Sunday, September 6, 2009

L for Langkawi



"ငါသည် ငါ့အိမ်ထောင်ဖက်အပေါ် သစ္စာမပျက်၊ မဖောက်ပြန်ခဲ့သည်မှာ မှန်ကန်ခဲ့သည် ရှိသော် ဤလန်ကာဝီကျွန်းသည် ဆွေစဉ်မျိုးဆက် ၇ ဆက်တိုင် ငြိမ်းချမ်းကြွယ်ဝမှု ပျောက်ဆုံးပါစေသား"

(Photo Credits to http://www.gobalakrishnan.com/wp-content/uploads/2007/02/langkawi-mahsuri.jpg)
လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က မာစူရီ Mahsuri မင်းသမီးလေးရဲ့ ဆုတောင်းကျိန်စာလေးဟာ ဘာကြောင့်များ ပေါ်ထွက်လာခဲ့ပါလိမ့်။

လှပမှုတွေဟာ မနာလိုခံရခြင်း၊ သံသယဖြစ်ခံရခြင်း တို့ရဲ့ အကြောင်းအရင်းဖြစ်ခဲ့လေသလား မင်းသမီးလေးရေ။ ဆူလတန်ဘုရင်ရှား (၁၇၆၂-၁၈၀၀) လက်ထက်မှာ လူတစ်ယောက်ဟာ သူရဲ့ဘ၀ ရှေ့ရေးအတွက် လန်ကာဝီကို လာရောက် အခြေစိုက်ခဲ့ပါတယ်။ သူနဲ့သူ့ဇနီးတို့ကနေ မာစူရီ ဆိုတဲ့ လှပချောမောတဲ့ သမီးငယ်လေးကို မွေးဖွားခဲ့ပါတယ်။ အရွယ်ရောက်လာာနဲ့ အမျှ တစ်ကျွန်းလုံးမှာ အလှပဆုံးလို့ နာမည်ကျော်လာတဲ့ သူမကို လန်ကာဝီ အကြီးအကဲရဲ့ သားဖြစ်သူနဲ့ လက်ဆက်ပေးဖို့ ကမ်းလှမ်းခြင်းခံရပါတယ်။

ပျော်ရွှင်လှပတဲ့ ဘ၀လေး သူတို့တည်ဆောက်ခဲ့ကြပြီး သားငယ်လေး တစ်ယောက်ရခဲ့ပါတယ်။ တစ်နေ့မှာတော့ စစ်သူရဲကောင်းဖြစ်တဲ့ ခင်ပွန်းဖြစ်သူကို စစ်ချီဖို့အတွက် ဆင့်ခေါ်ခြင်းခံရပါတယ်။ ခင်ပွန်းသည် စစ်ထွက်နေတဲ့ အချိန်မှာ မာစူရီလေးဟာ နယ်လှည့်အနုပညာသမားလေးဖြစ်တဲ့ Deraman နဲ့ မိတ်ဆွေတွေ ဖြစ်သွားကြပါတယ်။

အဲဒီ အဖြစ်ဟာ သူမအတွက် အိပ်မက်ဆိုးတွေ သယ်ဆောင်လာခဲ့ပါတော့တယ်။ သူမရဲ့ လှပမှုတွေကို မနှစ်လိုဖြစ်တဲ့သူတွေ အတွက် လက်ညိုးထိုးစရာ တစ်ခုဖြစ်သွားပါတယ်။ အဓိကကတော့ သူမကို မနာလိုဖြစ်နေတဲ့ သူမရဲ့ယောက်ခမဖြစ်သူ Mahora ပေါ့။ မာစူရီနဲ့ အနုပညာသမားလေးတို့ဟာ ဖောက်ပြန်နေကြတယ်လို့ စွပ်စွဲခံရတဲ့ သတင်းဟာ သူ့ယောက်္ခထီးဖြစ်တဲ့ လန်ကာဝီအကြီးအကဲဆီ ရောက်သွားပါတော့တယ်။ သေချာစစ်ဆေးမေးမြန်ခြင်း မရှိဘဲ သူမကို သေဒဏ်ချမှတ်လိုက်ကြတယ်။

