Tuesday, July 14, 2009

ဖတ်ဖြစ်တဲ့စာအုပ်များ (၁) - ပန်းကြာဝတ်မှုန်



Credits to http://www.ourmandalay.net/index.php/2008-11-13-10-32-09/130-2009-01-08-07-21-01

For Book : Credits to ကိုရွာသား

တကယ်တော့ ဒီစာအုပ်လေးကို ကျောင်းတော်ကြီးရဲ့ အလယ်မှာ မရေးခင်ဖတ်ဖြစ်ရင် ပိုကောင်းမှာပဲလို့ တွေးမိတယ်။ ဆရာမက သူ့ရဲ့ မန္တလေး တက္ကသိုလ်ကျောင်းသား ဘ၀ကို အခြေခံပြီးရေးထားတဲ့ ဇာတ်လမ်းလေးပါ။ ၁၉၈၀ လောက်က အကြောင်းကို အခြေခံပြီး ရေးထားတာပေမယ့် ပတ်ဝန်းကျင်က ကိုယ်နဲ့ ရင်းနှီးခဲ့တဲ့ ပတ်ဝန်းကျင်ဆိုတော့ ဖတ်ရတာ လွမ်းစရာပါ။

မြင်းခြံကနေ မန္တလေးကို ကျောင်းလာတက်တဲ့ ကျောင်းသူလေးနဲ့ ကလောက ကျောင်းလာတက်တဲ့ ကျောင်းသားလေးတို့ အကြောင်းရေးထားတာပါ။ မြန်မာစာမေဂျာက ကျောင်းသားနဲ့ စာဖတ်ဝါသနာပါတဲ့ ကျောင်းသူအကြောင်းဆိုတော့ တစ်လျှောက်လုံးမှာ ကဗျာလေးတွေ ထည့်ပေးထားတယ်။ တကယ်တော့ ဆရာမကြီး ကြည်အေး ၀တ္ထူတွေကို သိပ်မကြိုက်ပါဘူး။ ကဗျာတွေကတော့ ဒီစာအုပ်ထဲမှာ ထည့်ထားမှ ဖတ်ဖူးတာ။ သူ့နေရာနဲ့သူ ကဗျာလေးတွေသုံးသွားတာ ကဗျာလေးတွေကို တော်တော်ကြိုက်သွားတယ်။

အဓိက ဇာတ်လိုက် ၂ ယောက်က ကျောင်းမှာတုန်းက မပွင့်လင်းဖြစ်ခဲ့ကြ၊ ကျောင်းပြီးပြီး အနှစ် ၂၀ ကျော်ကြာမှ ဇာတ်လိုက် အမျိုးသားက US ကခဏပြန်လာ၊ အမျိုးသမီးနဲ့ ပြန်တွေ့.. နည်းနည်းတော့ စိတ်ကူးယဉ်ဆန်သလိုရှိပေမယ့် ဆရာမက တကယ့်အဖြစ်အပျက်ကို အခြေံပြီးရေးထားတာလို့ ဆိုပါတယ်။

တကယ်တော့ စာအုပ်ကို Review သဘောမျိုး ရေးချင်ပေမယ့် အကြည်တော် ၀တ္ထူ ထဲက စာပေဝေဖန်ရေးလို ဖြစ်နေမှာစိုးလို့ ရေးတတ်သလို ရေးလိုက်ပါတယ်။ (အဲဒီအထဲမှာ စာအုပ်တစ်အုပ်လုံးကို ကူးချပြီးမှ ဆရာမကြီး ဤသို့ရေးထားတာကို ဝေဖန်လိုက်ရပေသည် ဆိုတာမျိုး)

စာအုပ်ထဲက ကြိုက်မိတဲ့ စာသားတွေ၊ ကဗျာလေးတွေကို ကူးရိုက်ထားတာပါ။

မိန်းမသားဆိုတာ မျက်ရည်ကျကောင်းတယ်၊ ဒါမိန်းမသားတွေရဲ့ ဗီဇက ပါလာတဲ့ ကိစ္စ… ဒါပေမယ့် ပျော့ညံ့တာ မဖြစ်စေရဘူး။ မျက်ရည်ကျခြင်းအားဖြင့် နောက်တစ်ခါ လုပ်ရမည့်အလုပ်အတွက် နောက်တစ်ခါ ရင်ဆိုင်ရမည့် အတွေ့အကြုံတစ်ခုအတွက် အားဖြစ်ဖို့လိုတယ်။ မေမေကတော့ မျက်ရည်နဲ့အားယူတယ်(စာမျက်နှာ ၁၄)

