင်းတွေကတော့ သြဘာပေးပါတယ်။ ညညဂျပန်စစ်ဖိနပ်သံတွေ ကြားရတဲ့အတိုင်းပဲတဲ့။
သူငယ်ချင်း ၄ ယောက်ပေါင်းပြီးတော့ ကွန်ပျူတာ တစ်လုံးလည်း ၀ယ်ကြသေးတယ်။ အစ်မအကြီးဆုံးရဲ့ ရွှေဆွဲကြိုးလေးကနေ ကွန်ပြူတာဖြစ်သွားတာပေါ့လေ။ ကွန်ပျူတာသွားဝယ်တော့ သတိရသေးတယ်။ Casing ဆိုတာကြီးကို ဘာကြောင့်ဝယ်ရတာမှန်းမသိဘူး။ ကိုယ်သိတာက Hard disk Memory အဲလောက်ပဲသိတာ။ နောက်မှကွန်ပြူတာ ထည့်ဆင်တဲ့ပုန်း မဖြစ်မနေ၀ယ်ရမယ်ဆိုမှ သိတော့တာ။ ကွန်ပျူတာ ၀ယ်ခါစကတော့ လုကိုင်ကြတာပေါ့လေ။ တစ်ယောက်က Keyboard ဆို တစ်ယောက်က Mouse ကိုင်ရှုပ်နေတာပဲ။ နောက်တော့လည်း ဘယ်သူမှလှည့်မကြည့်ဖြစ်ပါဘူး။ နောက်ပိုင်းသီဟသစ် Hardware သင်တန်းတက်ပြီးမှ စက်ပုံးကို ဖွင့်ကြည့်မိတာ အထဲမှာ ဖုန်တွေက တစ်လက်မထုလောက်ထုရှိတယ်။
နှင်းဆီဖြူလေးနဲ့တွေ့တဲ့ အပိုင်းရောက်ပါတော့မယ်။ ကိုယ်ရေးတဲ့ ဇာတ်လမ်းမို့လို့သာ ကိုယ်က ဇာတ်လိုက်လုပ်လိုက်ရတာ တကယ်တော့ ထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ နီကိုရဲရဲ့ စိတ်အိုင်ပက်သူ ဇာတ်လမ်းနဲ့ နည်းနည်းတော့ ဆင်သလိုပါပဲ။
ဆက်ရန်...
P.S အိပ်ငိုက်နေလို့ ဘောနပ်စ်မရိုက်လိုက်ရပါ။ မနက်ကလည်း ၀ါးတီးသွားစားရအုံးမယ်။
23 comments:
အိပ်ချင်နေလို့ ၁၁၁၁၁၁၁၁ အရင်ယူသွားပါတယ်ကွာ။
နောက်မှ ပြန်လာခဲမယ်။
ရီနို
စိတ်အိုင်ပတ်သူနဲ့ဆင်တယ်တဲ့လား...။
ဇာတ်လမ်းကို မှန်းလို့ရသွားပြီ။
တွေ့ကြသေးတာပေါ့၊ မနှင်းဆီဖြူ ပြန်လာလို့ကတော့ ဗိုက်ကြောပြတ်ပြီမှတ်။
လူဆိုးးးးးးးးးးကောင်းပြီဆို လုပ်ပြီ..သိချင်ပါတယ်ဆိုမှ ရပ်လိုက်ပြန်ပြီ...နောက်မေလေးဆီလာလည်ရင်ထမင်းစားချိန်မလာနဲ့နော်..မလောက်မှာစိုးလို့
အဟီး
ခင်လို့စတာ
မေလေး
ိ
ကျွန်ုပ်လဲငိုက်ငိုက်နဲ့ဖတ်သွား“၏
ဘောနပ်စ်ဖတ်ပြီး ရယ်သွားပါတယ်...
(ဟဲ..ဟဲ...အကျင့်ပါနေလို့ပါ ခင်ဗျာ)
ကျောင်းသားဘဝဆိုတာ တဘဝလုံးရဲ့ မမေ့နိုင်ဆုံး အချိန်တွေလို့ ထင်တယ်နော်...
းဝ)
လွမ်းလို့ကောင်းတုန်းပါး)
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ကိုသီဟရေ.... ဖတ်လို့ကောင်းတယ်ဗျ..