သူမကို လက်နက်အမျိုးမျိုးနဲ့ သေကြောင်းကြံခဲ့ပေမယ့် သတ်လို့မရခဲ့ပါ။ နောက်ဆုံးတော့ မာစူရီကိုယ်တိုင်က သူ့အိမ်မှာရှိတဲ့ လက်နက်တစ်မျိုးနဲ့သာ သူ့ကို အဆုံးစီရင်နိုင်ကြောင်းဖွင့်ပြောခဲ့တယ်။ ဖြူစင်ခြင်းရဲ့ သက်သေအဖြစ် ဒဏ်ရာတွေကနေ အနီရောင်သွေးတွေအစား အဖြူရောင်သွေးတွေ မြေခခဲ့ပါတယ်။ မသေခင် ပို့စ်ရဲ့အစမှာ ရေးသွားတဲ့ ကျိန်စာလေးကို သူမရွတ်သွားခဲ့တာပါ။

အဲဒီနောက်မှာတော့ လန်ကာဝီကျွန်းလေးဟာ စစ်မက်တွေ အကြိမ်ကြိမ်ကြုံ၊ ဖွံ့ဖြိုးမှုတွေ နှေးကွေး စသည်ဖြင့် ကြုံခဲ့ရပါတယ်။ မာစူရီရဲ့ ၇ ဆက်မြောက်ကျော်ပြီလို့ ယူဆရတဲ့ အချိန်၊ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက် လက်ထက်အရောက်မှာ ကျွန်းကလေးကို ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ မာစူရီရဲ့ မျိုးဆက်တွေက ဖူးခက်မှာရောက်နေကြတာမို့ သူတို့ကိုလည်း လန်ကာဝီကို ဖိတ်ခေါ်ပြီး ပညာသင်ဆုတွေပေး၊ နိုင်ငံသား ခံယူခွင့်ပေးဖို့ ကမ်းလှမ်းခြင်းများလည်း မလေးအစိုးရက ပြုလုပ်ပေးခဲ့ပါတယ်။
 
မာစူရီရဲ့ မျိုးဆက် ၇ ဆက်မြောက် Wan Aishah

ယနေ့လန်ကာဝီ
နောက်ပို့စ်တွေမှာတော့ လန်ကာဝီကို ဘယ်လိုသွားဖြစ်ခဲ့တယ်။ ဘယ်နေရာတွေ လည်ခဲ့ ဘာတွေစားခဲ့ ဘယ်လောက်ကုန်တယ် ဆိုတာလေးကို အသေးစိတ်ဆက်ရေးပါ့မယ်။ မာစူရီရဲ့ ပုံပြင်က version ၁၄ မျိုးထိ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲကနေ ပြတိုက်က ကြည့်ခဲ့ရတာ အချို့နဲ့ http://www.langkawi-beaches.com/langkawi-folk-tales.html, http://uk.holidaysguide.yahoo.com/p-travelguide-130587-langkawi_history-i, http://www.langkawi-info.com/info/legends.htm တို့ကို ဘာသာပြန်ပြီးရေးထားတာပါ။ စာရေးကောင်းတဲ့သူတွေ ရေးရင်ပုံပြင်လေး ပိုကောင်းလာမယ်ထင်ပါတယ်။


ခင်မင်စွာဖြင့်
သီဟသစ်

တခြားဖတ်စေချင်သော လန်ကာဝီ ခရီးစဉ် အကြောင်းများ
သိမ်းငှက်ကျွန်းသို့ တခေါက် - စိတ်စမ်းရေ
Trip To Langkawi - Thinzar

Bonus
၁)နောက်ဆုံးဆန္ဒ

သေစားသေစေဟု အမိန့်ချမှတ်ခြင်း ခံရသည့် အကျဉ်းသားသည် လျှပ်စစ်ကုလားထိုင်ပေါ် ထိုင်နေသည်။ လျှပ်စစ်ဓါတ်အား မလွှတ်မီ ထောင်မှူးကြီးကမေးသည်။