မိန်းမသားဟာ ခင်ပွန်းဖြစ်သူရဲ့ အောင်မြင်ကြီးပွားမှုဟာ သူ့ကြောင့်လို့ ထင်စေချင်ပြီး၊ ယောက်ျားသားကတော့ သူရှာဖွေထားတဲ့ အောင်မြင်ကြီးပွားမှုဟာ သူ့အတွက် မဟုတ်ဘူးဆိုတာနဲ့ လုံလောက်တယ် ထင်နေတတ်သတဲ့ (စာမျက်နှာ ၆၆)

ခုံမင်ချစ်မွေ့၊ အိမ်သားစေ့ငှ
တွေ့ကြုံဆုံမြဲ၊ အိမ်ပြန်ပွဲ၌
ကြေကွဲဖုံးဝှက်၊ ငါချည်းသက်သက်
အိမ်လွမ်းခက်လှ…
(ကြည်အေး - စာမျက်နှာ ၈၀)

တွယ်ငြိခြင်းသည်
ဆင်းရဲအစ၊ သံသာရဟု
ချမ်းမြသိလည်း၊ တွယ်ငြိမြဲပင်
ရဲဝံ့သည်လား၊ ကြောက်သည်လားဟု..
(ကြည်အေး - စာမျက်နှာ ၉၅)

သူ့အပြုံးက နှလုံးစွဲစိမ့်
ရင်တွင်းငြိမ့်ငဲ့ ဖိုသိမ့်ကြက်သီး
ချမ်းမပြီးဘူး…။
ယောင်တီးယောင်တ ရပ်ရမလို
နှုတ်ချိုခွန်းစ ဆက်ရမလို
သူ့ကိုသာမှတ်ပြုံးရုံတတ်သည်.. (ကြည်အေး - စာမျက်နှာ ၁၄၂)

ရှင်ဟာ ဥသြငှက်ကိုတောင် ခေါ်မလာဝံ့တဲ့ နွေဦးမျိုးပဲ.. (စာမျက်နှာ ၄၁၆)


အသက်အရွယ်ကြောင့် ဇွတ်ကြီး လူကြီးမဆန်ချင်ပါဘူး..လူကြီးဆန်တယ်ဆိုတာ ရင့်ကျက်ဟန် ဆောင်တာ တစ်မျိုးပါ..ခံစားမှုရှိတဲ့အတိုင်း ပြောတယ်… နေတယ်။ ငိုစရာရှိ ငိုမယ်.. ရယ်စရာရှိ ရယ်မယ်..
(စာမျက်နှာ ၄၃၉)


ခင်မင်စွာဖြင့်
သီဟသစ်

P.S ခုရက်ပိုင်း stress နည်းနည်းများနေလို့ ဘလော့မလည်ဖြစ်တာ ခွင့်လွှတ်ပါရန် :)

31 comments:

kaungkinpyar said...

အသက်အရွယ်ကြောင့် ဇွတ်ကြီး လူကြီးမဆန်ချင်ပါဘူး..လူကြီးဆန်တယ်ဆိုတာ ရင့်ကျက်ဟန် ဆောင်တာ တစ်မျိုးပါ..ခံစားမှုရှိတဲ့အတိုင်း ပြောတယ်… နေတယ်။ ငိုစရာရှိ ငိုမယ်.. ရယ်စရာရှိ ရယ်မယ်..

ကြိုက်တယ်

မငုံ said...

ကောင်းမဲ့ သဘောမှာရှိတယ်။ အဲဒီဝတ္ဘုသွားဖတ်ဦးမယ်။ မဖတ်ဖူးသေးဘူး။ အခုဖော်ပြထားတဲ့ စာသားတချို့တောင် တော်တော်သဘောကျနေပြီ။

Sein Lyan Tun said...

၁၉၈၀ လောက်က အကြောင်း ဆိုတော့ ကျနော် မွေးကာစပေါ့

ဖတ်ကြည့်မယ်ကောင်းမှာ သေချာတာပဲလေ..

