Monday, April 13, 2009

Picture Quiz

ဘလော့ လာလည်ကြသော ညီအစ်ကို မောင်နှမ များရော၊ မအား၍ လာမလည် နိုင်သော ညီအစ်ကို မောင်နှမ များရော နှစ်သစ်မှာ လူသစ် စိတ်သစ် အချစ်သစ် (အိုရှုပ်ပါတယ် အားလုံး အားလုံးအသစ်) နှင့် ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

နှစ်ဟောင်းက စိတ်ညစ်စရာ စိတ်လေစရာ ကိစ္စ အားလုံး သင်္ကြန်ရေ နဲ့ ဆေးကြော၍ တက်ကြွလန်းဆန်းသောစိတ်ကို အတာရေနှင့် အတူ ရရှိပါစေဗျာ..

Picture Quiz လေး စလိုက်ရအောင်၊ ဘာပုံလေးကို သီဟသစ်ဆွဲ ထားတယ်ဆိုတာ ကဗျာ သို့ စာလေးနဲ့ ဖြေပေးပါ။ အဖြေကို ဘလော့ တစ်နေရာတွင် ဖော်ပြထားပါမည်။



P.S:
၁) Cbox မှာ မြည်သံစွဲ လင်္ကာများနဲ့ ရေလောင်းသွားသော သူငယ်ချင်းများကို ကျေးဇူးတင်ပါသည်။ ဗွက်တောင် နည်းနည်းထသွား၏။

၂) ဒီမှာ အလုပ်လုပ်နေတဲ့သူ မြန်မာပြည်မှာ အခွန်ဆောင်လို့ ရတယ်ဆိုတာ ဟုတ်မဟုတ်

သူငယ်ချင်း တစ်ယောက်က ပြောသွား၏။ ဟိုမှာ အခွန်ဆောင်ရင် တစ်လ S$40 နဲ့ပဲ ဆောင်လို့ရတယ် လို့ဆိုပဲ။ တကယ်သာဆိုပါက ဒီမှာ ၁ နှစ်စာ ကို ဟိုမှာ ၃ နှစ်စာ ဆောင်လို့ရတာ ဆိုတော့ ပါးရိုက်ပြီး ဆောင်လို့ရ၏။ အဲဒီ သူငယ်ချင်းစကား ကလည်း "ငါ နဂါးကြီးတွေ့ ခဲ့တယ်ကွ" ဆိုပြီး သေချာမေးလိုက်ရင် နောက်ဆုံး "တီကောင်လောက်တော့ ရှိပါတယ်ကွ" ဆိုပြီး အဆုံးသတ်သွားလေ့ ရှိသောကြောင့် သိပ်တော့ မယုံရ။ သိနားလည်သူများ ဖတ်မိပါက ဟုတ်မဟုတ်ပြောသွားကြပါကုန်။
(မှတ်ချက်။ ။ ပါးရိုက်တယ် ဆိုတာ ဘယ်သူ့ပါးမှ မဟုတ်။ တန်တယ်ဟ တန်တယ်ဟ လို့ ဆိုပြီး ကိုယ့်ပါးကို ရိုက်ရန်သာ.. :P)

မူးမမူးတိုင်းတာနည်း (@Singapore)
ရွှေမြန်မာ တွေချည်း စုပြီး ဘီယာသောက်နေချိန် တစ်ယောက်ယောက်က English လို အဆက်မပြတ် ပြောလာပါက ထိုသူ မူးနေပြီ / ကောင်းနေပြီဟု သတ်မှတ်ပါလေ...။ မမူးပဲနဲ့ တစ်ခွန်းစ နှစ်ခွန်းစ မဟုတ်ဘဲ Nonstop ပြောနေပါက ...... ဟု သတ်မှတ်ပါလေ။

15 comments:

mgnge said...

လမိုက်ည သန်းခေါင်ချိန်မှာ ကို သီဟ တစ်ယောက်
ယူနီးဖောင်းအနက်ကြီး ၀တ်ပြီး ကျွဲစီးလာတာ


ဟုတ်ဟုတ်မဟုတ်ဟုတ်...။
ရေလောင်းတယ်ကွာ...........
ဗွမ်းဗွမ်းဗွမ်းဗွမ်း

yehtutnaung said...

အားမာန်တွေ သစ်လိုက်တာ..
ညကြီး သန်းခေါင်ချိန်တောင်..
အိုးမည်းတွေ တကိုယ်လုံးလိမ်းလို့ ..
သူမို့ လို့  စလုံး တစ္ဆေမကြောက်တယ်..
သင်္ကြန်ထွေထွေနဲ့  ယိမ်း။

yehtutnaung said...

ဟိုက်!! အဖြေတော့မှားပြန်ပြီ.. မထူးဘူး..။ ရေလောင်းပြီး အိုးမည်းထပ် သုတ်သွားတယ်....။
ဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်း
ဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်း

(p.s သင်္ကြန်ကျော် ဗွက်အလိုလိုခမ်းသွားမည်။ မစိုးရိမ်ပါနဲ့ ။ :P )

တီချမ်း said...

အိုးမည်းနဲ့ အသုတ်ခံထားရတဲ့ ဂျိုကာ
ဗွက်လူးနေပုံ
လမိုက်ည ဒန်ဒန့်ဒန့်

Anonymous said...

ဘာမှန်းတော့ မသိ မည်းမည်းကြီးတော့ တွေ့၏ ... ဖြစ်နိုင်သည်မှာ ယခု သင်္ကြန်တွင်းကာလဖြစ်သောကြာင့် အိုးမည်းကို ကိုယ်စားပြုဟန်တူ၏ ။။။။ မည်းနေသောကြောင့် အတင်းဖြဲကြည့်သော်လည်း မမြင် လမိုက်ညတွင် အဝှာအား ရိုက်ထားခြင်းလည်း ဖြစ်နိုင်၏ ။။။ :D ( ဆံပင်အား ဆိုလိုပါသည် )

Phyo Evergreen said...