နောက်အပိုင်းတွေကိုလဲ ဆက်စောင့်နေမယ်....။
စောင့်ဖတ်နေပါတယ်
ချက်ကောင်းရှာနေ၏
ကျောင်းတော်ကြီးအလယ်
ဖဲလည်ရိုက်မယ်
ရည်းစားလဲ ထားအုံးပါမယ်ကွယ်.............။
ဇာတ်လိုက်မင်းသားကြီး ကိုသီဟပေါ့နော်.. ဟီးဟီး. နှင်းဆီဖြူနဲ့ဇာတ်က သိပြီးသားကြိးဟာ နောက်ဆုံးမှာ ပေါင်းပြီးတော့ ချန်ချန်လေးတောင် လူဖြစ်ပြီ.. ဇာတ်သိမ်းသိသိ...း)
ကိုသီဟကြီး ၂ အကြီးဆုံးကစားတာက ဟောင်ကောင်ရှိုးလို့ ခေါ်တာလား။ မော်လမြိုင်မှာတော့
စင်ကာပူရှိုးတဲ့ (သူများတွေ ပြောလို့ ကြားမိတာပါ :) )
ကျောင်းတော်ကြီးကို လွမ်းသွားပြီး။ စိတ်နာနာနှင့်
ကျောင်းဆရာ ပြန်လုပ်မယ် :)
ခင်မင်ခြင်းနှင့်
တလနွန်
ဟုတ်တယ် လေ ရန်ကုန်ကျောင်းကလူတွေ ခေါ်တာက တိုက်ကြီ ၊ ပြည်နဲ့မော်လမြိုင်က စင်ကာပူ
မန်းလေးက ဟောင်ကောင်
ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ တစ်ချပ်မှ မကျန်ဖို.အရေးကြီး တယ် ပစ်သာပစ်
တချပ် ၃ ကျပ်ဆိုရင်တောင် မနည်းဘူး ဟီဟိ
(ကိုယ်နားမလည်ပါဘူးသူများတွေ ပြောတာကြားဖူးတာ)
P:
ကောင်းတယ် စာလေးဖတ်ရတာ ...
ကျောင်းကို လွမ်း၏ ၊ တနပ် ၉၀ တန် ထမင်းကိုလည်း လွမ်း၏ ၊၊ ၁၅ ကျပ်တန် လဖက်ရည်ကိုလည်းလွမ်း၏၊၊ အတန်းဖော် သူငယ်ချင်းချစ်သူလေးကိုလည်းလွမ်း၏ ၊၊ သူကတော့ ပူတူးတူးတောင် ရနေပြီလားမသိ P:
အာမလေးဟဲ့ နှင်းဆီဖြူနဲ့ သူ့အကြောင်း သိချင်ပါတယ် ဆိုကာမှ မစရသေးဘူး ဆက်ရန်ကလာပြီ .. အဟွင်းနော် ... စိတ်မတိုချင်ဘူး မြန်မြန်ရေး :D
နေဒေးသစ်။
လာလာ ဖတ်နေတယ်နော်။
မြန်မြန်ဆက်ပါ။
ကောင်းတုန်းပဲ.. ဖြတ်လိုက်တယ်.. ဇာတ်လမ်းကို
အုန်းခွဲတာတို့၊ ရှိုးတို့၊ ဟောလိဝုဒ် သိချင်ရင်တော့ အဝေးရောက် သင်တန်းပို့ချမယ် ဒါတွေတော့ အကုန်တတ် :P
ပြောရင်းဆိုရင် ပုဂံတောင် သွားချင်လာပြီ။
ကိုသီဟရဲ့  အိမ်သူ နှင်းဆီဖြူနဲ့ ဇာတ်လမ်းစခဲ့ပုံကို လူတိုင်းက သိချင်သလို ကျွန်မလည်း သိချင်ပါတယ်။
စောင့်မျှော်လျက်...
အိုင်တီသမားတွေ ပေါင်းပြီး Online ရှမ်းကိုးမီး Site ရေးကြရင် ကောင်းမလား မသိဘူး။ :)
ရှိုး ရှိုး ...း)
ပျော်စရာကြီးပါလား
တစ်ကနေစဖတ်တယ်... ကျောင်း သား ဘ၀ရဲ့ပျော်စရာ အားကျစရာတွေ ကတော့ စုံနေတာပေါ့နော်.. အမှတ်ရစရာ ဆိုတာ ကတော့အမှတ်ထား မိသမျှ အမှတ်ရစရာ ပါပဲ...
ဘယ်သူပဲမင်းသားဖြစ်ဖြစ်.... စာအရေး အသား ကောင်း မကောင်းတော့မသိဘူး... ဘေးနား ကလိုက်ကြည့်နေရ သလို ပဲ..အကြောင်းအရာတွေပေါ်လွင် တယ်ဗျာ...
ဆက်မျှော်နေဦးမည်
ကျောင်းသားဘဝအမှတ်တရလေးတွေ ဖတ်သွားပါတယ်ဗျို့
ကောင်းခန်းရောက်မှဗျာ။
ကျောင်းသားဘဝကိုလွမ်းလိုက်တာဗျာ။
အရမ်းတူတယ်ဗျ နော်။ ပေတာတွေက
ပာားပာား
လာဘတ်သွားတယ်ဗျို့
အစားလည်းလျှော့စားလေ
သူများထမ်းထုတ်ရတယ်ဆို ကောင်းသေးဘူး
:P
ကြိုကြားကြိုကြားဇာတ်လမ်းလေးလည်းထည့်လေ
:D
Post a Comment