လွမ်းလို့ကောင်းမယ်ထင်တယ်..


ကျေးဇူးတင်ပါတယ်

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

နဒီမိုးညို said...

ရင့်ကျက်ဟန်ဆောင်တာတော့မဟုတ်ဖူး.
တစ်ခါတစ်လေ..ဘဝမှာ..
ငိုချင်ရင်လဲ.ရယ်နေရတယ်
ရယ်ချင်ရင်လဲ..ငိုနေရတယ်.
ဒီလိုခံစားမူတွေ..အနားသတ်ချင်တယ်.
ပြောင်းပြန်တွေးကြည့်တာပါ..ရှင်

ရေတမာ said...

၈၀ မန်းလေးကို ခံစားကြည့်လိုက်ဦးမယ်.. ကောင်းရင် အကိုကိုကျေးဇူးတင်မယ်.. မကောင်းရင် စာရေးသူကို အပြစ်တင်မယ် :P happy ending လေးဖြစ်ပါစေ

sonata-cantata said...

ဖတ်ပြီး လှည့်ပြန်မလို့...ခင်မင်စွာ မပြောသွားဘူး...ဖြစ်မစိုးလို့...ပြန်လှည့်လာတာ...
P. S ခုရက်ပိုင်း stress နည်းနည်းများနေတယ် ဆိုလို့
များများ များအောင်

စိတ်စမ်းရေ said...

ကျေးဇူးပဲကိုသီဟ ရှာပြီး ဖတ်ကြည့်လိုက်အုံးမယ်.......။

တလနွန် said...

ရှင်ဟာ ဥသြငှက်ကိုတောင် ခေါ်မလာဝံ့တဲ့ နွေဦးမျိုးပဲ

အပေါ်က စာသားလေးကို သဘောကျတယ်။ စာအုပ်လေးကို ဖတ်ကြည့်လိုက်ပါမည်။ ညွှန်းပေးတာ ကျေးဇူးပါ။

ခင်မင်ခြင်းနှင့်
တလနွန်

နွေးနေခြည် said...

ဖတ်ဦးမယ်... ကျေးဇူး

stress ကတော့ လက်ဖက်နဲ့ သုပ်စားချင်ရင်တောင် မရှိလောက်အောင် နည်းသွားပါတယ်။
အဲလိုပြောထားတာမှ သိပ်မကြာသေးဘူး။
ပြန်များလာပြီလား
ဟားဟားးးးးး

ပုံ
ဘ၀တူတဦး

မေဇင် said...

"မိန်းမသားဟာ ခင်ပွန်းဖြစ်သူရဲ့ အောင်မြင်ကြီးပွားမှုဟာ သူ့ကြောင့်လို့ ထင်စေချင်ပြီး၊ ယောက်ျားသားကတော့ သူရှာဖွေထားတဲ့ အောင်မြင်ကြီးပွားမှုဟာ သူ့အတွက် မဟုတ်ဘူးဆိုတာနဲ့ လုံလောက်တယ် ထင်နေတတ်သတဲ့" ..... အဲ့ဒီစာကြောင်းလေး သိပ်နားမလည်လို့နော်...း) အစအဆုံး အဲ့ဒီဝတ္တုလေး ကိုဖတ်ရရင်တော့ ကောင်းမယ်..း)

မေလေး said...

စာအုပ်လေး ဆက်ဌားပါနော်။ဖတ်ချင်လွန်းလို့ပါ။
“မိန်းမသားဆိုတာ မျက်ရည်ကျကောင်းတယ်၊ ဒါမိန်းမသားတွေရဲ့ ဗီဇက ပါလာတဲ့ ကိစ္စ… ဒါပေမယ့် ပျော့ညံ့တာ မဖြစ်စေရဘူး။ မျက်ရည်ကျခြင်းအားဖြင့် နောက်တစ်ခါ လုပ်ရမည့်အလုပ်အတွက် နောက်တစ်ခါ ရင်ဆိုင်ရမည့် အတွေ့အကြုံတစ်ခုအတွက် အားဖြစ်ဖို့လိုတယ်။ မေမေကတော့ မျက်ရည်နဲ့အားယူတယ်(စာမျက်နှာ ၁၄)”
အဲစာပိုဒ်လေး အရမ်းကြိုက်မိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်လဲတစ်ခုခုဆို မျက်ရည်ကအရင် ဒါပေမဲ့ နောက်ပြန်မလှည့်တတ်ဘူး။
ကောင်းလိုက်တဲ့စာသားလေး။
စာအုပ်လေးဌားနော်။ ယောက်ခမတော်မယ်။ဟိဟိ

MrDBA said...