မှောင်မှောင်မဲ ညတစ်ညမှာ ကုလားမကြီး ကျွဲစီးလာ... အဲဒီပုံလေးကို ဆွဲထားတာလေ..

အဖြေကလည်းပေးထားတာပေါ်တင်ကြီး

နွေးနေခြည် said...

အားလုံး အားလုံး အသစ်လို့တော့ မပြောပါနဲ့ ကောင်းတဲ့ အဟောင်းလေးတွေလည်း ချန်ထားပါရစေ...ဟီးဟီး

အဖြေကတော့ အပေါ်ကလူတွေလိုပါပဲ..

၁)နေခြည့်စီဘောက်မှာဆို ရေဗူဗေါင်းနဲ့ကြီးပဲ ဆော်နေတာ
၂)အခွန်ကိစ္စက အဲလိုမကြားဖူးဘူး။ ဟုတ်ရင်တော့ ကောင်းမယ်။ ဒါမျိုးတွေက ဖြစ်မလာတတ်တာများပါတယ် ...

99 မှာ ၀ိုင်းကောင်းနေတဲ့ မြန်မာတွေတွေ့ရင် ကိုသီဟသစ်လို့ လှမ်းခေါ်လိုက်မယ်... ဟဲဟဲ

မလိခ said...

သူငယ်ချင်း တစ်ယောက် ဖုန်းထဲမှာ singlish လိုချည်း talk တာကိုခံရဖူးတယ်။ ...... ဆိုတာ ဘာမှန်းမသိလို့ ဒီကောင်မူးနေတယ် လို့ပဲယူဆလိုက်ပြီ (အားနာပါးနာနဲ့)... :P

မလိခ တို့ မောင်လေးတစ်ယောက်ကို သူ့သူငယ်ချင်းတွေက လမိုက်ည သန်းခေါင်ယံမှာ နေကာမျက်မှန်လေးတပ် လောင်းကုပ်အနက်လေးဝတ်ပြီး ကျွဲစီးစေချင်ကြတယ်......မောင်လေးအသားက သပိတ်ရောင်နုနုလေးရယ်...အဟဲ ...သူတို့မောင်လေးကို ခေါ်တဲနာမည်က "ကီပလက်" ....ဟဲဟဲဟဲ.... ကိုသီဟသစ်လဲ နှစ်သစ်မှာ နာမည်အသစ် ရအောင် quiz လုပ်နေတယ် ထင်တယ် ဟဲဟဲဟဲ (စတာ)... :D

ZT said...

ရန်ကုန်မှာ အခွန်ဆောင်လို့ ရတယ် ဆိုတာ ကြားဖူးတယ်။ အချိန်နည်းနည်းတော့ ပေးရမယ် ပြောတယ်။

Rita said...

အိုးမဲသုတ်ခံထားရသော မြန်မာပြည်ညများ

myo said...

သိသားပဲ ကျောက်သင်ပုန်းကို ဘောင်ချွတ်ထားတဲ့ပုံ ဆွဲထားတာ....

မမူးပဲနဲ့ တစ်ခွန်းစ နှစ်ခွန်းစ မဟုတ်ဘဲ Nonstop ပြောနေပါက .ဘူးယို.....

ကလူသစ် said...

ဆောင်လို့ရပါတယ်။ ၄၀က အောက်ထစ်ပါ။ လူကြည့်ပြီး ထပ်တိုးချင်တိုးနိုင်ပါလိမ့်မယ်။ ထုံးစံအတိုင်း ညှိရမှာပေါ့။

tg.nwai said...

ငယ်ငယ်တုန်းက သင်္ကြန်မှာ အစ်မတွေကို လာပိုးတဲ့ထဲက လူတယောက်ကို ရိုက်လိုက်တဲ့ ကျောက်သင်ပုန်းပဲ ဖြစ်မှာပါ..။

ဒါမှမဟုတ်လည်း ကောင်မလေးရဲ့ အဖြေ..အဲ..မဟုတ်သေးဘူး.. ကိုးရီးယားကားထဲကလို ရည်းစားစကား စလာပြောတဲ့ ကောင်မလေးကို အားကလည်း နာတော့ ပုံလေးဆွဲပြီး နိမိတ်ပုံလေးနဲ့ ပေးလိုက်တဲ့ အဖြေ...။

ဘာမှ မဟုတ်လဲ သကြားမင်းမတက်သေးခင် ရေပက်လိုက်ဦးမယ်..အဲ.. အခုမှ အဖြေနောက်တခု သဲလွန်စ ရသွားပြန်ပြီ.. ကျွန်တော့်ကို အိုးမည်း သုတ်ပါ.. ဟုတ်တယ်ဟုတ်.. ကဲ..သုတ်လိုက်ပြီ..

ပျော်ရွှင်ပါစေ..နှစ်အသစ်မှာ အကုန်လုံးအသစ်ကလေးနဲ့..ဟဲဟဲ

Anonymous said...

ကို သီဟသစ်ရေ .. နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ ... လိုအင်ဆန္ဒတွေလည်း အရာအားလုံး ပြည့်စုံပါစေ .. အောင်မြင်မှုတွေလည်း ဆထက်တစ်ပိုး ရရှိပါစေ ဗျာ ။။

Dr Phyo Wai Kyaw said...

နာမည်နဲ့လိုက်အောင် သစ်စေသတည်း
..