"ကိုင်း၊ မောင်မင်းရဲ့ နောက်ဆုံး ဆန္ဒရှိရင်ပြော"

"ကျွန်တော့်လက်ကို ကိုင်ထားပါလားဗျာ၊ ဒါဆို ကျွန်တော်နည်းနည်းစိတ်အေးရတာပေါ့"

 ၂)မဆိုင်ဘူး

ပြင်သစ်ပြည် မြို့ကလေး တစ်မြို့၏ စားသောက်ဆိုင်ထဲသို့ လူ ၃ ဦး ဝင်လာပြီး အစားအသောက်မှာသည်။ ထို့နောက် မိမိတို့ အိတ်ထဲမှ အရက်ပုလင်းများကို ထုတ်လိုက်သည်။ ဤတွင် ဘေးစားပွဲမှ လူတစ်ဦးက ..

“အရက်သောက်လို့ နှစ်စဉ် ပြင်သစ်လူမျိုးထောင်နဲ့ချီပြီး သေကြတယ်ဆိုတာ မိတ်ဆွေတို့ မသိကြဘူး ထင်တယ်”
“သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့က ဒတ်ခ်ျလူမျိုးတွေ”

၃)မကြိုးစားနဲ့

အမြန်ပြေးရထားအိပ်ခန်းတွဲ တစ်ခုတွင် အမျိုးသမီးတစ်ဦး ဝင်ထိုင်နေသည်။ ထိုစဉ်လူငယ်တစ်ဦး ၀င်လာပြီး အမျိုးသမီးအနားတွင် ထိုင်လိုက်သည်။ ထို့နောက်ပီကေကို ထုတ်ကာ ပါးစပ်တလှုပ်လှုပ်နှင့် စားလေတော့သည်။ ဤတွင် အမျိုးသမီးက လူငယ်ဘက်လှည့်ပြီး ..

“ကျွန်မနဲ့ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားလည်း အလကားပဲ၊ ကျွန်မက နားလုံးလုံးမကြားဘူးရှင့်” ဟုပြောလိုက်လေသည်။

38 comments:

yangonthar said...

အစ်ကိုရေ ကျိန်စာတွေကြောက်စရာကောင်းပါ့ လားဗျာ .... မာစူရီဆိုတဲ့ အမျိုးသမီးလေးက တော့ အင်မတန်သနားစရာကောင်းလှပါတယ်
ဗဟုသုတအတွက် ကျေးဇူး အစ်ကို
ခင်မင်လေးစားလျှက်
ရန်ကုန်သား
အေးမြသာယာပါစေ :)

Anonymous said...

ပုံပြင်လေး လာဖတ်သွားပါတယ် အကိုရေ
မာစူရီ ရဲ့ ဘ၀လေးကသနားစရာလေးနော်
ကျိန်စာ ကတော့
ကြောက်စရာကြီးနော်

ခင်တဲ့
ဝသန်မိုး

yangonthar said...

အောက်မှာအစ်ကို ထည့်ပေးထားတဲ့ ဟာသ လေးတွေကတော့ bonus ဆိုတဲ့အတိုင်း
စာဖတ်ပြီးတာနဲ့  ပေါ့ပေါ့ပါးပါး လန်းလန်း
ဆန်းဆန်း ရှိသွားစေပါ တယ်
ကျေးဇူးအစ်ကို :D

ATN said...

စိတ်ဝင်စားစရာ ကြေကွဲအဖြစ်အပျက်ပဲ...
ဆက်ရေးပါဦး အဲအကြောင်း...
ခုဟာက တ၀က်တပျက်ကြီး ဖြစ်နေတယ်...

စိတ်စမ်းရေ said...

စိတ်ဝင်စားစရာပါပဲ...။ဆက်ရေးဦးနော်.....။

မလိခ said...

ပုံပြင်လေးက ဖတ်လို့ကောင်းတယ်ကိုသီဟသစ်ရေ... စိတ်ဝင်စားသွားပြီ.. သူ့အကြောင်းတွေရှာဖတ်ကြည့်ဦးမယ်.. မျှတာ ကျေးဇူးပါ...

kaungkinpyar said...