နို့ ..ဟိုနေ့ကတွေ့တော့ အလန်းကြီးပါဗျ။ ဘယ်က စထရက်က ရောက်လာတာလဲ။

MrDBA said...

သေရည်သေရက်သောက်ချင်လို့ ခေါင်းစဉ်ရှာတာထင်တယ်။
~~~~~~~~~~~~~~~~~~~~~~
အရက်ကိုကြိုက်လို့ သောက်တဲ့သူ
စိတ်ပျော်တတ်လို့  သောက်တဲ့သူ
စိတ်ညစ်တဲ့ အမူးသမား..
ညနေစောင်းတော့ ပြောင်းလဲပြီ
စိတ်ဆန္ဒကတောင်းသည်
သောက်ပြစ်လိုက်မယ် အရက်များများ..

....

နေပါစေပြစ်တိုင်းပဲ
ကြွေပါစေအသည်းလေး
ငိုမယ်လေရှိုက်ပြီးဆွေး
သိုင်းကွက်နင်းပြီး လျှောက်လို့ သာသွား..

ကမ္ဘာမှာတစ်ယောက်တည်းပဲ
ကြင်နာသူခုန်ပြေးသွား..
ရင်ခွင်မှာနာကျည်းသော..
ဆွေးရိပ်များက ဖုံးလွှမ်းနေသလား..

....

မူးလာတိုင်းလည်းမလဲပါ
ရှေ့ မှာဆူးခင်းလမ်းကမာ
နင်းပစ်လိုက်မယ်ခပ်ကြမ်းကြမ်း
အရက်ခွက်ထဲကို အရက်ထည့်ကာ
ဖိတ်စင်ပြီးလဲမသွားပါ..
သောက်ပြစ်လိုက်မယ် အရက်များများ..
......

ခရောင်း said...

ကိုကြီးသစ်ရေ
စာအုပ်လေး ညွှန်းပေးတာ ကျေးဇူးတင်ပါတယ်
ဒီနေ့ပဲ ဖတ်လိုက်မယ်

Anonymous said...

အီးဘွတ်ခ် လင့်တော့ မပေးထားပါဘူးနော်.. ပင်နီဆူလာက ဝယ်တာလား...။

sdl

MrDBA said...

ပင်နီဆူလာက ဝယ်တာပါဆင်ဆင် မောင်ကြီးကို ဝယ်ခိုင်းလိုက်ပါ။ ယခုပင်မနှေးဖတ်လိုက်ပါ။

Anonymous said...

http://aungphyoe.blogspot.com/2009/02/blog-post.html

ဒီဝတ္ထုကို ဆက်စပ်ခံစားထားတာလေးပေါ့ဗျာ

Phyo Maw said...

ဒန် တန် တန့် တန်
ငိုတာတို့မကြိုက် သူငိုရင် စိတ်သိပ်သိပ်ညစ်
ဒန် တန် တန် တန့်
ဒါလည်း ငိုဆဲ ငိုမြဲ တို့လည်း စိတ်ညစ်ရဆဲ
သူတို့တွေ ဘယ်လိုဖြေသိမ့်ဖြေသိမ့်
စာတွေ ကဗျာတွေ အငိုကို ဘယ်လိုဖွဲ့ဖွဲ့
တို့ ကျား များမခံနိုင်ပါ...

မျက်မှန်လေး said...

ဟုတ်တယ် ကိုသီဟရေ..
အလုပ်တွေကသိပ်ပိတာဘဲ။

ကြည်ဖြူပိုင် said...

ဖတ်ဖူးဘူးတော့....ဒါပေမယ့်ယောက္ခမကြီးရေးပြတာတော့ အတော်ကောင်းတယ်။ကြိုက်သွားပြီ။ stress များရင်နှင်းဆီဖြူဆီဖုန်းဆက်။ သားသားကို ကိုင်ခိုင်းပြီး သားသားအသံလေးကို နားထောင်လိုက်။ပျောက်သွားလိမ့်မယ်

ရွှေပြည်သူ (ShwePyiThu) said...