ပျော်လာတယ် မို့လား၊ ရေး ရေး များများရေး နေ့တိုင်းရေး ဖတ်ဖို့ အဆင်သင့် စောင့်နေတယ်၊း)

jr.လွင်ဦး said...

လှပခြင်းဟာ မိန်းကလေးတွေရဲ့ လက်နက်ဖြစ်သလို ရန်လဲဖြစ်တယ်ပေါ့နော်.
စနစ်တကျရေးထားတဲ့ ပို့စ်လေးကနေ ဗဟုသုတတွေ လာယူသွားပါတယ် ကိုသီဟရေ။
း)

စူး said...

မှန်ကန်သောသစ္စာ ပါ..
ကျိန်စာတိုက်သလို ဖြစ်သွားခဲ့တာပေါ့နော်..။

moekhar said...

မာစူရီအကြောင်း စိတ်ဝင်စားဖို့ကောင်းတယ်နော် ..
ပျော်လာခဲ့တယ်ပေါ့ ..း))

ဆောင်းနှင်းရွက် said...

အခုလို ပြောပြတာ
ဗဟုသုတ ရစေတယ် ..။
ထပ်ရေးတာ
စောင့်နေမယ် ဗျို့..>>>

myo said...

ဆက်ရေးမဲ့ လန်ကာဝီ ခရီးစဉ်အကြောင်းလေး စောင့်ဖတ်နေပါမယ်..။

ရွက်လွင့်ခြင်း said...

နောက်ပိုစ့်ကို မျှော်နေမယ်
အသေးစိတ်ရေးပါနော်
တော်တော်ပျော်လာတယ်နဲ့ တူတယ်
း)

တောင်ပေါ်သား said...

မပြောပဲ သွားသိလားး) သိရင် လိုက်လည်တာပေါ့း)


လေးစားလျက်
တောင်ပေါ်သား

ပုလုကွေး said...

ဘရားသားကြီးရေ ...လန်ကာဝီ အကြောင်းလေးတွေ ဆက်ရေးပါအုံးဗျာ.. ဖတ်ချင်သဗျ. ဟိုလူကြီးက စာမရေးတော့ဘူး လို့ဆိုလို့ ဘရားသားရေးတာတွေကို စောင့်ဖတ်မယ်ဗျ။

ဆောင်းချမ်းမိုး said...

ဗဟုသုတလေးတွေ ဖတ်ရတာကောင်းတယ်
အဖိုးတန်တယ်။
နောက်ကျရင် ဟိုလူကြီးတွေလို ပြောင်းရှည်ရှည်နဲ့ ကင်မရာဆောင်ထား..
ဓါတ်ပုံလှလှလေးတွေရိုက်ခဲ့။

ချစ်သော
ဆောင်းချမ်းမိုး

မိုးမောင်(HappyCloud) said...

ဗဟုသုတရစရာပါပဲ။ bonus လေးလည်း သဘောကျသဗျ။ :D

လင်းဒီပ said...

ဖတ်လို့ကောင်းတယ်ဗျာ...ကိုသီဟသစ်တို့များ လေ့လာတတ်ပ..ရေးတတ်ပ..
ခရီးသွားမှတ်တမ်းလေးလည်း စောင့်နေပါတယ်..။
့မြန်မြန်ရေးနော်...။

(ကျွန်တော်လည်း G for Geyland ဆိုတဲ့ ပိုစ့်လေးရေးနေတာ ..။ ပြီးမှ လာဖတ်နော်..:P)

မျက်မှန်လေး said...

နားမလည်ဘူး
ဘာလို့များကျိန်စာတွေတိုက်ခဲ့လည်းဆိုတာ။
ဒါပေမယ့် လန်ကာဝီ တော့သွားလည်ချင်တယ်။
သူငယ်ချင်းတွေကို စွယ်ကြည့်လိုက်ဦးမယ်။
scuba diving လည်းလုပ်ချင်တယ်။
ဘယ်နေရာတွေလည်လို့ရလည်း???
လှလား အဲဒီမှာ

Waing said...

ဝိုင်းလည်း အဲ့ဒီလန်ကာဝီကျွန်းကို သွားချင်နေတာ..
အခုမှပဲ သူ့သမိုင်းအကြောင်း ဖတ်ရတော့တယ် ကျေးဇူးတင်ပါတယ် ကျွန်းလေးမှာ လည်ခဲ့ဖူးတဲ့ အမှတ်တရလေးတွေ မျှပေးဦးနော်။
ခင်လျက်
ဝိုင်း

ခရောင်း said...

ခေ

ခရောင်း said...

ကိုကြီးသစ်
နောက်ဆက်တွဲများမျော်နေသည်..............။
မြန်မြန်ရေးပါ..................။

littlebrook said...

ကျိန်စာက လန့်ဖို့ကောင်းလှချည်လား နာကျည်းမှုက ထိတ်လန့်စရာ.... အကိုပျောက်နေတာ အဲ့သွားနေတာကိုး ..

ကြည်ဖြူပိုင် said...

ကိုသီဟရေ..ဗဟုသုတလေးတွေယူသွားပါတယ်။
ပျော်စရာကြီးနော်

Anonymous said...

ကိုသီဟသစ်ရေးတာ..ဖတ်ကောင်းလိုက်တာ..
နောက်ဆက်ရန်..မျော်နေမယ်..
တစ်ခါတုန်းက..အဲဒီ.လန်ကာဝီအကြောင်းဝထ္ထူ
ဖတ်ဖူးတယ်.

နဒီမိုးညို.

ကျောပိုးအိတ် said...

ကျိန်စာတွေက တော်တော်ကြောက်စရာကောင်းတယ်နော်။

သနားစရာ ဇာတ်လမ်းလေးကို ဖတ်သွားတယ်ယောက်ခမရေ။

ဒါနဲ့ စကားမစပ် ကျောပိုးအိတ်ဘဲ မျက်စိလျှမ်းသွားလား မသိဘူး။ မာစူရီရဲ့ ယောကျာင်္းရော။

စိတ်မကောင်းစရာ ဇာတ်လမ်းလေးအပြီးမှာ အောက်က ရယ်စရာဟာသလေးကြောင့် စိတ်ထဲမှာ အရမ်းကို ပေါ့သွားတယ်။

purplemay said...

ကျိန်စာက တကယ်ဖြစ်သွားတယ်လား..
စိတ်ဝင်စားစရာပဲ..
ဆက်ရေးမှာတွေကို စောင့်ဖတ်နေပါတယ်..။
အသစ်လည်း တင်လိုက်ပါပြီ..:)

ဖိုးသင်္ကြန် said...

တို့နိုင်ငံကော ဘယ်လိုကျိန်စာမိနေပါလိမ့်...။
အတွေးများသွားပါတယ်

ဧရာဝတီသား said...

အစ်ကိုရေ ပုံပြင်လေး လာဖတ်သွားတယ်။ ဗဟုသုတရပါတယ် အစ်ကိုရေ။ အခုတော့ တော်တော် တိုးတက်ဖွံဖြိုးနေတဲ့ ပုံပဲနော်။ မာစူရီ ကတော့ သနားစရာပဲ ...။

ခင်မင်လျက်

(စကားမစပ်၊ လင်ခ့်ယူသွားခွင့်ပြုပါ ခင်ဗျာ)

နှင်းဟေမာ said...

အစ်ကိုသီဟရေ..........
အရမ်းစိတ်ဝင်စားစရာကောင်းတယ်
ဆက်ရေးပါဦး...............
ဘယ်လိုသွားရတယ်ဆိုတာလေးပါ ရေးပေးပါနော်
ခင်မင်လေးစားလျှက်
ညီမ နှင်း

မေလေး said...