“မျက်ရည်ကျခြင်းအားဖြင့် နောက်တစ်ခါ လုပ်ရမည့်အလုပ်အတွက် နောက်တစ်ခါ ရင်ဆိုင်ရမည့် အတွေ့အကြုံတစ်ခုအတွက် အားဖြစ်ဖို့လိုတယ်။”

အဲဒီစာကြောင်းလေး ကြိုက်လိုက်တာ ကိုသီဟသစ်ရေ။ အခုလို ထုတ်နှုတ်ဝေမျှတာ ကျေးဇူးတင်ပါတယ်။ ဆရာမ ခင်ခင်ထူးရဲ့ အဲဒီစာအုပ်ကို မဖတ်ဖူးသေးဘူး။ ဆရာမစာအုပ်တွေ ဖတ်မိသမျှ အားလုံး ကြိုက်တာချည်းပါပဲ။

JulyDream said...

Stress တွေများလွန်းနေရင် အော့ချက်မှာ သွားထိုင်ကြတာပေါ့ဗျာ။ အဟား...

သီဟသစ် said...

စာအုပ်က ပင်နီစူလာက ၀ယ်တာမဟုတ်ပါ

ကိုရွာသားလေး YTU ဆီက ငှားဖတ်ထားတာပါဗျ

ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

စာအုပ်လှမ်းမှာရရင်ကောင်းမယ်...
ပို့ပေးမယ် မဟုတ်လား...

းဝ)

စိုင်းစိုင်းလားရှိုး said...

သီဟ ဟိုနေ့က လက်ထဲမှာ စာအုပ်တစ်အုပ်နဲ့ လမ်းသလားနေတာ ဒီလို ပို့စ်ကောင်းလေးတစ်ခုကို အစပျိုးနေခဲ့တာကိုးး)

နွေးနွေးသဲမွန် said...

မိန်းမသားဆိုတာ မျက်ရည်ကျကောင်းတယ်၊ ဒါမိန်းမသားတွေရဲ့ ဗီဇက ပါလာတဲ့ ကိစ္စ… ဒါပေမယ့် ပျော့ညံ့တာ မဖြစ်စေရဘူး။ မျက်ရည်ကျခြင်းအားဖြင့် နောက်တစ်ခါ လုပ်ရမည့်အလုပ်အတွက် နောက်တစ်ခါ ရင်ဆိုင်ရမည့် အတွေ့အကြုံတစ်ခုအတွက် အားဖြစ်ဖို့လိုတယ်။ မေမေကတော့ မျက်ရည်နဲ့အားယူတယ်<-- သိပ်မှန်တဲ့စကားလုံးတွေ..ပျော့ညံ့ဖို့ ဆိုလူဖြစ်မလာတော့ဘူး...း-) ကြုံမှ ငှားဖတ်ဦးမယ် ကိုကြီးရေ...

ဇော် said...

ကျနော်လဲ ခင်ခင်ထူးကိုကြိုက်တယ်။
ကိုလူထွေးလိုပဲ စာအုပ်လှမ်းမှာရ ကောင်းမလားနော်။ =)

ဇော် said...

ကျနော်လဲ ခင်ခင်ထူးကိုကြိုက်တယ်။
ကိုလူထွေးလိုပဲ စာအုပ်လှမ်းမှာရ ကောင်းမလားနော်။ =)

ဇော် said...
This comment has been removed by the author.
Rita said...

သူ့အပြုံးက နှလုံးစွဲစိမ့်
ရင်တွင်းငြိမ့်ငဲ့ ဖိုသိမ့်ကြက်သီး
ချမ်းမပြီးဘူး…။
ယောင်တီးယောင်တ ရပ်ရမလို
နှုတ်ချိုခွန်းစ ဆက်ရမလို
သူ့ကိုသာမှတ်ပြုံးရုံတတ်သည်။

တိုက်ဆိုင်လိုက်တာ။ တကယ်ဆို ဒီကဗျာလဲ အရင်က မဖတ်ခဲ့ဖူးဘဲနဲ့။

မိုးခါး said...

မမကောင်းကင်ကြိုက်တာ ညီမလည်း ကြိုက်တယ် ..း)
အဆင်ပြေ ပျော်ရွှင်ပါစေဗျို့ :D