ဦးသစ် ခေါ် ယောက်ခမ
ကျိန်စာလဲ ကျိန်စာပေါ့
လာဖတ်ပါတယ်။
ဆက်ရန်လဲ မျှော်နေတယ်။
ကိုရွာသားကပြောတယ်
ယောက်ခမအကြောင်း ရယ်စရာတွေ လူစုံရင်ပြောပြမယ်တဲ့
ဟိဟိ
ဘယ်မတုန်းးးးးးးးးးး
လောင်ဆက်

မဆုမွန် said...

ကျိန်စာတွေကတော့ ကြောက်စရာကြီးတွေပါလား တို့နိုင်ငံလဲ ဘာကျိန်စာများ မိခဲ့လေသလဲ မသိ

WWKM said...

ပုံပြင်လေးက သနားစရာနော်..
မင်းသမီးလေးကလည်း ချောလိုက်တာ.
ဗဟုသုတ ရတယ်လေ. အခုမှဖတ်ဖူးတာပဲ။
နောက်တခါလာရင် လန်ကာဝီသွားလည်ကြမယ်နော့်.
အစ်မက ညီမလေးရောင်ကို လန်ချာဝီသွားလည်မယ်
လို့ မှားပြီးပြောနေတာ..ရောင်က သွားဘူး ၊လန်ချာဝီဆို
တာ ကုလားကြီးတဲ့.. ဟဟား

ဒါနဲ့ လန်ကာဝီသွားပြီး ဘာတွေလုပ်တယ်ဆိုတာ ပို့စ်မ
တင်ခင် ကြိုပြောရရင်တော့ ... ကောင်မလေးတွေကို
ဒါ့ပုံသွားရိုက်တယ် မဟုတ်လား။။ တိုင်မယ်..တိုင်မယ်.

း))))))))))

ရွှေပြည်သူ (ShwePyiThu) said...

ကိုသီဟသစ်ရေ သိပ်စိတ်ဝင်စားစရာကောင်းတာပဲ။ ဆုတောင်းကျိန်စာလေး မြင်ကထဲက ခုံကိုရှေ့တိုးပြီးတော့ကို ဖတ်တာ...။ သူ့ကျိန်စာက တကယ်ကို စူးရှခဲ့သလိုပဲနော်။ သူ့ကို ဘာလက်နက်နဲ့ သတ်ခဲ့တာလည်း ဆိုတာလည်း သိချင်လိုက်တာ။ ရုပ်ပုံလေးနဲ့ တွဲဖတ်ရတော့ စိတ်ထဲမှာ စွဲကျန်ခဲ့တယ်...။ ဒီပို့စ်အတွက် တကယ်ကို ကျေးဇူး ကျေးဇူးး)

Angel Shaper said...

သနားစရာ မာစူရီလေးပါလားနော်။ မဖတ်ဖူး၊ မကြားဖူးတဲ့ သူ့ အကြောင်းလေးဖတ်ရလို့
စိတ်မကောင်းဘူး။ ကြောက်လဲ ကြောက်တယ် အဲလို ကျိန်စာတွေကို။
Bonus လေးလဲ အားပေးသွားတယ်။

tg.nwai said...

စိတ်ဝင်စားစရာ ပုံပြင်လေးပါလား.. သားလေးအတွက် ပုံပြောကောင်းတဲ့ ဖေဖေ ဖြစ်တော့မှာပဲ.. ဖတ်လို့ကောင်းပါတယ်.. ခုမှ ရောက်ဖြစ်လို့ ဆက်ဖတ်လိုက်ဦးမယ်နော်.. ပျော်ခဲ့တယ်ဟုတ်.. နောက် နှင်းဆီဖြူလေးတို့နဲ့ အတူတူ သွားဦးမယ်လို့ ကြိမ်းဝါးထားတယ်မဟုတ်လား..( အခုတောင် အတူတူပါသလားမသိပဲ ရမ်းတုတ်သွားတာ..:))

အိမ့်ချမ်းမြေ့ said...

ဖတ်ပြီး ကြက်သီးတဖျန်းဖျန်းထနေတယ်...

khin oo may said...

သီဟသစ်. လန်ကာဝီသွားတာ အစ်မ ဖတ်ပြီး အဲသာကို အညွန်းလုပ်သွားတယ် ကျေးဇူးပါ။